[Zawgyi]

ပူးေပါင္းေဆာင္႐ြက္မႈ၏ ပထမအဆင့္အျဖစ္ ‘တိုးတက္’ သည္ အပိုထပ္ေဆာင္း ပညာေရး ဝန္ေဆာင္မႈ အသစ္ ၂ ခု ျဖစ္သည့္ တကၠသိုလ္ဝင္တန္း စာေမးပြဲ အေထာက္အကူျပဳ SMS ဝန္ေဆာင္မႈႏွင့္ ဘာသာစကား ေလ့လာျခင္းဆိုင္ရာ IVR (Interactive Voice Response) ဝန္ေဆာင္မႈမ်ားအား စတင္ေပးအပ္သြားမည္ျဖစ္သည္။

တယ္လီေနာျမန္မာ၏ အသုံးျပဳသူမ်ား အေနႏွင့္ ၿပီးျပည့္စုံေသာ ဆက္သြယ္ခ်ိတ္ဆက္ႏိုင္စြမ္း၏ အက်ိဳးေက်းဇူးမ်ားအား ရရွိခံစားႏိုင္ေစရန္ႏွင့္ မိုဘိုင္းဖုန္းမွတဆင့္လည္း အဆင္ေျပလြယ္ကူစြာ ပညာသင္ၾကားႏိုင္သည္ ဟူေသာ အခ်က္အား သိရွိေစရန္ ရည္႐ြယ္ခ်က္ျဖင့္ တယ္လီေနာျမန္မာသည္ ယေန႔တြင္ ‘တိုးတက္ – Learn to Grow’ ပညာေရး ဝန္ေဆာင္မႈ ပလက္ေဖာင္းမွတဆင့္ ျမန္မာႏိုင္ငံတဝန္းရွိ ေက်ာင္းသားေက်ာင္းသူမ်ားႏွင့္ လူငယ္မ်ားအတြက္ ဆန္းသစ္ေသာ အပိုထပ္ေဆာင္း ပညာေရး ဝန္ေဆာင္မႈမ်ားအား စတင္ေပးအပ္သြားေတာ့မည္ ျဖစ္သည္။

အဆိုပါ ‘တိုးတက္’ ပညာေရး ဝန္ေဆာင္မႈ ပလက္ေဖာင္းအား မိတ္ဖက္အဖြဲ႕အစည္း ၄ ခု ျဖစ္သည့္ MONO Technology Myanmar, TMAM Limited, ConceptX ႏွင့္ 360ed (Visioneering Learning) တို႔ႏွင့္ ပူးေပါင္းေပးအပ္ျခင္း ျဖစ္ၿပီး ပူးေပါင္းေဆာင္႐ြက္မႈဆိုင္ရာ လက္မွတ္ေရးထိုးသည့္ အခမ္းအနားအား ယေန႔ (၂၀၁၉ ခုႏွစ္၊ ဇြန္လ ၂၆ ရက္) တြင္ Sule Shangrila ဟိုတယ္၌ က်င္းပျပဳလုပ္ခဲ့ၿပီး ဖိတ္ၾကားထားေသာ ဧည့္သည္ေတာ္မ်ားႏွင့္ မီဒီယာမ်ား တက္ေရာက္ခဲ့ၾကသည္။

ဤ ပူးေပါင္းေဆာင္႐ြက္မႈ၏ ပထမအဆင့္အျဖစ္ ‘တိုးတက္’ သည္ အပိုထပ္ေဆာင္း (VAS) ပညာေရး ဝန္ေဆာင္မႈ အသစ္ ၂ ခုျဖစ္သည့္ တကၠသိုလ္ဝင္တန္း စာေမးပြဲ အေထာက္အကူျပဳ SMS ဝန္ေဆာင္မႈႏွင့္ ဘာသာစကား ေလ့လာျခင္းဆိုင္ရာ အသံဝန္ေဆာင္မႈတို႔အား စတင္ေပးအပ္သြားမည္ ျဖစ္သည္။

