Global premier mobile phone brand ဖြစ်သော TECNO Mobile သည် မြန်မာနိုင်ငံဈေးကွက်အတွင်းသို့ Hipods H2 ကို စတင်မိတ်ဆက်ခဲ့ပါသည်။ Hipods H2 သည် True Wireless Stereo Bluetooth အမျိုးအစား Earbuds ဖြစ်ပြီး သုံးစွဲသူများကို အသက်သာဆုံးသောဈေးနှုန်းဖြင့် ကြည်လင်ပြတ်သားသည့် Stereo sound effect နှင့် အရည်အသွေးကို အာမခံချက်ပေးနိုင်သည့် “Wireless” နားကြပ်အမျိုးအစားဖြစ်လာမည်ဖြစ်သည်။ သုံးစွဲသူများ၏ ယုံကြည်အားထားမှုကို ရရှိစေရန် အရည်အသွေးအာမခံချက်အတွက် TECNOမှ 1 year Warranty လည်း ထည့်သွင်းပေးသွားမည်ဖြစ်သည်။

TECNO Mobile ၏ General Manager ဖြစ်သူ Stephen HA ကလည်း “ ကျွန်တော်တို့သည် မြန်မာနိုင်ငံဈေးကွက်သို့ Hipod H2 ကို စတင်မိတ်ဆက်ရသည့်အတွက် များစွာဂုဏ်ယူဝမ်းမြောက်မိပါတယ်။ ကျွန်တော်တို့သည် သုံးစွဲသူများအတွက် အရည်အသွေးမြင့် ခေတ်မီနည်းပညာများ အသုံးပြုထားသော ကုန်ပစ္စည်းများကို အားလုံးလက်လှမ်းမီသည့် ဈေးနှုန်းဖြင့် တင်သွင်းသည့် အမှတ်တံဆိပ်တစ်ခုဖြစ်သည်ကို မြန်မာနိုင်ငံမှ သုံးစွဲသူများလည်း သိရှိပြီးဖြစ်ပါတယ်။ ယခုတင်သွင်းသည့် Hipods H2 သည်လည်း နားအတွင်း သက်တောင့်သက်သာဖြစ်မှုအပြင် ခေတ်မှီအသွင်အပြင်နှင့် True Wireless Audio အတွေ့အကြုံကိုပါ ရရှိမည့် Earbuds တစ်ခုဖြစ်ပါတယ်” ဟု ပြောကြားခဲ့ပါသည်

Enjoy the Freedom and Enchanting Moments Created by the Hassle-Free True Wireless Experience

အိတ်ထဲမှာ နားကြပ်ကြိုးများရှုပ်နေခြင်းကြောင့် စိတ်ရှုပ်ရတဲ့ အချိန်များကို အနောက်မှာ ချန်ထားလိုက်ပြီး Gym သွားသည့်အချိန်၊ ခရီးသွားသည့် အချိန်၊ အလုပ်မှာ သီချင်းနားထောင်ချင်သည့် အချိန်များတွင် Hipods H2 သည့် အကောင်းဆုံး အဖော်မွန် ဖြစ်လာနိုင်ပြီး Wireless နားကြပ်ဖြစ်သည့်အတွက် လွတ်လပ်စွာ လှုပ်ရှားသွားလာနိုင်မှာ ဖြစ်ပါသည်။

With Bluetooth V5.0, Smarter & Quicker Connectivity Has Never Been This Easy

Bluetooth V5.0 ကို အသုံးပြုထားသည့်အတွက် ၁၀ မီတာအထိ ချောမွေ့စွာ သီချင်းနားဆင်နိုင်ပြီး ဖုန်းပြောရန်အတွက် ချိတ်ဆက် အသုံးပြုနိုင်မှာ ဖြစ်ပါသည်။ အခြားအမှတ်တံဆိပ်အမျိုးအစား ဖုန်းများနှင့်လည်း လွယ်ကူစွာ ချိတ်ဆက်အသုံးပြုနိုင်ပါသေးသည်။

