Tecno က အိန္ဒိယမှာ တန်ဖိုးနည်း Spark 20 ကို ကြေညာလိုက်ပါတယ်။ 8GB RAM/256GB Storage ၁ မျိုးထဲ ထုတ်လုပ်ထားပြီး ၁၀,၄၉၉ ရူပီး (၁၂၅ ဒေါ်လာ) သတ်မှတ်ထားပါတယ်။

Neon Gold , Cyber White နဲ့ Magic Skin Blue အရောင် ၃ မျိုး ထုတ်လုပ်ထားပြီး အိန္ဒိယမှာ ဖေဖော်ဝါရီလ ၂ ရက်နေ့မှာ Amazon.in ကနေ စတင် ရောင်းချပေးမှာ ဖြစ်ပါတယ်။

Tecno Spark 20 silently unveiled

Tecno Spark 20 မှာ MediaTek Helio G85 SoC မောင်းနှင်ထားပြီး Android 13 အခြေပြု HiOS 13 ထည့်သွင်းထားပါတယ်။ 6.56” 90Hz HD+ LCD မျက်နှာပြင် တပ်ဆင်ထားပြီး 18W Charging ထောက်ပံ့တဲ့ 5,000mAh Battery ပါပါတယ်။

TECNO SPARK 20 with Segment-Biggest 256GB ROM to go on Sale on 2nd February

Tecno Spark 20 မှာ 32MP ဆဲလ်ဖီး ကင်မရာနဲ့ 50MP Main , Auxiliary အနောက် ကင်မရာ ၂ လုံး ပါပါတယ်။ ဘေးဘက်လက်ဗွေရာ ကိရိယာ တပ်ဆင်ထားပြီး Storage ကို တိုးမြှင့်ဖို့ 1TB microSD Card စိုက်နိုင်ပါတယ်။ DTS စပီကာ ၂ လုံး ပါလာပြီး နားကြပ်ပေါက်နဲ့ IP53 ရေစိုခံစံနှုန်း ထည့်သွင်းထားပါတယ်။

Ref: gsmarena