[Zawgyi]

တယ္လီေနာျမန္မာသည္ လက္ရွိတြင္ ႏိုင္ငံတဝန္း၌ LTE တာဝါတိုင္ေပါင္း ၆,၁၀၀ ေက်ာ္အားပိုင္ဆိုင္ထားၿပီး ၿမိဳ႕နယ္ေပါင္း ၃၀၀ ေက်ာ္ကို 4G/LTE ကြန္ရက္ျဖင့္ လႊမ္းၿခဳံထားႏိုင္ခဲ့ၿပီျဖစ္သည့္ အတြက္ ျမန္မာႏိုင္ငံ၏ အႀကီးမားဆုံးေသာ 4G/LTE ကြန္ရက္အား ပိုင္ဆိုင္ထားႏိုင္ခဲ့ၿပီ ျဖစ္သည္။ ၂၀၁၉ ခုႏွစ္၏ ပထမ ၃ လပတ္အၿပီးတြင္ တယ္လီေနာျမန္မာသည္ ၎၏ ကြန္ရက္အတြင္း LTE တာဝါတိုင္ေပါင္း ၈၅၆ခုကို ထပ္မံ တည္ေဆာက္ႏိုင္ခဲ့သည့္အျပင္ ဧၿပီလအကုန္တြင္ LTE တာဝါတိုင္ေပါင္း ၁,၁၀၀ ေက်ာ္အထိ တည္ေဆာက္ သြားႏိုင္ရန္ ရည္႐ြယ္ထားသည္။ ယခုအခ်ိန္တြင္ မင္းလွ၊ ေလးမ်က္ႏွာ၊ ဇလြန္၊ ေက်ာင္းကုန္း၊ နမၼတူ၊ မိုင္းပန္ႏွင့္ ပုဏၰားကြၽန္း ၿမိဳ႕နယ္မ်ားသည္ တယ္လီေနာျမန္မာ၏ အရည္အေသြးျမင့္ 4G/LTE ဝန္ေဆာင္မႈကို ရယူ အသုံးျပဳႏိုင္ေနၿပီ ျဖစ္သည္။

အေကာင္းမြန္ဆုံးေသာ ဝန္ေဆာင္မႈမ်ားႏွင့္ ထုတ္ကုန္မ်ားအား အသုံးျပဳသူမ်ားထံေပးအပ္သြားႏိုင္ရန္ ရည္႐ြယ္ၿပီး တယ္လီေနာျမန္မာသည္ ၎၏ 4G/LTE ကြန္ရက္အား မနားမေန ဆက္လက္ အဆင့္ျမႇင့္တင္လ်က္ရွိသည္။ ထိုကဲ့သို႔ ႀကိဳးပမ္းေဆာင္႐ြက္မႈမ်ား၏ ရလဒ္အေနျဖင့္ ယခုလက္ရွိတြင္ တယ္လီေနာျမန္မာ၏ ကြန္ရက္အတြင္းရွိ ၿမိဳ႕နယ္မ်ား၏ ၁၀၀% နီးပါး (ၿမိဳ႕နယ္ေပါင္း ၃၀၇ ခု) အား ျမန္ႏႈန္းျမင့္ 4G/LTE ျဖင့္ လႊမ္းၿခဳံထားႏိုင္ၿပီ ျဖစ္သည္။

