TCL က Society for Information Display (SID) 2024 ပြပွဲမှာ ကမ္ဘာ့ ပထမဆုံး ၃ ခေါက်ချိုး Foldable ဖုန်းကို ပြသလိုက်ပါတယ်။ အဲဒီဖုန်းဟာ တကယ် အလုပ်လုပ်နိုင်တဲ့ ဖုန်း ဖြစ်ပါတယ်။ TCL က ၂၀၁၉ ခုနှစ်က အလားတူ ၃ ခေါက်ချိုး ဖုန်းကို ပြသခဲ့ပေမယ့် တကယ် အလုပ်မလုပ်ဘဲ နမူနာမော်ဒယ် အဆင့်ပဲ ရှိပါတယ်။

TCL just showcased a three-fold flexible folding display smartphone | TechNave

အခုဖုန်းမှာ “Free-type” tri-foldable Display ကို အသုံးပြုထားပြီး ဖြန့်လိုက်ရင် 7.85” Display ကို အသုံးပြုနိုင်ပါတယ်။ တက်ဘလက် ၁ လုံးနဲ့တောင် တူပါတယ်။ ဖြန့်ထားရင် တက်ဘလက် Aspect Ratio ကို ရစေပြီး “G” နဲ့ “Z” ပုံသဏ္ဍာန် ခေါက်ချိုးနိုင်ပါတယ်။

၃ ခေါက်ချိုးဖုန်းတွေရဲ့ ပြဿနာက ထူတာပါ။ TCL က အဲဒီ ပြဿနာကို ဖြေရှင်းထားပြီး အခုဖုန်းဟာ 427 Microns ပဲ ထူပါတယ်။

TCL unveils world's first functional tri-foldable phone at SID 2024 - Tech

TCL က Sensor Under Panel (SUP) ဒီဇိုင်းကို သုံးထားပြီး 3D Facial Recognition ကနေ ဖုန်းကို Unlock လုပ်တာနဲ့ မိုဘိုင်း ငွေပေးချေတာတွေ ပြုလုပ်နိုင်တယ်လို့ ပြောပါတယ်။

Display မှာ 1Hz နဲ့ 120Hz Refresh Rate အကြား ချိန်ညှိနိုင်တဲ့ LTPO နည်းပညာလို ခေတ်ပေါ် နည်းပညာတွေ ပါလာပြီး စွမ်းအင် စားသုံးမှုကို လျှော့ချပေးနိုင်ပါတယ်။ TCL က Display ကို ကြာရှည်အသုံးခံအောင် တည်ဆောက်ထားတယ်လို့ ပြောပါတယ်။

TCL က အဲဒီ ၃ ခေါက်ချိုးဖုန်းကို ရောင်းချမယ့် အချိန်ကို မပြောသေးပါဘူး။

Ref : gizmochina