[Zawgyi]

· D.Magic အမည္ရသည့္ ဒစ္ဂ်စ္တယ္ပလက္ေဖာင္းတြင္ Disney၊ Pixer၊ Marvel ႏွင့္ Star Wars မူပိုင္ ဂိမ္းမ်ား၊ မိုဘိုင္း အက္ပလီေကးရွင္းမ်ားႏွင့္ wallpaper မ်ား အပါအဝင္ ေဖ်ာ္ေျဖေရး အစီအစဥ္ေပါင္းမ်ားစြာပါဝင္

· ဧၿပီလ ၁၀ ရက္ေန႔ ေနာက္ဆုံးထားကာ ဤဝန္ေဆာင္မႈကိုစာရင္းေပးသြင္းရယူပါက ပထမဆုံးရက္သတၱပတ္တြင္ အခမဲ့ အသုံးျပဳႏိုင္မည္ျဖစ္ၿပီး ေနာက္ပိုင္းတြင္ အပတ္စဥ္စာရင္းေပးသြင္းခ ၃၁၅ က်ပ္မွ်က်သင့္မည္ျဖစ္

D.Magic အမည္ရ ဒစ္ဂ်စ္တယ္ပလက္ေဖာင္းအသစ္မွတဆင့္ ဒစ္စေနးမူပိုင္ေဖ်ာ္ေျဖေရးအစီအစဥ္မ်ားအား ျမန္မာႏိုင္ငံတြင္ ပထမဆုံးအျဖစ္ တယ္လီေနာသုံးစြဲသူမ်ား ရယူအသုံးျပဳ ႏိုင္ေတာ့မည္ ျဖစ္သည္။ Disney၊ Pixar၊ Marvel ႏွင့္ Star Wars တို႔၏ မူပိုင္မိုဘိုင္းဂိမ္းမ်ား၊ အက္ပလီေကးရွင္းမ်ား ႏွင့္ live wallpapers မ်ား ၂၅၀ ေက်ာ္ကို အဆိုပါ ဒစ္ဂ်စ္တယ္ပလက္ေဖာင္းေပၚတြင္ ရယူႏိုင္မည္ျဖစ္ၿပီး ယင္း အစီအစဥ္မ်ားကိုလည္း အပတ္စဥ္ အသစ္တိုးခ်ဲ႕ေနမည္ျဖစ္ရာ ပရိသတ္မ်ားအေနျဖင့္ မည္သည့္ အခါမွ မ႐ိုးအီေသာ Disney ဇာတ္လမ္းမ်ားကို လက္တကမ္းတြင္ အလြယ္တကူရယူကာ အေကာင္းဆုံး အေတြ႕အႀကဳံ မ်ားကို ခံစား ႏိုင္ေတာ့မည္ ျဖစ္သည္။

အေကာင္းမြန္ဆုံးေသာ ထူးျခားဆန္းသစ္သည့္ ဝန္ေဆာင္မႈမ်ားအား ေဈးႏႈန္းသက္သာစြာျဖင့္ အသုံးျပဳသူမ်ားထံ ေပး အပ္သြားႏိုင္ရန္ဟူသည့္ တယ္လီေနာျမန္မာ၏ ရည္သန္ခ်က္ႏွင့္အညီ အသုံးျပဳသူမ်ားအေနႏွင့္ အဆိုပါ D.Magic ဒစ္ဂ်စ္တယ္ ပလက္ေဖာင္းကို အသုံးျပဳရန္အတြက္ ကုန္သြယ္လုပ္ငန္းခြန္အပါအဝင္ အပတ္စဥ္စာရင္းေပးသြင္းခ ၃၁၅ က်ပ္ မွ်သာ က်သင့္မည္ ျဖစ္သည္။ ထို႔အျပင္ တစ္ႀကိမ္စာရင္းေပးသြင္းပါက credit ၄ ခု ရရွိမည္ျဖစ္ၿပီး အဆိုပါ credit မ်ားအား အသုံးျပဳ၍ ပလက္ေဖာင္းေပၚရွိ အစီအစဥ္ ၄ မ်ိဳးအား ေဒါင္းလုတ္ရယူခြင့္ ရွိမည္ ျဖစ္သည္။