“ျမန္မာႏိုင္ငံရဲ႕ အေကာင္းဆုံးေဒတာကြန္ရက္ 4G SuperLTE+ အျဖစ္နဲ႔ တယ္လီေနာက ၁၀၀% နီးပါးအထိကို ကြန္ရက္ ျဖန႔္ၾကက္လႊမ္းၿခဳံထားႏိုင္ၿပီး ျဖစ္တယ္ဆိုတာကို ဂုဏ္ယူစြာနဲ႔ ေျပာၾကားလိုပါတယ္။ ျမန္မာႏိုင္ငံကို စတင္ ဝင္ေရာက္လာတဲ့ အခ်ိန္ကစၿပီး တယ္လီေနာအေနနဲ႔ ႏိုင္ငံရဲ႕ဖြံ႕ၿဖိဳးတိုးတက္မႈေတြမွာ တစ္ေထာင့္တစ္ေနရာကေန ပါဝင္ၿပီး အတတ္ႏိုင္ဆုံးပံ့ပိုးကူညီခဲ့ပါတယ္။ ျမန္မာႏိုင္ငံမွာရွိတဲ့ အသုံးျပဳသူေတြအတြက္ အေကာင္းမြန္ဆုံး အရာေတြကို သယ္ေဆာင္လာေပးႏိုင္ဖို႔ဆိုတဲ့ ရည္သန္ခ်က္နဲ႔အညီ LTE တာဝါတိုင္ေပါင္း ၆,၁၀၀ ေက်ာ္ကို တည္ေဆာက္ သြားမယ့္ ကြၽန္ေတာ္တို႔ရဲ႕ ရည္မွန္းခ်က္ကိုလည္း ၂၀၁၉ ခုႏွစ္မွာ ေအာင္ျမင္စြာ အေကာင္အထည္ေဖာ္ႏိုင္ခဲ့ပါတယ္။ အသုံးျပဳသူေတြအတြက္ တယ္လီေနာကြန္ရက္ကို ဆက္လက္အဆင့္ျမႇင့္တင္သြားဦးမွာျဖစ္တဲ့အျပင္ တယ္လီေနာရဲ႕ ဝန္ေဆာင္မႈေတြကို ဘယ္လိုမ်ိဳး အက်ိဳးရွိရွိ၊ ထိထိေရာက္ေရာက္ အသုံးျပဳႏိုင္မလဲဆိုတဲ့ အခ်က္ေတြနဲ႔ ပတ္သက္ၿပီး ေတာ့လည္း အသိပညာေပးမႈေတြ ဆက္လက္ျပဳလုပ္ေပးသြားမွာ ျဖစ္ပါတယ္” ဟု တယ္လီေနာျမန္မာ၏ နည္းပညာ ဆိုင္ရာ အရာရွိခ်ဳပ္ Jai Prakash က ေျပာၾကားသည္။

တယ္လီေနာသည္ ျမန္မာႏိုင္ငံအတြင္း၌ ပိုမိုေကာင္းမြန္က်ယ္ျပန႔္ေသာ ကြန္ရက္လႊမ္းၿခဳံမႈမ်ားအား ရရွိေစႏိုင္ရန္အျပင္ အရည္အေသြး အေကာင္းမြန္ဆုံးေသာ 4G/LTE ကြန္ရက္အား ေပးအပ္ႏိုင္ရန္အတြက္လည္း အထူးအေလးထား လုပ္ေဆာင္လ်က္ရွိသည္။ တယ္လီေနာသည္ ႏိုင္ငံတဝန္းရွိ ကြန္ရက္အေျခအေနကို တိုင္းတာစစ္ေဆးရန္အတြက္ ၎၏ ကြန္ရက္ဆိုင္ရာ ကိုယ္စားလွယ္ 4GLeo ကိုလည္း ၂၀၁၈ ခုႏွစ္ အေစာပိုင္းတြင္ စတင္မိတ္ဆက္ခဲ့သည္။ ၎၏ ပထမတစ္ႏွစ္တာကာလအတြင္း 4GLeo သည္ ခရီးစဥ္အကြာအေဝး စုစုေပါင္း ၂၀,၁၀၂ ကီလိုမီတာအထိ ခရီးႏွင္ခဲ့ၿပီး ၿမိဳ႕နယ္ေပါင္း ၅၄ ၿမိဳ႕နယ္သို႔ သြားေရာက္ကာ ကြန္ရက္အရည္အေသြး တိုင္းတာစစ္ေဆးျခင္း၊ အသုံးျပဳသူမ်ားႏွင့္ ေတြ႕ဆုံျခင္းတို႔ကို လုပ္ေဆာင္ခဲ့သည္။