တကၠသိုလ္ဝင္တန္း စာေမးပြဲ အေထာက္အကူျပဳ SMS ဝန္ေဆာင္မႈမ်ား

ပညာေရးပိုင္းဆိုင္ရာ ဝန္ေဆာင္မႈမ်ားအား အလြယ္တကူ ရယူသင္ၾကားသြားႏိုင္ေစရန္ ရည္႐ြယ္ခ်က္ ျဖင့္ ေပးအပ္သြားမည့္ ဤ တကၠသိုလ္ဝင္တန္း စာေမးပြဲ အေထာက္အကူျပဳ SMS ဝန္ေဆာင္မႈမ်ား မွတဆင့္ ေက်ာင္းသားေက်ာင္းသူမ်ားသည္ ၎တို႔၏ မိုဘိုင္းဖုန္းမ်ားမွတဆင့္ သက္ဆိုင္ရာ ပညာရပ္ သင္ခန္းစာမ်ားအား အလြယ္တကူ ရယူသင္ၾကားသြားႏိုင္မည္ ျဖစ္သည္။ ေက်ာင္းသားေက်ာင္းသူမ်ားသည္ ျမန္မာ၊ အဂၤလိပ္၊ ဇီဝေဗဒ၊ ဓာတုေဗဒ၊ ႐ူပေဗဒႏွင့္ ေဘာဂေဗဒ ဘာသာရပ္မ်ား အနက္ ၎တို႔ သင္ယူလိုသည့္ ဘာသာရပ္မ်ားအတြက္ သင္ခန္းစာမ်ား ဝန္ေဆာင္မႈမ်ားအား ဖုန္းနံပါတ္ 6622 သို႔ [MYAN သို႔ EN သို႔ BIO သို႔ CHEM သို႔ PHYS သို႔ ECO ႏွင့္ ထို႔ေနာက္တြင္ ON] ဟု ႐ိုက္ႏွိပ္ေပးပို႔လိုက္ျခင္းျဖင့္ အလြယ္တကူ စာရင္းေပးသြင္း ရယူသင္ၾကားသြားႏိုင္မည္ ျဖစ္သည္။ ထိုသို႔ စာရင္းေပးသြင္းရာတြင္ ဘာသာရပ္ တစ္ခုစီတိုင္းအတြက္ ရက္သတၱပတ္ ၁ ပတ္ (၇ ရက္) လွ်င္ ကုန္သြယ္လုပ္ငန္းခြန္ အပါအဝင္ ၃၁၅ က်ပ္မွ်သာ က်သင့္မည္ ျဖစ္သည္။ ဥပမာအားျဖင့္ ျမန္မာစာ ဘာသာရပ္ႏွင့္ ပတ္သက္သည့္ သင္ခန္းစာ ဝန္ေဆာင္မႈမ်ားအား ရယူလိုပါက 6622 သို႔ MYAN ON ဟု ႐ိုက္ႏွိပ္ေပးပို႔ရမည္ ျဖစ္ၿပီး ၇ ရက္တာ သင္ခန္းစာမ်ားအတြက္ ၃၁၅ က်ပ္ က်သင့္မည္ ျဖစ္သည္။

