ဆော်ဒီနိုင်ငံမှ COVID-19 တိုက်ဖျက်ရေးရန်ပုံငွေပွဲအဖြစ် ကျင်းပနေတဲ့ Gamers Without Border အစီအစဉ်ရဲ့ Dota 2 ပြိုင်ပွဲကိုတော့ ဥရောပအခြေစိုက်အသင်းတစ်သင်းဖြစ်တဲ့ Team Secret က အနိုင်ရခဲ့ပါတယ်။

Team Secret ဟာ ပထမဆုအဖြစ် အမေရိကန်ဒေါ်လာ ၇၅၀,၀၀၀ ကို ကြိုက်နှစ်သက်ရာ COVID-19 တိုက်ဖျက်ရေးအဖွဲ့များအား လှူဒါန်းခွင့်ရရှိခဲ့ပြီး သူတို့က GAVI, Vaccine Alliance နဲ့ နိုင်ငံတကာကြက်ခြေနီနှင့် လခြမ်းနီ အဖွဲ့အစည်းတို့ကို တစ်ဝက်ဆီ ခွဲဝေလှူဒါန်းခဲ့ပါတယ်။

Team Secret ဟာ လက်ရှိမှာ အကောင်းဆုံး Dota 2 အသင်းတစ်သင်းဖြစ်ပြီး GWB ပွဲကို မဆော့ခင် ရက်ပိုင်းအလိုမှာ WePlay! Pushka League အွန်လိုင်းပြိုင်ပွဲအား ဆော့ကစားခဲ့ရာမှာလည်း နောက်ဆုံးဖိုင်နယ်ပွဲမှာ ပြိုင်ဘက် Virtus.Pro ကို သုံးပွဲပြတ်အနိုင်ရရှိခဲ့ပါတယ်။ အခု GWB ဖိုင်နယ်မှာလည်း Na’Vi အသင်းကို သုံးပွဲပြတ်နဲ့ပဲ အနိုင်ရခဲ့တာပါ။

GWB အစီအစဉ်ဟာ ဆုကြေးငွေစုစုပေါင်း အမေရိကန်ဒေါ်လာဆယ်သန်းထိ ပေးအပ်သွားမှာဖြစ်ပြီး လူကြိုက်များ Esports ဂိမ်းများစွာ ပါဝင်ယှဉ်ပြိုင်လျက်ရှိပါတယ်။ အနိုင်ရသူတွေက သူတို့အနိုင်ရတဲ့ ဆုကြေးကို COVID-19 တိုက်ဖျက်ရေးမှာ ပါဝင်နေတဲ့ အဖွဲ့အစည်းတွေထဲက နှစ်သက်ရာကို လွှဲပြောင်းလှူဒါန်းနိုင်မှာပါ။

Ref – OneEsports