[Zawgyi]

TCL လို႔ေျပာလိုက္ရင္ နည္းနည္းေတာ့ စိမ္းေနမယ္ထင္ပါတယ္။ ဒါေပမယ့္ BlackBerry ျဖစ္ျဖစ္၊ Alcatel ျဖစ္ျဖစ္ ေျပာလိုက္ရင္ေတာ့ အေတာ္မ်ားမ်ားက ခ်က္ခ်င္း သိၾကပါလိမ့္မယ္။ ဟုတ္ပါတယ္။ TCL က ဒီကုမၸဏီေတြရဲ႕ မိခင္ကုမၸဏီႀကီးပဲ ျဖစ္ပါတယ္။

၂၀၁၉ ခုႏွစ္ရဲ႕ အဓိကၿပိဳင္ပြဲႀကီးမွာ Foldable ဖုန္းအမ်ိဳးအစားကလည္း တစ္ခုအပါအဝင္ပါ။ MWC 2019 မွာ ကမာၻ႔အထင္ကရ နည္းပညာကုမၸဏီႀကီးေတြက Foldable ဖုန္းကို မိတ္ဆက္ႏိုင္ဖို႔ အၿပိဳင္အဆိုင္ ျပင္ဆင္ေနၾကတာပါ။ Foldable ၿပိဳင္ပြဲထဲကို TCL ကလည္း ဝင္ေရာက္လာၿပီလို႔ ဆိုရမွာပါ။

TCL ဟာ ေကြးေခါက္လို႔ရတဲ့ Foldable စမတ္ဖုန္းကို ဒီဇိုင္း ၅ မ်ိဳးနဲ႔ထုတ္လုပ္ဖို႔ ႀကိဳးစားထားတယ္လို႔ သိရပါတယ္။ မီဒီယာေတြမွာ ေဖာ္ျပေနတဲ့ ပုံေတြအရေတာ့ TCL ရဲ႕ Foldable ဖုန္းေတြဟာ ျဖန႔္လိုက္ခ်ိန္မွာ Tablet အ႐ြယ္ျဖစ္သြားႏိုင္တဲ့ ဒီဇိုင္း၊ ဟိုအရင္ေခတ္က ေခါက္ဖုန္းေတြလို ခါးလယ္ကေန ေခါက္ၿပီးခ်ိဳးခ်လိုက္ႏိုင္တဲ့ ဒီဇိုင္းမ်ိဳးေတြလည္း ပါဝင္တာကို ေတြ႕ရပါတယ္။

အခ်ိဳ႕ Foldable ေတြဟာ အတြင္းဘက္ကို ေခါက္သိမ္းတဲ့ ပုံစံျဖစ္ၿပီး အခ်ိဳ႕ကေတာ့ အျပင္ဘက္ကို ေခါက္သိမ္းတဲ့ ပုံစံျဖစ္ပါတယ္။ မ်က္ႏွာျပင္က ႏွစ္ဖက္စလုံးမွာ ပါဝင္ျခင္း ရွိ၊မရွိေတာ့ ရွင္းရွင္းလင္းလင္း မသိရေသးပါဘူး။ ဒီဇိုင္း၅ မ်ိဳးထဲမွာ တစ္မ်ိဳးကေတာ့ ေကြးေခါက္လို႔ရတဲ့အျပင္ လက္မွာပါ ပတ္လို႔ရတာေၾကာင့္ Smartwatch အသြင္လည္း အသုံးျပဳႏိုင္မယ္လို႔ သိရပါတယ္။

TCL အေနနဲ႔ သူတို႔ရဲ႕ Foldable ဖုန္းေတြနဲ႔ပတ္သက္တဲ့အေၾကာင္းအရာ အခ်ိဳ႕ကိုေတာ့ မၾကာခင္က်င္းပမယ့္ MWC 2019 မွာ ထုတ္ေဖာ္ေၾကညာသြားဖြယ္ရွိပါတယ္။ ဒီအခါက်မွပဲ TCL ရဲ႕ Foldable ဖုန္းေတြအေၾကာင္း ပိုၿပီးမ်ားျပားတဲ့ သတင္းအခ်က္အလက္ေတြကို သိရွိရမယ္လို႔ ယူဆရပါတယ္။