ထိုသို႔ စာရင္းေပးသြင္းၿပီးသည္ႏွင့္ တၿပိဳင္နက္ အသုံးျပဳသူမ်ားသည္ စာရင္းေပးသြင္းထားသည့္ တစ္ဘာသာခ်င္းစီ အတြက္ တစ္ရက္လွ်င္ SMS ၂ ေစာင္ (မနက္ ၉ နာရီႏွင့္ ေန႔လည္ ၃ နာရီ) ရရွိမည္ျဖစ္ၿပီး အဆိုပါ SMS မ်ားတြင္ မွန္/မွား၊ အေျဖမွန္ေ႐ြးခ်ယ္ျခင္း ႏွင့္ ကြက္လပ္ျဖည့္ပါ သင္ခန္းစာမ်ားအတြက္ ေမးခြန္းမ်ားႏွင့္ အေျဖမ်ား ျပည့္စုံစြာ ပါရွိမည္ ျဖစ္သည္။ သင္ခန္းစာတစ္ခုခ်င္းစီတိုင္းအား သက္ဆိုင္ရာ ဘာသာရပ္ကြၽမ္းက်င္သူမ်ားပါဝင္သည့္ အဖြဲ႕ႏွင့္ သက္ဆိုင္ရာ ဘာသာရပ္ သင္ၾကားသည့္ တကၠသိုလ္ဝင္တန္း ဆရာ၊ဆရာမမ်ား ပူးေပါင္း၍ ျပဳစုထားျခင္း ျဖစ္သည္။ အဆိုပါ သင္ခန္းစာ မ်ားအား ႏိုင္ငံတဝန္းမွ တကၠသိုလ္ဝင္တန္း စာေမးပြဲ ေျဖၾကားမည့္ ေက်ာင္းသား၊ ေက်ာင္းသူမ်ား အတြက္ တရားဝင္ ေရးဆြဲထားသည့္ ျပဌာန္းစာအုပ္မ်ားထံမွ ရယူေကာက္ႏုတ္ထားျခင္း ျဖစ္သည္။ ထို႔အျပင္ အဆိုပါ သင္ခန္းစာ တစ္ခုခ်င္းစီတိုင္းအား ေ႐ြးခ်ယ္ရာတြင္ ေက်ာင္းသားေက်ာင္းသူမ်ား အလြယ္တကူ နားလည္ သေဘာေပါက္ေစရန္ႏွင့္ ၎တို႔အတြက္ အေထာက္အကူျဖစ္ေစရန္ ရည္႐ြယ္၍ အဆင့္ေပါင္း ၈ ဆင့္မွ ၁၂ ဆင့္အထိ ပါဝင္သည့္ စစ္ေဆးအကဲျဖတ္မႈစနစ္ျဖင့္ ေ႐ြးခ်ယ္ထားျခင္း ျဖစ္သည္။

Ko Soe Htet ( ConceptX )

ဘာသာစကားေလ့လာျခင္းဆိုင္ရာ IVR (Interactive Voice Response) ဝန္ေဆာင္မႈမ်ား

တယ္လီေနာျမန္မာသည္ အထက္ပါ တကၠသိုလ္ဝင္တန္း စာေမးပြဲ အေထာက္အကူျပဳ SMS ဝန္ေဆာင္မႈမ်ားအျပင္ ႏိုင္ငံျခား ဘာသာစကားမ်ားအား ေလ့လာရန္ စိတ္ပါဝင္စားေသာ ၎၏ အသုံးျပဳသူမ်ားအတြက္ ဘာသာစကားေလ့လာျခင္းဆိုင္ရာ IVR (Interactive Voice Response) ဝန္ေဆာင္မႈကိုလည္း စတင္ေပးအပ္လိုက္ၿပီး အသုံးျပဳသူမ်ား အေနႏွင့္ ၎တို႔ စိတ္ပါဝင္ေစားေသာ ဘာသာရပ္မ်ားအား အခ်ိန္မေ႐ြး အဆင္ ေျပလြယ္ကူစြာ ေလ့လာသင္ၾကားသြားႏိုင္ေတာ့မည္ ျဖစ္သည္။ လက္ရွိတြင္ အသုံးျပဳသူမ်ားအေနႏွင့္ အဂၤလိပ္၊ ထိုင္း၊ ကိုရီးယားႏွင့္ ဂ်ပန္ ဘာသာစကားမ်ားအတြက္ စကားစုမ်ား၊ ေန႔စဥ္သုံး စကားရပ္မ်ားႏွင့္ သဒၵါ သင္ခန္းစာမ်ားအား ရယူသင္ၾကားသြားႏိုင္မည္ ျဖစ္သည္။ အသုံးျပဳသူမ်ားသည္ ဘာသာရပ္တစ္ခုခ်င္းစီတိုင္းအတြက္ သတ္မွတ္ေပး ထားသည့္ ကုတ္နံပါတ္မ်ားအား တိုက္႐ိုက္ဖုန္းေခၚဆို၍ သင္ခန္းစာမ်ားအား စာရင္းေပးသြင္းရယူသြားႏိုင္မည္ ျဖစ္ၿပီး ဘာသာရပ္တစ္ခုခ်င္း စီတိုင္းအတြက္ စာရင္းေပးသြင္းခႏႈန္းထားမွာ ရက္သတၱပတ္ ၁ ပတ္လွ်င္ ကုန္သြယ္လုပ္ငန္းခြန္ အပါအဝင္ ၃၁၅ က်ပ္မွ် သာ က်သင့္မည္ ျဖစ္သည္။