ဧၿပီလ ၁၀ ရက္ေန႔ ေနာက္ဆုံးထားကာ ဤဝန္ေဆာင္မႈကို စာရင္းေပးသြင္းရယူပါက ပထမဆုံးရက္သတၱပတ္တြင္ အခမဲ့အသုံးျပဳႏိုင္မည္ျဖစ္ၿပီး ေနာက္ပိုင္းတြင္ အပတ္စဥ္စာရင္းေပးသြင္းခ ၃၁၅ က်ပ္မွ်က်သင့္မည္ျဖစ္ကာ ရက္ သတၱပတ္ တစ္ပတ္ခ်င္း အလိုအေလ်ာက္ သက္တမ္းတိုးသြားမည္ျဖစ္သည္။

“ဘယ္လို အသက္အ႐ြယ္အပိုင္းအျခားမဆို Disney ဇာတ္ေကာင္ေတြကို ခ်စ္ခင္ႏွစ္သက္ၾကပါတယ္။ အခုလို D.Magic ပလက္ေဖာင္းကို ဝင္ေရာက္ခြင့္ရရွိႏိုင္ၿပီျဖစ္တဲ့အတြက္ ျမန္မာႏိုင္ငံမွာရွိတဲ့ တယ္လီေနာ အသုံးျပဳသူေတြ အေနနဲ႔ သူတို႔ အႏွစ္သက္ဆုံး Disney ဇာတ္ေကာင္ေတြကို ေန႔စဥ္ဘဝမွာ ျပန္လည္ပိုင္ဆိုင္သြားႏိုင္ေတာ့မွာ ျဖစ္ၿပီး သူတို႔ရဲ႕ ငယ္ဘဝအမွတ္တရေတြကိုလည္း ျပန္ေျပာင္းသတိရသြားႏိုင္မွာ ျဖစ္ပါတယ္။ အခုလို စိတ္လႈပ္ရွားစရာ အစီအစဥ္ေတြကို တယ္လီေနာသုံးစြဲသူေတြဆီ ပထမဆုံးအႀကိမ္အျဖစ္ ယူေဆာင္လာေပးႏိုင္ခဲ့တဲ့အတြက္ အရမ္းကို ဝမ္းေျမာက္မိပါတယ္။ ယခုလက္ရွိမွာ ျမန္မာႏိုင္ငံက အသုံးျပဳသူအေနနဲ႔ D.Magic ရဲ႕ ထိပ္တန္းေဖ်ာ္ေျဖေရး အစီအစဥ္မ်ားစြာ ရယူႏိုင္ၿပီျဖစ္သလို အနာဂတ္မွာလည္း ပိုမိုေကာင္းမြန္တဲ့အစီအစဥ္မ်ားစြာကို ထပ္မံထည့္သြင္း ေပးသြားမွာ ျဖစ္ပါတယ္။ တယ္လီေနာျမန္မာအေနနဲ႔ ျမန္မာႏိုင္ငံက အသုံးျပဳသူေတြအတြက္ ထူးျခားဆန္းသစ္ၿပီး ေဈးႏႈန္း သက္သာတဲ့ အေကာင္းမြန္ဆုံး အသုံးျပဳမႈ အေတြ႕အႀကဳံေတြကို အစဥ္အၿမဲ ေပးအပ္ေနၿပီး အနာဂတ္မွာလည္း ပိုမိုထူးျခားၿပီး စိတ္လႈပ္ရွားစရာေကာင္းတဲ့ ဝန္ေဆာင္မႈေတြ၊ ထုတ္ကုန္ေတြကို ဆက္လက္ ေပးအပ္သြားဖို႔ အသင့္ပါပဲ” ဟု တယ္လီေနာျမန္မာ၏ ေဈးကြက္ေဖာ္ေဆာင္ေရး အရာရွိခ်ဳပ္ Amaresh Kumar က ေျပာၾကားသည္။

D.Magic ဒစ္ဂ်စ္တယ္ပလက္ေဖာင္းကို http://tmm.8elements.mobi/disney/club မွတဆင့္ ဝင္ေရာက္ ႏိုင္မည္ ျဖစ္ၿပီး Android ဖုန္းသုံးစြဲသူမ်ားသာ ေဒါင္းလုပ္ရယူႏိုင္မည္ျဖစ္သည္။ အဆိုပါပလက္ေဖာင္းကို တယ္လီေနာ ၏ မိတ္ဖက္ 8 Elements Ltd. က စီမံခန႔္ခြဲျခင္းျဖစ္သည္။

