[Zawgyi]

ပထမအဆင့္ TOT ဆရာျဖစ္သင္တန္း ေလ့လာသင္ယူခဲ့ၿပီးျဖစ္သည့္ Tech Age Girls သင္တန္းဆင္းမ်ားသည္ နည္းပညာဆိုင္ရာ အဆင့္ျမင့္ ကြၽမ္းက်င္မႈပညာရပ္မ်ားကို ဒုတိယအဆင့္ TOT ဆရာျဖစ္သင္တန္းတြင္ တက္ေရာက္သင္ၾကားသည္။

အူရီဒူးျမန္မာသည္ Tech Age Girls အစီအစဥ္တြင္ ေလ့လာသင္ယူခဲ့ၿပီးျဖစ္သည့္ အမ်ိဳးသမီးေလးမ်ားအတြက္ ရည္႐ြယ္၍ ဒုတိယအဆင့္ (Training of Trainers) ဆရာျဖစ္သင္တန္းကို ရန္ကုန္ၿမိဳ႕၊ လမ္းမေတာ္ၿမိဳ႕နယ္၊ Myanmar Book Centre ၌ ၂၀၁၉ခုႏွစ္၊ ဇူလိုင္လ၊ ၂၉ရက္ေန႔တြင္ စတင္ဖြင့္လွစ္ခဲ့ေၾကာင္းကို ထုတ္ျပန္ေၾကညာလိုက္ပါသည္။

 

အဆိုပါ (Training of Trainers) ဆရာျဖစ္သင္တန္းသည္ အမ်ိဳးသမီးမ်ား၏ ဒီဂ်စ္တယ္ဆိုင္ရာကြၽမ္းက်င္မႈမ်ား ႏွင့္ ေခါင္းေဆာင္မႈစြမ္းရည္မ်ားကို ဖြံ႕ၿဖိဳးတိုးတက္လာေစရန္ ရည္႐ြယ္ပါသည္။ သင္တန္း၏ အဓိကရည္႐ြယ္ခ်က္မွာ Tech Age Girls အစီအစဥ္မွ အမ်ိဳးသမီးငယ္မ်ားသည္ ၎တို႔ေလ့လာသင္ယူခဲ့သည့္ ဗဟုသုတပညာရပ္မ်ားကို သူမတို႔ေနထိုင္ရာ လူမႈဝန္းက်င္တြင္ ျပန္လည္ေဝမွ်ေပးႏိုင္ရန္ ျဖစ္သည္။ ပထမအဆင့္ (Training of Trainers) ဆရာျဖစ္သင္တန္းကို ၂၀၁၉ ခုႏွစ္၊ မတ္လတြင္ စတင္ခဲ့ၿပီး ျမန္မာႏိုင္ငံတစ္ဝန္းရွိ စာၾကည့္တိုက္ ၂၁ခုတို႔တြင္ နည္းျပဆရာဦးေရ (၄၃)ဦး ႏွင့္ အမ်ိဳးသမီးငယ္ဦးေရ (၁၁၅)ဦး တို႔အား သင္ၾကားပို႔ခ်ခဲ့ၿပီး ျဖစ္ပါသည္။ ထို႔အျပင္ အဆိုပါ ပထမအဆင့္ ဆရာျဖစ္သင္တန္းတြင္ တက္ေရာက္ခဲ့သူမ်ားသည္ အေျခခံေခါင္းေဆာင္မႈ ကြၽမ္းက်င္ပညာရပ္မ်ား၊ ဆက္သြယ္ေရးႏွင့္ သတင္းအခ်က္အလက္နည္းပညာႏွင့္ တင္ျပေဆြးေႏြးမႈပညာ အပါအဝင္ လူမႈဆက္ဆံေရး ပညာရပ္မ်ားကို သင္ယူေလ့လာခဲ့ၾကၿပီး ျဖစ္ပါသည္။