“နည္းပညာပိုင္းဆိုင္ရာ ကြၽမ္းက်င္သူတစ္ဦးအေနနဲ႔သာမက တယ္လီေနာျမန္မာရဲ႕ ကြန္ရက္ဆိုင္ရာကိုယ္စားလွယ္ တစ္ဦးအေနနဲ႔ ေနရာေဒသေပါင္းမ်ားစြာကို ကြၽန္ေတာ္သြားလာခဲ့ၿပီး ႏိုင္ငံတဝန္းမွာရွိတဲ့ အသုံးျပဳသူေတြ အေကာင္းမြန္ဆုံး ကြန္ရက္အရည္အေသြးေတြ သုံးစြဲႏိုင္ဖို႔ ကူညီႏိုင္ခဲ့ပါတယ္။ ေက်းလက္ေဒသျဖစ္ျဖစ္၊ ၿမိဳ႕ျပပဲျဖစ္ျဖစ္ ျမန္မာႏိုင္ငံတဝန္းက တယ္လီေနာအသုံးျပဳသူေတြအေနနဲ႔ ကြၽန္ေတာ္တို႔ရဲ႕ အရည္အေသြး ျမင့္ ေဒတာဝန္ေဆာင္မႈေတြ ကေန အက်ိဳးေက်းဇူးမ်ားစြာကို ရရွိေနၾကတာကို ေတြ႕ရွိရတဲ့အတြက္ အရမ္းကို ဝမ္းေျမာက္မိပါတယ္။ ဒီလိုမ်ိဳး ဆက္လက္ေပးအပ္ႏိုင္ေစဖို႔အတြက္ တယ္လီေနာကြန္ရက္ လႊမ္းၿခဳံ ထားတဲ့ ေနရာေဒသ အားလုံးက အသုံးျပဳသူေတြကို ကြန္ရက္နဲ႔ပတ္သက္တဲ့ကိစၥရပ္ေတြမွာ ကူညီေဆာင္႐ြက္ေပးသြားဖို႔ ကြၽန္ေတာ့္အေနနဲ႔ အေကာင္းဆုံး ဆက္လက္ ႀကိဳးစားလုပ္ေဆာင္သြားမွာ ျဖစ္ပါတယ္” ဟု 4G Leo က ေျပာၾကားသည္။

ျမန္မာႏိုင္ငံ၏ ဦးေဆာင္ေအာ္ပေရတာတစ္ခုျဖစ္သည္ႏွင့္အညီ တယ္လီေနာသည္ Ericsson ႏွင့္ ပူးေပါင္း၍ ၎၏ 4G/LTE ကြန္ရက္ေပၚတြင္ အင္တာနက္ျမန္ႏႈန္း စမ္းသပ္မႈတစ္ရပ္အား ယမန္ႏွစ္က ေအာင္ျမင္စြာ လုပ္ေဆာင္ႏိုင္ခဲ့ၿပီး ျမန္မာႏိုင္ငံတြင္ အျမင့္ဆုံး ျမန္ႏႈန္းစံခ်ိန္သစ္တစ္ရပ္အျဖစ္ တစ္စကၠန႔္လွ်င္ ၁ Gbps အထိ ရရွိခဲ့သည္။ အလားတူပင္ ၂၀၁၈ ခုႏွစ္၊ ႏိုဝင္ဘာလေႏွာင္းပိုင္းတြင္လည္း တယ္လီေနာျမန္မာသည္ Ericsson ႏွင့္ပင္ ပူးေပါင္း၍ ျမန္မာႏိုင္ငံတြင္ ပထမဆုံးအႀကိမ္ IoT နည္းပညာစမ္းသပ္မႈအား မႏၲေလးၿမိဳ႕တြင္ ေအာင္ျမင္စြာ လုပ္ေဆာင္ႏိုင္ခဲ့ၿပီး ျမန္မာႏိုင္ငံတြင္ 5G နည္းပညာ အသုံးျပဳႏိုင္ရန္ ကူညီေဆာင္႐ြက္ေပးသြားမည္ ဟူေသာ ၎၏ ရည္သန္ခ်က္အား သိသာစြာ ျပသႏိုင္ခဲ့ သည္။

တယ္လီေနာျမန္မာသည္ ၎၏ 4G/LTE ဝန္ေဆာင္မႈမ်ားအား ၂၀၁၇ ခုႏွစ္၊ ဇြန္လတြင္ တရားဝင္ စတင္ ေပးအပ္ခဲ့ၿပီး ယခုလက္ရွိတြင္ ႏိုင္ငံတဝန္း၌ ဆက္သြယ္ေရးတာဝါတိုင္စုစုေပါင္း ၈,၆၀၀ ေက်ာ္ႏွင့္ အေရာင္းဆိုင္ေပါင္း ၁၀၀,၀၀၀ ေက်ာ္အား ပိုင္ဆိုင္ထားကာ ျမန္မာႏိုင္ငံ၏ အေကာင္းမြန္ဆုံးေသာ 2G/3G/4G မိုဘိုင္းကြန္ရက္မ်ားျဖင့္ ျပည္နယ္ႏွင့္ တိုင္းေဒသႀကီး အားလုံးရွိ အသုံးျပဳသူေပါင္း ၁၈ သန္းကို ဝန္ေဆာင္မႈမ်ား ေပးအပ္လ်က္ရွိသည္။

