Tecno က Spark 20C ကို ကြေညာလိုက်ပြီး တန်ဖိုးနည်း စွမ်းရည်နိမ့် ဖုန်း ဖြစ်ပါတယ်။ ကြီးမားတဲ့ Battery နဲ့ 50MP Main ကင်မရာ အပါအဝင် စိတ်ဝင်စားစရာ လုပ်ဆောင်ချက်တွေ ထည့်သွင်းထားပါတယ်။

Spark 20C မှာ 6.6” LCD 720p မျက်နှာပြင် တပ်ဆင်ထားပြီး 90Hz Refresh Rate ထောက်ပံ့ထားပါတယ်။ အထူက ၈.၇၅ မီလီမီတာရှိပြီး ဘေးဘက်တွေက ပြားချပ်ပါတယ်။

TECNO Spark 20C now official » YugaTech | Philippines Tech News & Reviews

Tecno က Chipset ကို မပြောသေးပေမယ့်  2.2GHz Cortex-A53 ပါတဲ့ Octa-core CPU ဖြစ်မယ်လို့ သတင်းထွက်နေပါတယ်။ အဲဒါဟာ LTE-only ဖုန်းတွေမှာ သုံးကြတဲ့ Mediatek Helio G36 ဖြစ်နိုင်ပါတယ်။ ဖုန်းမှာ 128GB Storage ထည့်သွင်းထားပြီး microSD Card စိုက်နိုင်ပါတယ်။ 4GB နဲ့ 8GB RAM ပါလာပါတယ်။

Tecno Spark 20C arrives with fun colors and affordable specs

အနောက်ဘက်က စတုရန်းပုံ ကင်မရာ Island ထဲမှာ 50MP Main နဲ့ AI ကင်မရာ ထည့်သွင်းထားပြီး ဆဲလ်ဖီး ကင်မရာက 8MP ဖြစ်ပါတယ်။

Tecno Spark 20C မှာ Android 13 အခြေပြု Tecno Custom UI မောင်းနှင်ထားပါတယ်။ 18W Charging ထောက်ပံ့တဲ့ 5,000mAh Battery ပါပါတယ်။ ဆဲလ်ဖီး ကင်မရာ ပတ်လည်မှာ Dynamic Island စတိုင် Animation ထည့်သွင်းထားပြီး ဖုန်းကို အားသွင်းထားချိန်မှာ Notification Bar အဖြစ် ပြသပေးပါတယ်။ ဘေးဘက်လက်ဗွေရာ ကိရိယာနဲ့ USB-C Port ပါပါတယ်။

Gravity Blackk , Mystery White နဲ့ Alpenglow Gold အရောင်တွေ ထုတ်လုပ်ထားပါတယ်။ Magic Skin အရောင်လည်း ပါလာပြီး အစိမ်းရောင်ဖြစ်ကာ ၁၀၀ ရာခိုင်နှုန်း စွန့်ပစ် ပလတ်စတစ်နဲ့ တည်ဆောက်ထားပါတယ်။ Tecno က ဈေးနှုန်းနဲ့ ရောင်းချမယ့် အချိန်ကို မပြောသေးပေမယ့် ဒေါ်လာ ၁၃၀ ဝန်းကျင်ကနေ စနိုင်ပါတယ်။

Ref : gsmarena