Tecno ဟာ အခုနောက်ပိုင်း စျေးသက်သာတဲ့ စမတ်ဖုန်းတွေကို ဆက်တိုက် မိတ်ဆက်လာတာဖြစ်ပါတယ်။ အခုလည်း India နိုင်ငံမှာ Tecno Spark Power 2 Air စမတ်ဖုန်းအသစ်ကို မိတ်ဆက်လိုက်ပြီဖြစ်ပါတယ်။

အဆိုပါ Tecno Spark Power 2 Air စမတ်ဖုန်းဟာ စျေးနှုန်းအနေနဲ့ Rs. 8,499 ပဲရှိမှာဖြစ်ပြီး မြန်မာငွေ ၁ သိန်းခွဲဝန်းကျင်ပဲ ကျသင့်မှာဖြစ်ပါတယ်။ ဒါတင်မဟုတ်သေးဘဲ ပါဝင်တဲ့ Specification တွေအရလည်း တော်တော်လေးကို ကောင်းမွန်နေပါတယ်။

အရင်ဆုံး Display ပိုင်းအနေနဲ့ Tecno Spark Power 2 Air ဟာ 7″ IPS LCD Display ကို အသုံးပြုပေးထားတာဖြစ်ပါတယ်။ Waterdrop Notch Display အမျိုးအစားဖြစ်ပြီး HD Resolution ကိုမှ 480nit Brightness အထိ Support ပြုလုပ်မှာဖြစ်ပါတယ်။

Performance ပိုင်းအနေနဲ့ကတော့ MediaTek Helio A22 Chipset ကို အသုံးပြုထားပြီး RAM 3GB ပါဝင်မှာဖြစ်ပါတယ်။ Storage အနေနဲ့ကတော့ 32GB Storage ပါဝင်ပြီးတော့ MicroSD Card ကနေပါ ထပ်မံတိုးချဲ့နိုင်မယ်လို့ သိရပါတယ်။

Camera ပိုင်းအနေနဲ့ကတော့ 13MP Primary Sensor + 2MP Macro + 2MP Depth + AI Lens တွေပါဝင်တဲ့ Quad Camera Setup ပါဝင်မှာဖြစ်သလို Selfie Camera အနေနဲ့လည်း 8MP Sensor ကို ထည့်သွင်းပေးထားတာဖြစ်ပါတယ်။ Battery အနေနဲ့ကတော့ 6000mAh Battery ပါဝင်မှာပါ။ Fingerprint Sensor ကိုလည်း ဖုန်းနောက်ကျောဘက်မှာ ထည့်သွင်းပေးထားဦးမှာဖြစ်ပါတယ်။

ဘာပဲဖြစ်ဖြစ် Tecno Spark Power 2 Air စမတ်ဖုန်းဟာ India နိုင်ငံမှာ လာမယ့် စက်တင်ဘာလ ၂၀ ရက်နေ့မှာ စတင်ရောင်းချသွားမှာဖြစ်ပြီး ကျန်တဲ့စျေးကွက်တွေမှာလည်း မကြာခင်တရားဝင်မိတ်ဆက်လာမယ်လို့ ယူဆရပါတယ်။

Ref – Gizmo China