Tecno ကုမ္ပဏီကနေ ထုတ်လုပ်နေတဲ့ Spark Series ဖုန်းတွေဟာ စျေးနှုန်းသက်သာတဲ့ ဘတ်ဂျက်စမတ်ဖုန်းတွေအဖြစ် နာမည်ကြီးနေပြီးသားဖြစ်ပါတယ်။ အခုလည်း Tecno ကနေ နောက်ထပ် Spark Series ဖုန်းသစ်တစ်လုံးဖြစ်တဲ့ Spark 20 ဖုန်းကို ထပ်မံမိတ်ဆက်လိုက်ပါတယ်။

အဆိုပါ Tecno Spark 20 ဖုန်းကို လောလောဆယ်မှာ Tecno ကုမ္ပဏီရဲ့ Global Website မှာ ဖော်ပြထားခဲ့တာဖြစ်ပြီး စျေးနှုန်းနဲ့ ဘယ်စျေးကွက်တွေမှာ ရောင်းချသွားမလဲဆိုတာကိုတော့ မသိရှိရသေးပါဘူး။

Tecno Spark 20 ဖုန်းရဲ့ Specification ပိုင်းအနေနဲ့ 6.6″ IPS LCD Display ကို အသုံးပြုထားပြီး HD+ Resolution အပြင် 90Hz Refresh Rate ကို ထောက်ပံ့ပေးထားမှာပါ။ ထူးခြားချက်အနေနဲ့ Selfie Camera ကို မြင့်မားတဲ့ 32MP Sensor ကို Punch-hole ပုံစံထည့်သွင်းထားသလို iPhone ရဲ့ Dynamic Island ပုံစံမျိုး ဆောင်ရွက်နိုင်တဲ့ Dynamic Port Feature လည်းပါဝင်မှာဖြစ်ပါတယ်။

Performance ပိုင်းမှာတော့ MediaTek Helio G85 Chipset ကို အသုံးပြုထားပြီး RAM 8GB နဲ့ 256GB Storage တွေပါဝင်မှာဖြစ်ပါတယ်။ Storage ကို MicroSD Card ကနေတစ်ဆင့် ထပ်မံတိုးချဲ့နိုင်ဦးမှာပါ။ Camera ပိုင်းအနေနဲ့ကတော့ 50MP Main Camera Sensor အပြင် AI Lens တစ်ခုကို ထည့်သွင်းပေးထားပါတယ်။

Software ပိုင်းအနေနဲ့ Android 13 ကို အခြေခံထားတဲ့ HiOS ကို အသုံးပြုထားပြီး 18W USB-C Charging ကို ထောက်ပံ့ပေးထားတဲ့ 5000mAh Battery ပါဝင်မှာဖြစ်ပါတယ်။ ကျန်တဲ့ Feature တွေကတော့ Side-mounted Fingerprint Sensor ၊ Headphone Jack နဲ့ IP53 Dust & Water Resistant Rating တွေကို ထောက်ပံ့ပေးထားမှာပါ။ Tecno Spark 20 ဖုန်းကို Gravity Black ၊ Cyber White ၊ Neon Gold နဲ့ Magic Skin Blue ဆိုပြီး ၄ မျိုး ရွေးချယ်နိုင်မယ်လို့ သိရပါတယ်။

Ref – GSM Arena