Ref: The Verge

[Unicode]

TCL က မိတ်ဆက်လာဦးမယ့် Smartwatch တစ်လုံးလို လက်မှာပါပတ်လို့ရမယ့် Foldable Phone

TCL လို့ပြောလိုက်ရင် နည်းနည်းတော့ စိမ်းနေမယ်ထင်ပါတယ်။ ဒါပေမယ့် BlackBerry ဖြစ်ဖြစ်၊ Alcatel ဖြစ်ဖြစ် ပြောလိုက်ရင်တော့ အတော်များများက ချက်ချင်း သိကြပါလိမ့်မယ်။ ဟုတ်ပါတယ်။ TCL က ဒီကုမ္ပဏီတွေရဲ့ မိခင်ကုမ္ပဏီကြီးပဲ ဖြစ်ပါတယ်။

၂၀၁၉ ခုနှစ်ရဲ့ အဓိကပြိုင်ပွဲကြီးမှာ Foldable ဖုန်းအမျိုးအစားကလည်း တစ်ခုအပါအဝင်ပါ။ MWC 2019 မှာ ကမ္ဘာ့အထင်ကရ နည်းပညာကုမ္ပဏီကြီးတွေက Foldable ဖုန်းကို မိတ်ဆက်နိုင်ဖို့ အပြိုင်အဆိုင် ပြင်ဆင်နေကြတာပါ။ Foldable ပြိုင်ပွဲထဲကို TCL ကလည်း ဝင်ရောက်လာပြီလို့ ဆိုရမှာပါ။

TCL ဟာ ကွေးခေါက်လို့ရတဲ့ Foldable စမတ်ဖုန်းကို ဒီဇိုင်း ၅ မျိုးနဲ့ထုတ်လုပ်ဖို့ ကြိုးစားထားတယ်လို့ သိရပါတယ်။ မီဒီယာတွေမှာ ဖော်ပြနေတဲ့ ပုံတွေအရတော့ TCL ရဲ့ Foldable ဖုန်းတွေဟာ ဖြန့်လိုက်ချိန်မှာ Tablet အရွယ်ဖြစ်သွားနိုင်တဲ့ ဒီဇိုင်း၊ ဟိုအရင်ခေတ်က ခေါက်ဖုန်းတွေလို ခါးလယ်ကနေ ခေါက်ပြီးချိုးချလိုက်နိုင်တဲ့ ဒီဇိုင်းမျိုးတွေလည်း ပါဝင်တာကို တွေ့ရပါတယ်။

အချို့ Foldable တွေဟာ အတွင်းဘက်ကို ခေါက်သိမ်းတဲ့ ပုံစံဖြစ်ပြီး အချို့ကတော့ အပြင်ဘက်ကို ခေါက်သိမ်းတဲ့ ပုံစံဖြစ်ပါတယ်။ မျက်နှာပြင်က နှစ်ဖက်စလုံးမှာ ပါဝင်ခြင်း ရှိ၊မရှိတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ ဒီဇိုင်း၅ မျိုးထဲမှာ တစ်မျိုးကတော့ ကွေးခေါက်လို့ရတဲ့အပြင် လက်မှာပါ ပတ်လို့ရတာကြောင့် Smartwatch အသွင်လည်း အသုံးပြုနိုင်မယ်လို့ သိရပါတယ်။

TCL အနေနဲ့ သူတို့ရဲ့ Foldable ဖုန်းတွေနဲ့ပတ်သက်တဲ့အကြောင်းအရာ အချို့ကိုတော့ မကြာခင်ကျင်းပမယ့် MWC 2019 မှာ ထုတ်ဖော်ကြေညာသွားဖွယ်ရှိပါတယ်။ ဒီအခါကျမှပဲ TCL ရဲ့ Foldable ဖုန်းတွေအကြောင်း ပိုပြီးများပြားတဲ့ သတင်းအချက်အလက်တွေကို သိရှိရမယ်လို့ ယူဆရပါတယ်။
Ref: The Verge