တယ္လီေနာျမန္မာသည္ ျမန္မာႏိုင္ငံတဝန္း၌ သင့္တင့္သည့္ေဈးႏႈန္းျဖင့္ လြယ္ကူစြာ ရယူႏိုင္သည့္ မိုဘိုင္း ဆက္သြယ္ေရးဝန္ေဆာင္မႈမ်ားသာမက ထူးျခားဆန္းသစ္ေသာ သီးသန႔္ အပိုထပ္ေဆာင္း ဝန္ေဆာင္မႈမ်ား ကိုလည္း ေပးအပ္လ်က္ရွိသည္။ တယ္လီေနာျမန္မာသည္ အသုံးျပဳသူမ်ား၏ ေန႔စဥ္လူမႈဘဝအတြက္ အေထာက္ အကူ ျဖစ္ေစရန္ ရည္႐ြယ္၍ ျပည္တြင္းမွ အေၾကာင္းအရာမ်ား၊ ၿပိဳင္ပြဲအစီအစဥ္မ်ားႏွင့္ အႏုပညာ သတင္းမ်ားအား တစ္ေနရာ တည္းတြင္ ရယူၾကည့္ရႈႏိုင္မည့္ Wowbox အက္ပလီေကးရွင္းကိုလည္း ၂၀၁၇ ခုႏွစ္၊ မတ္လတြင္ စတင္ မိတ္ဆက္ခဲ့သည္။ အလားတူပင္ ၂၀၁၈ ခုႏွစ္၊ ေမလတြင္ တယ္လီေနာျမန္မာသည္ Huawei ႏွင့္ WowBox တို႔ႏွင့္ လက္တြဲ၍ ျမန္မာ၊ ထိုင္း၊ တ႐ုတ္၊ ေဟာလိဝုဒ္ႏွင့္ အျခားႏိုင္ငံမ်ားစြာမွ ဇာတ္ကားမ်ား၊ ႐ုပ္ရွင္စီးရီးမ်ား၊ ဗီဒီယိုမ်ား အျပင္ မ်ားစြာေသာ ဗီဒီယိုဇာတ္လမ္းတိုမ်ားကို ၾကည့္ရႈႏိုင္မည့္ WowPlay အက္ပလီေကးရွင္းကိုလည္း မိတ္ဆက္ခဲ့ သည္။

[Unicode]

မိုဘိုင်းဖုန်းဖြင့် အသုံးပြုနိုင်မည့် Disney ပလက်ဖောင်းကို မြန်မာနိုင်ငံတွင် ပထမဆုံးအဖြစ် တယ်လီနော မိတ်ဆက်

· D.Magic အမည်ရသည့် ဒစ်ဂျစ်တယ်ပလက်ဖောင်းတွင် Disney၊ Pixer၊ Marvel နှင့် Star Wars မူပိုင် ဂိမ်းများ၊ မိုဘိုင်း အက်ပလီကေးရှင်းများနှင့် wallpaper များ အပါအဝင် ဖျော်ဖြေရေး အစီအစဉ်ပေါင်းများစွာပါဝင်

· ဧပြီလ ၁၀ ရက်နေ့ နောက်ဆုံးထားကာ ဤဝန်ဆောင်မှုကိုစာရင်းပေးသွင်းရယူပါက ပထမဆုံးရက်သတ္တပတ်တွင် အခမဲ့ အသုံးပြုနိုင်မည်ဖြစ်ပြီး နောက်ပိုင်းတွင် အပတ်စဉ်စာရင်းပေးသွင်းခ ၃၁၅ ကျပ်မျှကျသင့်မည်ဖြစ်