ဒုတိယအဆင့္ (Training of Trainers) ဆရာျဖစ္သင္တန္းတြင္ စာၾကည့္တိုက္မႉးမ်ား၊ စာၾကည့္တိုက္ ဝန္ထမ္းမ်ား ႏွင့္ ပထမအဆင့္ (Training of Trainers) ဆရာျဖစ္သင္တန္း တက္ေရာက္ၿပီးျဖစ္သည့္ Tech Age Girls အစီအစဥ္တြင္ ပါဝင္ခဲ့သူမ်ား တက္ေရာက္ႏိုင္မည္ ျဖစ္ပါသည္။ အဆိုပါသင္တန္းတြင္ သင္ယူႏိုင္မည့္ ဘာသာရပ္မ်ားမွာ ဂရပ္ဖစ္ဒီဇိုင္းပညာ၊ အေရးအသား ႏွင့္ ဗီဒီယိုတည္းျဖတ္ျခင္းပညာ၊ လူမႈကြန္ယက္မီဒီယာ အသုံးျပဳပုံမ်ား၊ လူမႈဝန္းက်င္ စီမံကိန္းဆိုင္ရာ စီစဥ္ေဆာင္႐ြက္မႈႏွင့္ လိုအပ္ခ်က္မ်ားကို ရွာေဖြေဖာ္ထုတ္ကာ စီစဥ္ေဆာင္႐ြက္ျခင္းဆိုင္ရာပညာရပ္မ်ားအျပင္ ေခါင္းေဆာင္မႈပညာ၊ တီထြင္ဆန္းသစ္မႈ ႏွင့္ စီမံခန႔္ခြဲမႈပညာမ်ားစသည့္ ပညာရပ္မ်ား ျဖစ္ပါသည္။ အဆိုပါ ဒုတိယအဆင့္ (Training of Trainers) ဆရာျဖစ္သင္တန္း သင္ၾကားပို႔ခ်ျခင္း ၿပီးဆုံးပါက ၂၀၁၉ခုႏွစ္ ႏွစ္ကုန္ပိုင္းတြင္ Tech Age Girls အစီအစဥ္၏ ေတြ႕ဆုံပြဲအခမ္းအနားကို စီစဥ္က်င္းပသြားမည္ ျဖစ္ပါသည္။

အူရီဒူးျမန္မာ ၏ Head of Corporate Communications ျဖစ္သူ ဦးတင့္ႏိုင္ထြဋ္ က “Tech Age Girls အစီအစဥ္ရဲ႕ ပန္းတိုင္ကေတာ့ အမ်ိဳးသမီးငယ္ေတြကို အခုလို ဒီဂ်စ္တယ္နည္းပညာနဲ႔ ေခါင္းေဆာင္မႈပညာရပ္ေတြကို သင္ယူႏိုင္မယ့္ အခြင့္အလမ္းေတြကို ပံ့ပိုးေပးျခင္းကေနတဆင့္ သူတို႔ရဲ႕ပတ္ဝန္းက်င္ လူမႈအသိုင္းအဝန္းအတြက္ ေကာင္းမြန္တဲ့ အက်ိဳးရလဒ္ေတြ ျဖစ္ေပၚလာေစဖို႔ပဲ ျဖစ္ပါတယ္။ ဒီကြၽမ္းက်င္မႈေတြဟာ သူတို႔အတြက္ အလုပ္အကိုင္ေတြ ရရွိႏိုင္ေအာင္ ျမႇင့္တင္ေပးၿပီး သူတို႔အနာဂတ္အတြက္ ပိုမိုေကာင္းမြန္တဲ့ ဘဝကို ရရွိႏိုင္ေစမယ့္ အေထာက္အပံ့ေတြ ျဖစ္ပါတယ္။ ဒါေၾကာင့္လည္း အူရီဒူး က ၂၀၁၉ခုႏွစ္ တစ္ႏွစ္လုံးအတြက္ ဒီအစီအစဥ္ကို ဂုဏ္ယူစြာနဲ႔ အျပည့္အဝ ပံ့ပိုးေပးလ်က္ရွိပါတယ္။ ဒီပညာရပ္ေတြကို သင္ၾကားၿပီးတဲ့ အမ်ိဳးသမီးေလးေတြဟာ သူတို႔ရဲ႕ လူမႈဝန္းက်င္မွာ ေကာင္းမြန္တဲ့ေျပာင္းလဲမႈေတြ လုပ္ေဆာင္ႏိုင္ၿပီး သူတို႔နဲ႔အတူ လူငယ္ေတြအပါအဝင္ လူမႈဝန္းက်င္တစ္ခုလုံးကို ျမန္မာႏိုင္ငံရဲ႕ ပိုမိုေတာက္ပတဲ့ ဒီဂ်စ္တယ္ အနာဂတ္ဆီကို ေခၚေဆာင္သြားမယ့္ ဦးေဆာင္သူေတြျဖစ္လာမွာ ျဖစ္ပါတယ္။” ဟု ေျပာၾကားခဲ့ပါသည္။

