Tecno က ဖေဖော်ဝါရီလမှာ ကျင်းပခဲ့တဲ့ MWC 2024 မှာ AR (Augmented Reality) နဲ့ လက်ကိုင်ဂိမ်းစက်ကို ပေါင်းစပ်ထားတဲ့ ဂိမ်းစက်အသစ် Pocket Go ကို ကြေညာခဲ့ပါတယ်။ အဲဒီအတွက် Pocket Go ဟာ တခြား လက်ကိုင်ဂိမ်းစက်တွေထက် ထူးခြားပါတယ်။ အခုတော့ ကုမ္ပဏီက Kickstarter ကနေ အဲဒီ ဂိမ်းစက်ကို ပရီအော်ဒါနဲ့ ရောင်းချပေးလိုက်ပါပြီ။

Tecno Pocket Go

Pocket Go မှာ Xbox Controller လို ကြိုးမဲ့ Controller တစ်ခုနဲ့ AR Pocket Vision အမည်ရ AR မျက်မှန် ပါလာပါတယ်။ Windows OS ထည့်သွင်းထားတဲ့အတွက် Gaming Experience ကောင်းမွန်ပါတယ်။ Tecno က Pocket Go ဟာ တခြား Windows လက်ကိုင်ဂိမ်းစက်တွေထက် ပိုမိုကျစ်လစ် ပေါ့ပါးပြီး သယ်ဆောင်ရတာ လွယ်ကူတယ်လို့ ပြောပါတယ်။

Tecno Pocket Go

AMD Ryzen 7 8840 HS Processor , 16GB RAM နဲ့ 1TB Storage ထည့်သွင်းထားပြီး ဂိမ်းစက်ရဲ့ စွမ်းဆောင်ရည်ဟာ အလွန် ကောင်းမွန်ပါတယ်။ ဖြုတ်တပ်နိုင်တဲ့ 50Wh Battery နဲ့ စွမ်းရည်မြင့် Cooling System ပါပါတယ်။

AR Pocket Vision မျက်မှန်မှာ 0.71” Micro OLED Screen ပါလာပြီး ၆ မီတာ အကွာမှာ 215” Display ကို ထိုးပြနိုင်ပါတယ်။ Tecno က Pocket Go ဟာ 6D Gaming Experience ကို ရရှိစေမယ်လို့ ပြောပါတယ်။

Pocket Go နဲ့ AR Pocket Vision ကို ၈၆၉ ဒေါ်လာနဲ့ Kickstarter မှာ ပရီအော်ဒါတင်နိုင်ပြီ ဖြစ်ပြီး ဒီဇင်ဘာလမှာ ပို့ဆောင်ပေးမှာပါ။

Ref : gizmochina