D.Magic အမည်ရ ဒစ်ဂျစ်တယ်ပလက်ဖောင်းအသစ်မှတဆင့် ဒစ်စနေးမူပိုင်ဖျော်ဖြေရေးအစီအစဉ်များအား မြန်မာနိုင်ငံတွင် ပထမဆုံးအဖြစ် တယ်လီနောသုံးစွဲသူများ ရယူအသုံးပြု နိုင်တော့မည် ဖြစ်သည်။ Disney၊ Pixar၊ Marvel နှင့် Star Wars တို့၏ မူပိုင်မိုဘိုင်းဂိမ်းများ၊ အက်ပလီကေးရှင်းများ နှင့် live wallpapers များ ၂၅၀ ကျော်ကို အဆိုပါ ဒစ်ဂျစ်တယ်ပလက်ဖောင်းပေါ်တွင် ရယူနိုင်မည်ဖြစ်ပြီး ယင်း အစီအစဉ်များကိုလည်း အပတ်စဉ် အသစ်တိုးချဲ့နေမည်ဖြစ်ရာ ပရိသတ်များအနေဖြင့် မည်သည့် အခါမှ မရိုးအီသော Disney ဇာတ်လမ်းများကို လက်တကမ်းတွင် အလွယ်တကူရယူကာ အကောင်းဆုံး အတွေ့အကြုံ များကို ခံစား နိုင်တော့မည် ဖြစ်သည်။

အကောင်းမွန်ဆုံးသော ထူးခြားဆန်းသစ်သည့် ဝန်ဆောင်မှုများအား ဈေးနှုန်းသက်သာစွာဖြင့် အသုံးပြုသူများထံ ပေး အပ်သွားနိုင်ရန်ဟူသည့် တယ်လီနောမြန်မာ၏ ရည်သန်ချက်နှင့်အညီ အသုံးပြုသူများအနေနှင့် အဆိုပါ D.Magic ဒစ်ဂျစ်တယ် ပလက်ဖောင်းကို အသုံးပြုရန်အတွက် ကုန်သွယ်လုပ်ငန်းခွန်အပါအဝင် အပတ်စဉ်စာရင်းပေးသွင်းခ ၃၁၅ ကျပ် မျှသာ ကျသင့်မည် ဖြစ်သည်။ ထို့အပြင် တစ်ကြိမ်စာရင်းပေးသွင်းပါက credit ၄ ခု ရရှိမည်ဖြစ်ပြီး အဆိုပါ credit များအား အသုံးပြု၍ ပလက်ဖောင်းပေါ်ရှိ အစီအစဉ် ၄ မျိုးအား ဒေါင်းလုတ်ရယူခွင့် ရှိမည် ဖြစ်သည်။

ဧပြီလ ၁၀ ရက်နေ့ နောက်ဆုံးထားကာ ဤဝန်ဆောင်မှုကို စာရင်းပေးသွင်းရယူပါက ပထမဆုံးရက်သတ္တပတ်တွင် အခမဲ့အသုံးပြုနိုင်မည်ဖြစ်ပြီး နောက်ပိုင်းတွင် အပတ်စဉ်စာရင်းပေးသွင်းခ ၃၁၅ ကျပ်မျှကျသင့်မည်ဖြစ်ကာ ရက် သတ္တပတ် တစ်ပတ်ချင်း အလိုအလျောက် သက်တမ်းတိုးသွားမည်ဖြစ်သည်။