ထိုသို႔ စာရင္းေပးသြင္းၿပီးသည္ႏွင့္ အသုံးျပဳသူမ်ားသည္ ေပးအပ္ထားသည့္ သင္ခန္းစာမ်ားအား ၇ ရက္အတြင္း အကန႔္အသတ္မရွိ ေခၚဆိုသင္ယူႏိုင္မည္ ျဖစ္သည္။ သင္ခန္းစာမ်ားအား တစ္ပတ္လွ်င္ တစ္ႀကိမ္ျပင္ဆင္ေပးသြားမည္ ျဖစ္သည့္အတြက္ အသုံးျပဳသူမ်ားသည္ အပတ္စဥ္ မတူညီေသာ သင္ခန္းစာမ်ားအား သင္ယူသြားႏိုင္မည္ ျဖစ္သည္။ ဘာသာရပ္တစ္ခုစီတိုင္းအတြက္ တိုက္႐ိုက္ဖုန္းေခၚဆိုခြင့္ ကုတ္နံပါတ္မ်ားမွာ ေအာက္ပါအတိုင္းျဖစ္သည္။

– အဂၤလိပ္ : 3071

– ထိုင္း: 3072

– ကိုရီးယား: 3073

– ဂ်ပန္: 3074

အလားတူပင္ တယ္လီေနာအသုံးျပဳသူမ်ားသည္ 307 သို႔ တိုက္႐ိုက္ ဖုန္းေခၚဆို၍လည္း ၎တို႔ ႀကိဳက္ႏွစ္သက္ရာ ဘာသာစကားေလ့လာျခင္းဆိုင္ရာ IVR ဝန္ေဆာင္မႈအား ေ႐ြးခ်ယ္ရယူသြားႏိုင္မည္ ျဖစ္သည္။

Mr. Tamas Magda ( TMAM )

“အသုံးျပဳသူေတြအတြက္ ဆန္းသစ္မႈရွိၿပီး အသုံးဝင္တဲ့ ဝန္ေဆာင္မႈ ေတြကို ေဈးႏႈန္းသက္သက္သာသာ နဲ႔ ေပးအပ္သြား ႏိုင္ဖို႔ အၿမဲတမ္း ရွာေဖြေဖာ္ေဆာင္ေနတဲ့ ကုမၸဏီတစ္ခု ျဖစ္သည္ႏွင့္အညီ တယ္လီေနာအေနနဲ႔ အခုလို ႏိုင္ငံတဝန္းက အသုံးျပဳသူေတြအတြက္ ဆန္းသစ္မႈရွိၿပီး အဆင္ေျပလြယ္ကူေစတဲ့ ပညာေရး ဝန္ေဆာင္မႈ ပလက္ေဖာင္း တစ္ခုကို ေပးအပ္ႏိုင္ခဲ့တဲ့အတြက္ အရမ္းကို ဝမ္းေျမာက္မိပါတယ္။ ‘တိုးတက္’ ဝန္ေဆာင္မႈမွာ အခု ရရွိေနတဲ့ ဝန္ေဆာင္မႈေတြဟာ ေက်ာင္းသားေက်ာင္းသူေတြနဲ႔ လူငယ္ေတြ တစ္ဦးခ်င္းစီတိုင္းရဲ႕ ကြၽမ္းက်င္မႈေတြ၊ ဗဟုသုတေတြကို အခ်ိန္တို အတြင္း အဆင့္ျမင့္မားလာေစႏိုင္မွာ ျဖစ္တယ္လို႔ ကြၽန္ေတာ္ ယုံၾကည္ပါတယ္။ ျမန္မာႏိုင္ငံ ေလွ်ာက္လွမ္းေနတဲ့ ဒစ္ဂ်စ္တယ္ ခရီးလမ္းမွာ ပံ့ပိုးကူညီသြားဖို႔ ရည္သန္ထားတဲ့ မိတ္ဖက္ အဖြဲ႕အစည္း တစ္ခု ျဖစ္တာနဲ႔ အညီ တယ္လီေနာျမန္မာ အေနနဲ႔ အသုံးျပဳသူေတြအတြက္ အက်ိဳးေက်းဇူးေတြ ရရွိေစမယ့္ ပိုမိုဆန္းသစ္တဲ့ လုပ္ေဆာင္ခ်က္ေတြကို ဆက္လက္ ဖန္တီးသြားဖို႔ အစဥ္မျပတ္ လုပ္ေဆာင္ေနပါတယ္” ဟု တယ္လီေနာျမန္မာ၏ ေဈးကြက္ေဖာ္ေဆာင္ေရးဆိုင္ရာ အရာရွိခ်ဳပ္ ျဖစ္သူ Amaresh Kumar က ေျပာၾကားသည္။