မိုဘိုင်းဖုန်း၏ “Bluetooth” ကို ဖွင့်ပြီး Hipods H2 ၏ အဖုံးကို ဖွင့်လိုက်ရုံနှင့်တင် Pop – Up Connection Interface က ပေါ်ထွက်လာပြီး လွယ်ကူစွာချိတ်ဆက်အသုံးပြုနိုင်မှာဖြစ်သည်။

Smart Switching Operation စနစ်ပါဝင်ခြင်းကြောင့် Earbuds ကို ထိလိုက်ရုံဖြင့် “Play/Pause’, ‘Volume +/-’, ‘Answer the call’ နဲ့ ‘Start voice assistant’ ကို အသုံးပြုနိုင်မှာဖြစ်ပါသည်။

Never Let the Fun Times Stop with 24 Hours of Unstoppable Music & Portable Charging Case

ဘက္ထရီသက်တမ်းကြာရှည်ခံခြင်းကလည်း Hipods H2 ၏ အားသာချက်ဖြစ်လာနိုင်ဖွယ်ရှိပါသည်။ ၂၄နာရီ ထိ သီချင်းများကို ဆက်တိုက်နားဆင်နိုင်ပြီး ထိုအချိန်ကာလသည် သီချင်း ၄၀၀ခန့် ဆက်တိုက်နားဆင်ခြင်းနှင့် ညီမျှပါသည်။ Earbuds များကို အားအပြည့်သွင်းရန် အတွက် ၂နာရီအထိသာ ကြာမြင့်ပါသည်။ Charging case မပါဝင်လျှင်လည်း ၂နာရီခန့် ဆက်တိုက် နားဆင်နိုင်မှာ ဖြစ်ပါသည်။ အရေးကြီးအချိန်များတွင် ၁၅မိနစ်ခန့် အားသွင်းရုံနှင့်တင် ၂နာရီအထိ သီချင်းနားထောင်နိုင်မှာ ဖြစ်ပါသည်။

Pure Stereo Sound Enjoyment with Deep Bass and Crisp Treble

TWS technology ၏ Stereo System ကြောင့် ဘယ်နှင့်ညာ ကွဲပြားစွာ အသံများကို သဘာဝအဆန်ဆုံး နားဆင်နိုင်မှာဖြစ်ပြီး Bass, Alto နှင့် Audio များကို ကြည်လင်ပြတ်သားစွာ နားဆင်နိုင်မှာဖြစ်သည်။ ထို့အပြင် နားအတွင်း သက်တောင့်သက်သာ ဖြစ်စေရန် အထူးစီမံ ဒီဇိုင်းပြုလုပ်ပြီး ထုတ်လုပ်ထားသောကြောင့် ကောင်းမွန် ပြတ်သားကြည်လင်သော သံစဉ်နှင့် Beat များကို စီးမျောခံစားနိုင်မှာလည်း ဖြစ်သည်။

TECNO Hipods H2 သည် IPX4အဆင့် Water-resistant ဖြစ်သောကြောင့် အပူအပင်ကင်းစွာ အားကစားပြုလုပ်ရာတွင်လည်း အသုံးပြုနိုင်မှာဖြစ်သည်။ Environmental Noise Cancelation ပါဝင်ခြင်းကြောင့်လည်း ပြင်ပအနှောက်အယှက်ကင်းစွာ ဖုန်းခေါ်ဆိုရာတွင်လည်း အသုံးပြုနိုင်မှာဖြစ်သည်။

Availability

TECNO Hipods များကို Black, White အရောင်များဖြင့် ဇူလိုင်လ ၆ ရက်နေ့မှစတင်ပြီး ၃၂၉၀၀ကျပ်ဖြင့် ဝယ်ယူနိုင်ပြီဖြစ်သည်။

ပိုမိုသိရှိလိုပါက
https://www.tecno-mobile.com/ae/home/#/.
https://www.facebook.com/TECNOMobileMyanmar/

Source – TECNO Mobile Myanmar