Myanmar Book Aid and Preservation Foundation (MBAPF) မွ စီစဥ္ေဆာင္႐ြက္သည့္ Tech Age Girls (TAG) အစီအစဥ္၏ အဓိကကူညီပံ့ပိုးေပးထားသည့္ အူရီဒူးျမန္မာသည္ သင္တန္းအစီအစဥ္ ရန္ပုံေငြအပါအဝင္ လက္ပ္ေတာ့ႏွင့္ အူရီဒူး၏ အျမန္ဆန္ဆုံး 4G+ ကြန္ရက္ အစရွိသည့္ သင္ေထာက္ကူပစၥည္းမ်ားကို ေထာက္ပံ့ေပးလ်က္ ရွိပါသည္။ Tech Age Girls အစီအစဥ္သည္ အသက္ ၁၆ မွ ၂၀ ႏွစ္ ၾကား အမ်ိဳးသမီးငယ္မ်ား၏ နည္းပညာႏွင့္ ဦးေဆာင္မႈဆိုင္ရာ အရည္အေသြးမ်ားကို က်ား/မ တန္းတူအခြင့္အေရးျမႇင့္တင္ျခင္း ႏွင့္ ေက်းလက္ေဒသ စသည္တို႔တြင္ ဒီဂ်စ္တယ္နည္းပညာဆိုင္ရာ ကြာဟမႈမ်ားကို ေလ်ာ့ခ်ေပးႏိုင္ရန္ ရည္႐ြယ္ပါသည္။ အူရီဒူးသည္ အလားအလာရွိေသာ ဒီဂ်စ္တယ္နည္းပညာမ်ားကို လမ္းဖြင့္ေပးၿပီး ျမန္မာအမ်ိဳးသမီးမ်ား စြမ္းေဆာင္ရည္ႏွင့္ ဦးေဆာင္ႏိုင္စြမ္းျမင့္မားလာေစရန္ ပံ့ပိုးကူညီေပးျခင္းျဖင့္ ကုလသမဂၢ၏ စဥ္ဆက္မျပတ္ ဖြံ႕ၿဖိဳးေရးပန္းတိုင္မ်ား (United Nations Sustainable Development Goals -SDGs) ႏွင့္အညီ အေကာင္အထည္ေဖာ္ ေဆာင္႐ြက္လ်က္ရွိပါသည္။

[Unicode]

အူရီဒူးမြန်မာသည် Tech Age Girls အစီအစဉ်၏ ဒုတိယအဆင့် ToT ဆရာဖြစ်သင်တန်းကို ပံ့ပိုးပေးကာ အမျိုးသမီးများ၏ အရည်အချင်းမြှင့်တင်ရေးအတွက် အားဖြည့်ကူညီ

ပထမအဆင့် TOT ဆရာဖြစ်သင်တန်း လေ့လာသင်ယူခဲ့ပြီးဖြစ်သည့် Tech Age Girls သင်တန်းဆင်းများသည် နည်းပညာဆိုင်ရာ အဆင့်မြင့် ကျွမ်းကျင်မှုပညာရပ်များကို ဒုတိယအဆင့် TOT ဆရာဖြစ်သင်တန်းတွင် တက်ရောက်သင်ကြားသည်။

အူရီဒူးမြန်မာသည် Tech Age Girls အစီအစဉ်တွင် လေ့လာသင်ယူခဲ့ပြီးဖြစ်သည့် အမျိုးသမီးလေးများအတွက် ရည်ရွယ်၍ ဒုတိယအဆင့် (Training of Trainers) ဆရာဖြစ်သင်တန်းကို ရန်ကုန်မြို့၊ လမ်းမတော်မြို့နယ်၊ Myanmar Book Centre ၌ ၂၀၁၉ခုနှစ်၊ ဇူလိုင်လ၊ ၂၉ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ကြောင်းကို ထုတ်ပြန်ကြေညာလိုက်ပါသည်။

