Tecno က MWC 2024 မှာ Camon 30 Premier 5G ကို ပြသခဲ့ပြီး ကင်မရာအကြောင်းကိုပဲ ပြောသွားခဲ့ကာ တခြား Specs တွေကို မပြောခဲ့ပါဘူး။ အခုတော့ အဲဒီဖုန်းကို တရားဝင်ကြေညာလိုက်ပြီ ဖြစ်ပြီး နောက်လမှာ ရောင်းမှာပါ။

Tecno Camon 30 Premier: A camera phone with a lot of power - Gizchina.com

Camon 30 Premier ကို မေလ အစောပိုင်းမှာ ရောင်းချမှာ ဖြစ်ပြီး Tecno ရဲ့ ဈေးကွက်ရှိတဲ့ နိုင်ငံပေါင်း ၇၀ ကျော်မှာ တဖြည်းဖြည်းချင်း တိုးချဲ့ရောင်းချမှာ ဖြစ်ပါတယ်။

အဲဒီဖုန်းမှာ 6.77” LTPO OLED Display တပ်ဆင်ထားပါတယ်။ 50MP ကင်မရာ ၄ လုံး ပါလာပြီး ၁ လုံးက အရှေ့ဘက်က Punch Hole နဲ့ ၃ လုံးက အနောက်ဘက်မှာ ဖြစ်ပါတယ်။ အနောက်ကင်မရာတွေက Wide, Ultrawide နဲ့ Periscope Telephoto တွေ ဖြစ်ပါတယ်။

Tecno Camon 30 Premier highlights

Dimensity 8200 Ultra မောင်းနှင်ထားပြီး Android 14 ပါပါတယ်။ 70W Charging ထောက်ပံ့တဲ့ 5,000mAh Battery ပါလာပါတယ်။

Tecno က ဈေးနှုန်းကို မပြောသေးဘဲ နိုင်ငံအလိုက် ဈေးနှုန်း ကွာခြားမယ်လို့ ပြောပါတယ်။ တစ်နိုင်ငံချင်းစီမှာ ကြေညာတဲ့အချိန်ကျမှ ဈေးနှုန်းကို ပြောမှာပါ။

Ref : gsmarena