[Unicode]

နိုင်ငံတဝန်း 4G/LTE တာဝါတိုင်ပေါင်း ၆,၁၀၀ ကျော်ဖြင့် မြန်မာ့အကြီးမားဆုံး 4GSuperLTE+ ကွန်ရက်အဖြစ် တယ်လီနောရပ်တည်

တယ်လီနောမြန်မာသည် လက်ရှိတွင် နိုင်ငံတဝန်း၌ LTE တာဝါတိုင်ပေါင်း ၆,၁၀၀ ကျော်အားပိုင်ဆိုင်ထားပြီး မြို့နယ်ပေါင်း ၃၀၀ ကျော်ကို 4G/LTE ကွန်ရက်ဖြင့် လွှမ်းခြုံထားနိုင်ခဲ့ပြီဖြစ်သည့် အတွက် မြန်မာနိုင်ငံ၏ အကြီးမားဆုံးသော 4G/LTE ကွန်ရက်အား ပိုင်ဆိုင်ထားနိုင်ခဲ့ပြီ ဖြစ်သည်။ ၂၀၁၉ ခုနှစ်၏ ပထမ ၃ လပတ်အပြီးတွင် တယ်လီနောမြန်မာသည် ၎င်း၏ ကွန်ရက်အတွင်း LTE တာဝါတိုင်ပေါင်း ၈၅၆ခုကို ထပ်မံ တည်ဆောက်နိုင်ခဲ့သည့်အပြင် ဧပြီလအကုန်တွင် LTE တာဝါတိုင်ပေါင်း ၁,၁၀၀ ကျော်အထိ တည်ဆောက် သွားနိုင်ရန် ရည်ရွယ်ထားသည်။ ယခုအချိန်တွင် မင်းလှ၊ လေးမျက်နှာ၊ ဇလွန်၊ ကျောင်းကုန်း၊ နမ္မတူ၊ မိုင်းပန်နှင့် ပုဏ္ဏားကျွန်း မြို့နယ်များသည် တယ်လီနောမြန်မာ၏ အရည်အသွေးမြင့် 4G/LTE ဝန်ဆောင်မှုကို ရယူ အသုံးပြုနိုင်နေပြီ ဖြစ်သည်။

အကောင်းမွန်ဆုံးသော ဝန်ဆောင်မှုများနှင့် ထုတ်ကုန်များအား အသုံးပြုသူများထံပေးအပ်သွားနိုင်ရန် ရည်ရွယ်ပြီး တယ်လီနောမြန်မာသည် ၎င်း၏ 4G/LTE ကွန်ရက်အား မနားမနေ ဆက်လက် အဆင့်မြှင့်တင်လျက်ရှိသည်။ ထိုကဲ့သို့ ကြိုးပမ်းဆောင်ရွက်မှုများ၏ ရလဒ်အနေဖြင့် ယခုလက်ရှိတွင် တယ်လီနောမြန်မာ၏ ကွန်ရက်အတွင်းရှိ မြို့နယ်များ၏ ၁၀၀% နီးပါး (မြို့နယ်ပေါင်း ၃၀၇ ခု) အား မြန်နှုန်းမြင့် 4G/LTE ဖြင့် လွှမ်းခြုံထားနိုင်ပြီ ဖြစ်သည်။