အဆိုပါ (Training of Trainers) ဆရာဖြစ်သင်တန်းသည် အမျိုးသမီးများ၏ ဒီဂျစ်တယ်ဆိုင်ရာကျွမ်းကျင်မှုများ နှင့် ခေါင်းဆောင်မှုစွမ်းရည်များကို ဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်ပါသည်။ သင်တန်း၏ အဓိကရည်ရွယ်ချက်မှာ Tech Age Girls အစီအစဉ်မှ အမျိုးသမီးငယ်များသည် ၎င်းတို့လေ့လာသင်ယူခဲ့သည့် ဗဟုသုတပညာရပ်များကို သူမတို့နေထိုင်ရာ လူမှုဝန်းကျင်တွင် ပြန်လည်ဝေမျှပေးနိုင်ရန် ဖြစ်သည်။ ပထမအဆင့် (Training of Trainers) ဆရာဖြစ်သင်တန်းကို ၂၀၁၉ ခုနှစ်၊ မတ်လတွင် စတင်ခဲ့ပြီး မြန်မာနိုင်ငံတစ်ဝန်းရှိ စာကြည့်တိုက် ၂၁ခုတို့တွင် နည်းပြဆရာဦးရေ (၄၃)ဦး နှင့် အမျိုးသမီးငယ်ဦးရေ (၁၁၅)ဦး တို့အား သင်ကြားပို့ချခဲ့ပြီး ဖြစ်ပါသည်။ ထို့အပြင် အဆိုပါ ပထမအဆင့် ဆရာဖြစ်သင်တန်းတွင် တက်ရောက်ခဲ့သူများသည် အခြေခံခေါင်းဆောင်မှု ကျွမ်းကျင်ပညာရပ်များ၊ ဆက်သွယ်ရေးနှင့် သတင်းအချက်အလက်နည်းပညာနှင့် တင်ပြဆွေးနွေးမှုပညာ အပါအဝင် လူမှုဆက်ဆံရေး ပညာရပ်များကို သင်ယူလေ့လာခဲ့ကြပြီး ဖြစ်ပါသည်။

ဒုတိယအဆင့် (Training of Trainers) ဆရာဖြစ်သင်တန်းတွင် စာကြည့်တိုက်မှူးများ၊ စာကြည့်တိုက် ဝန်ထမ်းများ နှင့် ပထမအဆင့် (Training of Trainers) ဆရာဖြစ်သင်တန်း တက်ရောက်ပြီးဖြစ်သည့် Tech Age Girls အစီအစဉ်တွင် ပါဝင်ခဲ့သူများ တက်ရောက်နိုင်မည် ဖြစ်ပါသည်။ အဆိုပါသင်တန်းတွင် သင်ယူနိုင်မည့် ဘာသာရပ်များမှာ ဂရပ်ဖစ်ဒီဇိုင်းပညာ၊ အရေးအသား နှင့် ဗီဒီယိုတည်းဖြတ်ခြင်းပညာ၊ လူမှုကွန်ယက်မီဒီယာ အသုံးပြုပုံများ၊ လူမှုဝန်းကျင် စီမံကိန်းဆိုင်ရာ စီစဉ်ဆောင်ရွက်မှုနှင့် လိုအပ်ချက်များကို ရှာဖွေဖော်ထုတ်ကာ စီစဉ်ဆောင်ရွက်ခြင်းဆိုင်ရာပညာရပ်များအပြင် ခေါင်းဆောင်မှုပညာ၊ တီထွင်ဆန်းသစ်မှု နှင့် စီမံခန့်ခွဲမှုပညာများစသည့် ပညာရပ်များ ဖြစ်ပါသည်။ အဆိုပါ ဒုတိယအဆင့် (Training of Trainers) ဆရာဖြစ်သင်တန်း သင်ကြားပို့ချခြင်း ပြီးဆုံးပါက ၂၀၁၉ခုနှစ် နှစ်ကုန်ပိုင်းတွင် Tech Age Girls အစီအစဉ်၏ တွေ့ဆုံပွဲအခမ်းအနားကို စီစဉ်ကျင်းပသွားမည် ဖြစ်ပါသည်။