“ဘယ်လို အသက်အရွယ်အပိုင်းအခြားမဆို Disney ဇာတ်ကောင်တွေကို ချစ်ခင်နှစ်သက်ကြပါတယ်။ အခုလို D.Magic ပလက်ဖောင်းကို ဝင်ရောက်ခွင့်ရရှိနိုင်ပြီဖြစ်တဲ့အတွက် မြန်မာနိုင်ငံမှာရှိတဲ့ တယ်လီနော အသုံးပြုသူတွေ အနေနဲ့ သူတို့ အနှစ်သက်ဆုံး Disney ဇာတ်ကောင်တွေကို နေ့စဉ်ဘဝမှာ ပြန်လည်ပိုင်ဆိုင်သွားနိုင်တော့မှာ ဖြစ်ပြီး သူတို့ရဲ့ ငယ်ဘဝအမှတ်တရတွေကိုလည်း ပြန်ပြောင်းသတိရသွားနိုင်မှာ ဖြစ်ပါတယ်။ အခုလို စိတ်လှုပ်ရှားစရာ အစီအစဉ်တွေကို တယ်လီနောသုံးစွဲသူတွေဆီ ပထမဆုံးအကြိမ်အဖြစ် ယူဆောင်လာပေးနိုင်ခဲ့တဲ့အတွက် အရမ်းကို ဝမ်းမြောက်မိပါတယ်။ ယခုလက်ရှိမှာ မြန်မာနိုင်ငံက အသုံးပြုသူအနေနဲ့ D.Magic ရဲ့ ထိပ်တန်းဖျော်ဖြေရေး အစီအစဉ်များစွာ ရယူနိုင်ပြီဖြစ်သလို အနာဂတ်မှာလည်း ပိုမိုကောင်းမွန်တဲ့အစီအစဉ်များစွာကို ထပ်မံထည့်သွင်း ပေးသွားမှာ ဖြစ်ပါတယ်။ တယ်လီနောမြန်မာအနေနဲ့ မြန်မာနိုင်ငံက အသုံးပြုသူတွေအတွက် ထူးခြားဆန်းသစ်ပြီး ဈေးနှုန်း သက်သာတဲ့ အကောင်းမွန်ဆုံး အသုံးပြုမှု အတွေ့အကြုံတွေကို အစဉ်အမြဲ ပေးအပ်နေပြီး အနာဂတ်မှာလည်း ပိုမိုထူးခြားပြီး စိတ်လှုပ်ရှားစရာကောင်းတဲ့ ဝန်ဆောင်မှုတွေ၊ ထုတ်ကုန်တွေကို ဆက်လက် ပေးအပ်သွားဖို့ အသင့်ပါပဲ” ဟု တယ်လီနောမြန်မာ၏ ဈေးကွက်ဖော်ဆောင်ရေး အရာရှိချုပ် Amaresh Kumar က ပြောကြားသည်။

D.Magic ဒစ်ဂျစ်တယ်ပလက်ဖောင်းကို http://tmm.8elements.mobi/disney/club မှတဆင့် ဝင်ရောက် နိုင်မည် ဖြစ်ပြီး Android ဖုန်းသုံးစွဲသူများသာ ဒေါင်းလုပ်ရယူနိုင်မည်ဖြစ်သည်။ အဆိုပါပလက်ဖောင်းကို တယ်လီနော ၏ မိတ်ဖက် 8 Elements Ltd. က စီမံခန့်ခွဲခြင်းဖြစ်သည်။

တယ်လီနောမြန်မာသည် မြန်မာနိုင်ငံတဝန်း၌ သင့်တင့်သည့်ဈေးနှုန်းဖြင့် လွယ်ကူစွာ ရယူနိုင်သည့် မိုဘိုင်း ဆက်သွယ်ရေးဝန်ဆောင်မှုများသာမက ထူးခြားဆန်းသစ်သော သီးသန့် အပိုထပ်ဆောင်း ဝန်ဆောင်မှုများ ကိုလည်း ပေးအပ်လျက်ရှိသည်။ တယ်လီနောမြန်မာသည် အသုံးပြုသူများ၏ နေ့စဉ်လူမှုဘဝအတွက် အထောက် အကူ ဖြစ်စေရန် ရည်ရွယ်၍ ပြည်တွင်းမှ အကြောင်းအရာများ၊ ပြိုင်ပွဲအစီအစဉ်များနှင့် အနုပညာ သတင်းများအား တစ်နေရာ တည်းတွင် ရယူကြည့်ရှုနိုင်မည့် Wowbox အက်ပလီကေးရှင်းကိုလည်း ၂၀၁၇ ခုနှစ်၊ မတ်လတွင် စတင် မိတ်ဆက်ခဲ့သည်။ အလားတူပင် ၂၀၁၈ ခုနှစ်၊ မေလတွင် တယ်လီနောမြန်မာသည် Huawei နှင့် WowBox တို့နှင့် လက်တွဲ၍ မြန်မာ၊ ထိုင်း၊ တရုတ်၊ ဟောလိဝုဒ်နှင့် အခြားနိုင်ငံများစွာမှ ဇာတ်ကားများ၊ ရုပ်ရှင်စီးရီးများ၊ ဗီဒီယိုများ အပြင် များစွာသော ဗီဒီယိုဇာတ်လမ်းတိုများကို ကြည့်ရှုနိုင်မည့် WowPlay အက်ပလီကေးရှင်းကိုလည်း မိတ်ဆက်ခဲ့ သည်။