“မြန်မာနိုင်ငံရဲ့ အကောင်းဆုံးဒေတာကွန်ရက် 4GSuperLTE+ အဖြစ်နဲ့ တယ်လီနောက ၁၀၀% နီးပါးအထိကို ကွန်ရက် ဖြန့်ကြက်လွှမ်းခြုံထားနိုင်ပြီး ဖြစ်တယ်ဆိုတာကို ဂုဏ်ယူစွာနဲ့ ပြောကြားလိုပါတယ်။ မြန်မာနိုင်ငံကို စတင် ဝင်ရောက်လာတဲ့ အချိန်ကစပြီး တယ်လီနောအနေနဲ့ နိုင်ငံရဲ့ဖွံ့ဖြိုးတိုးတက်မှုတွေမှာ တစ်ထောင့်တစ်နေရာကနေ ပါဝင်ပြီး အတတ်နိုင်ဆုံးပံ့ပိုးကူညီခဲ့ပါတယ်။ မြန်မာနိုင်ငံမှာရှိတဲ့ အသုံးပြုသူတွေအတွက် အကောင်းမွန်ဆုံး အရာတွေကို သယ်ဆောင်လာပေးနိုင်ဖို့ဆိုတဲ့ ရည်သန်ချက်နဲ့အညီ LTE တာဝါတိုင်ပေါင်း ၆,၁၀၀ ကျော်ကို တည်ဆောက် သွားမယ့် ကျွန်တော်တို့ရဲ့ ရည်မှန်းချက်ကိုလည်း ၂၀၁၉ ခုနှစ်မှာ အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ခဲ့ပါတယ်။ အသုံးပြုသူတွေအတွက် တယ်လီနောကွန်ရက်ကို ဆက်လက်အဆင့်မြှင့်တင်သွားဦးမှာဖြစ်တဲ့အပြင် တယ်လီနောရဲ့ ဝန်ဆောင်မှုတွေကို ဘယ်လိုမျိုး အကျိုးရှိရှိ၊ ထိထိရောက်ရောက် အသုံးပြုနိုင်မလဲဆိုတဲ့ အချက်တွေနဲ့ ပတ်သက်ပြီး တော့လည်း အသိပညာပေးမှုတွေ ဆက်လက်ပြုလုပ်ပေးသွားမှာ ဖြစ်ပါတယ်” ဟု တယ်လီနောမြန်မာ၏ နည်းပညာ ဆိုင်ရာ အရာရှိချုပ် Jai Prakash က ပြောကြားသည်။

တယ်လီနောသည် မြန်မာနိုင်ငံအတွင်း၌ ပိုမိုကောင်းမွန်ကျယ်ပြန့်သော ကွန်ရက်လွှမ်းခြုံမှုများအား ရရှိစေနိုင်ရန်အပြင် အရည်အသွေး အကောင်းမွန်ဆုံးသော 4G/LTE ကွန်ရက်အား ပေးအပ်နိုင်ရန်အတွက်လည်း အထူးအလေးထား လုပ်ဆောင်လျက်ရှိသည်။ တယ်လီနောသည် နိုင်ငံတဝန်းရှိ ကွန်ရက်အခြေအနေကို တိုင်းတာစစ်ဆေးရန်အတွက် ၎င်း၏ ကွန်ရက်ဆိုင်ရာ ကိုယ်စားလှယ် 4GLeo ကိုလည်း ၂၀၁၈ ခုနှစ် အစောပိုင်းတွင် စတင်မိတ်ဆက်ခဲ့သည်။ ၎င်း၏ ပထမတစ်နှစ်တာကာလအတွင်း 4GLeo သည် ခရီးစဉ်အကွာအဝေး စုစုပေါင်း ၂၀,၁၀၂ ကီလိုမီတာအထိ ခရီးနှင်ခဲ့ပြီး မြို့နယ်ပေါင်း ၅၄ မြို့နယ်သို့ သွားရောက်ကာ ကွန်ရက်အရည်အသွေး တိုင်းတာစစ်ဆေးခြင်း၊ အသုံးပြုသူများနှင့် တွေ့ဆုံခြင်းတို့ကို လုပ်ဆောင်ခဲ့သည်။