အူရီဒူးမြန်မာ ၏ Head of Corporate Communications ဖြစ်သူ ဦးတင့်နိုင်ထွဋ် က “Tech Age Girls အစီအစဉ်ရဲ့ ပန်းတိုင်ကတော့ အမျိုးသမီးငယ်တွေကို အခုလို ဒီဂျစ်တယ်နည်းပညာနဲ့ ခေါင်းဆောင်မှုပညာရပ်တွေကို သင်ယူနိုင်မယ့် အခွင့်အလမ်းတွေကို ပံ့ပိုးပေးခြင်းကနေတဆင့် သူတို့ရဲ့ပတ်ဝန်းကျင် လူမှုအသိုင်းအဝန်းအတွက် ကောင်းမွန်တဲ့ အကျိုးရလဒ်တွေ ဖြစ်ပေါ်လာစေဖို့ပဲ ဖြစ်ပါတယ်။ ဒီကျွမ်းကျင်မှုတွေဟာ သူတို့အတွက် အလုပ်အကိုင်တွေ ရရှိနိုင်အောင် မြှင့်တင်ပေးပြီး သူတို့အနာဂတ်အတွက် ပိုမိုကောင်းမွန်တဲ့ ဘဝကို ရရှိနိုင်စေမယ့် အထောက်အပံ့တွေ ဖြစ်ပါတယ်။ ဒါကြောင့်လည်း အူရီဒူး က ၂၀၁၉ခုနှစ် တစ်နှစ်လုံးအတွက် ဒီအစီအစဉ်ကို ဂုဏ်ယူစွာနဲ့ အပြည့်အဝ ပံ့ပိုးပေးလျက်ရှိပါတယ်။ ဒီပညာရပ်တွေကို သင်ကြားပြီးတဲ့ အမျိုးသမီးလေးတွေဟာ သူတို့ရဲ့ လူမှုဝန်းကျင်မှာ ကောင်းမွန်တဲ့ပြောင်းလဲမှုတွေ လုပ်ဆောင်နိုင်ပြီး သူတို့နဲ့အတူ လူငယ်တွေအပါအဝင် လူမှုဝန်းကျင်တစ်ခုလုံးကို မြန်မာနိုင်ငံရဲ့ ပိုမိုတောက်ပတဲ့ ဒီဂျစ်တယ် အနာဂတ်ဆီကို ခေါ်ဆောင်သွားမယ့် ဦးဆောင်သူတွေဖြစ်လာမှာ ဖြစ်ပါတယ်။” ဟု ပြောကြားခဲ့ပါသည်။

Myanmar Book Aid and Preservation Foundation (MBAPF) မှ စီစဉ်ဆောင်ရွက်သည့် Tech Age Girls (TAG) အစီအစဉ်၏ အဓိကကူညီပံ့ပိုးပေးထားသည့် အူရီဒူးမြန်မာသည် သင်တန်းအစီအစဉ် ရန်ပုံငွေအပါအဝင် လက်ပ်တော့နှင့် အူရီဒူး၏ အမြန်ဆန်ဆုံး 4G+ ကွန်ရက် အစရှိသည့် သင်ထောက်ကူပစ္စည်းများကို ထောက်ပံ့ပေးလျက် ရှိပါသည်။ Tech Age Girls အစီအစဉ်သည် အသက် ၁၆ မှ ၂၀ နှစ် ကြား အမျိုးသမီးငယ်များ၏ နည်းပညာနှင့် ဦးဆောင်မှုဆိုင်ရာ အရည်အသွေးများကို ကျား/မ တန်းတူအခွင့်အရေးမြှင့်တင်ခြင်း နှင့် ကျေးလက်ဒေသ စသည်တို့တွင် ဒီဂျစ်တယ်နည်းပညာဆိုင်ရာ ကွာဟမှုများကို လျော့ချပေးနိုင်ရန် ရည်ရွယ်ပါသည်။ အူရီဒူးသည် အလားအလာရှိသော ဒီဂျစ်တယ်နည်းပညာများကို လမ်းဖွင့်ပေးပြီး မြန်မာအမျိုးသမီးများ စွမ်းဆောင်ရည်နှင့် ဦးဆောင်နိုင်စွမ်းမြင့်မားလာစေရန် ပံ့ပိုးကူညီပေးခြင်းဖြင့် ကုလသမဂ္ဂ၏ စဉ်ဆက်မပြတ် ဖွံ့ဖြိုးရေးပန်းတိုင်များ (United Nations Sustainable Development Goals -SDGs) နှင့်အညီ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။