“နည်းပညာပိုင်းဆိုင်ရာ ကျွမ်းကျင်သူတစ်ဦးအနေနဲ့သာမက တယ်လီနောမြန်မာရဲ့ ကွန်ရက်ဆိုင်ရာကိုယ်စားလှယ် တစ်ဦးအနေနဲ့ နေရာဒေသပေါင်းများစွာကို ကျွန်တော်သွားလာခဲ့ပြီး နိုင်ငံတဝန်းမှာရှိတဲ့ အသုံးပြုသူတွေ အကောင်းမွန်ဆုံး ကွန်ရက်အရည်အသွေးတွေ သုံးစွဲနိုင်ဖို့ ကူညီနိုင်ခဲ့ပါတယ်။ ကျေးလက်ဒေသဖြစ်ဖြစ်၊ မြို့ပြပဲဖြစ်ဖြစ် မြန်မာနိုင်ငံတဝန်းက တယ်လီနောအသုံးပြုသူတွေအနေနဲ့ ကျွန်တော်တို့ရဲ့ အရည်အသွေး မြင့် ဒေတာဝန်ဆောင်မှုတွေ ကနေ အကျိုးကျေးဇူးများစွာကို ရရှိနေကြတာကို တွေ့ရှိရတဲ့အတွက် အရမ်းကို ဝမ်းမြောက်မိပါတယ်။ ဒီလိုမျိုး ဆက်လက်ပေးအပ်နိုင်စေဖို့အတွက် တယ်လီနောကွန်ရက် လွှမ်းခြုံ ထားတဲ့ နေရာဒေသ အားလုံးက အသုံးပြုသူတွေကို ကွန်ရက်နဲ့ပတ်သက်တဲ့ကိစ္စရပ်တွေမှာ ကူညီဆောင်ရွက်ပေးသွားဖို့ ကျွန်တော့်အနေနဲ့ အကောင်းဆုံး ဆက်လက် ကြိုးစားလုပ်ဆောင်သွားမှာ ဖြစ်ပါတယ်” ဟု 4G Leo က ပြောကြားသည်။

မြန်မာနိုင်ငံ၏ ဦးဆောင်အော်ပရေတာတစ်ခုဖြစ်သည်နှင့်အညီ တယ်လီနောသည် Ericsson နှင့် ပူးပေါင်း၍ ၎င်း၏ 4G/LTE ကွန်ရက်ပေါ်တွင် အင်တာနက်မြန်နှုန်း စမ်းသပ်မှုတစ်ရပ်အား ယမန်နှစ်က အောင်မြင်စွာ လုပ်ဆောင်နိုင်ခဲ့ပြီး မြန်မာနိုင်ငံတွင် အမြင့်ဆုံး မြန်နှုန်းစံချိန်သစ်တစ်ရပ်အဖြစ် တစ်စက္ကန့်လျှင် ၁ Gbps အထိ ရရှိခဲ့သည်။ အလားတူပင် ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလနှောင်းပိုင်းတွင်လည်း တယ်လီနောမြန်မာသည် Ericsson နှင့်ပင် ပူးပေါင်း၍ မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ် IoT နည်းပညာစမ်းသပ်မှုအား မန္တလေးမြို့တွင် အောင်မြင်စွာ လုပ်ဆောင်နိုင်ခဲ့ပြီး မြန်မာနိုင်ငံတွင် 5G နည်းပညာ အသုံးပြုနိုင်ရန် ကူညီဆောင်ရွက်ပေးသွားမည် ဟူသော ၎င်း၏ ရည်သန်ချက်အား သိသာစွာ ပြသနိုင်ခဲ့ သည်။

တယ်လီနောမြန်မာသည် ၎င်း၏ 4G/LTE ဝန်ဆောင်မှုများအား ၂၀၁၇ ခုနှစ်၊ ဇွန်လတွင် တရားဝင် စတင် ပေးအပ်ခဲ့ပြီး ယခုလက်ရှိတွင် နိုင်ငံတဝန်း၌ ဆက်သွယ်ရေးတာဝါတိုင်စုစုပေါင်း ၈,၆၀၀ ကျော်နှင့် အရောင်းဆိုင်ပေါင်း ၁၀၀,၀၀၀ ကျော်အား ပိုင်ဆိုင်ထားကာ မြန်မာနိုင်ငံ၏ အကောင်းမွန်ဆုံးသော 2G/3G/4G မိုဘိုင်းကွန်ရက်များဖြင့် ပြည်နယ်နှင့် တိုင်းဒေသကြီး အားလုံးရှိ အသုံးပြုသူပေါင်း ၁၈ သန်းကို ဝန်ဆောင်မှုများ ပေးအပ်လျက်ရှိသည်။