ဝန္ေဆာင္မႈ ၂ ခုလုံးတြင္ ႏွစ္စဥ္စာရင္းေပးသြင္းမႈစနစ္ အသုံးျပဳထားၿပီး ဝန္ေဆာင္မႈအား စာရင္းေပးသြင္းရယူလိုက္သည့္ အခ်ိန္မွစ၍ ရပ္တန႔္မႈ မျပဳလုပ္မီ အခ်ိန္အထိ အပတ္စဥ္ ေငြေပးေခ်မႈ စနစ္ျဖင့္ က်သင့္ေငြမ်ားအား ေကာက္ခံသြားမည္ ျဖစ္သည္။ အသုံးျပဳသူမ်ားသည္ ရယူမႈ ရပ္တန႔္လိုေသာ ဘာသာရပ္မ်ားအေပၚ မူတည္၍ [MYAN သို႔ EN သို႔ BIO သို႔ CHEM သို႔ PHYS သို႔ ECO ႏွင့္ ထို႔ေနာက္တြင္ OFF] ဟု ႐ိုက္ႏွိပ္ေပးပို႔လိုက္ျခင္းျဖင့္ တကၠသိုလ္ဝင္တန္း စာေမးပြဲ အေထာက္အကူျပဳ SMS ဝန္ေဆာင္မႈမ်ားအား ရယူမႈကို အလြယ္တကူ ရပ္တန႔္ႏိုင္မည္ ျဖစ္သည္။

အလားတူပင္ အသုံးျပဳသူမ်ားသည္ ဘာသာစကားေလ့လာျခင္းဆိုင္ရာ IVR ဝန္ေဆာင္မႈ ရယူျခင္းအားလည္း *979*3*2# သို႔ တိုက္႐ိုက္ဖုန္းေခၚဆို၍ အလြယ္တကူ ရပ္တန႔္ႏိုင္မည္ ျဖစ္သည္။

[Unicode]

တယ်လီနောမြန်မာ၏ ‘တိုးတက် – Learn to Grow’ ပလက်ဖောင်း မှတဆင့် ဆန်းသစ်သော အပိုထပ်ဆောင်း ပညာရေး ဝန်ဆောင်မှုများအား စတင်ပေးအပ်

ပူးပေါင်းဆောင်ရွက်မှု၏ ပထမအဆင့်အဖြစ် ‘တိုးတက်’ သည် အပိုထပ်ဆောင်း ပညာရေး ဝန်ဆောင်မှု အသစ် ၂ ခု ဖြစ်သည့် တက္ကသိုလ်ဝင်တန်း စာမေးပွဲ အထောက်အကူပြု SMS ဝန်ဆောင်မှုနှင့် ဘာသာစကား လေ့လာခြင်းဆိုင်ရာ IVR (Interactive Voice Response) ဝန်ဆောင်မှုများအား စတင်ပေးအပ်သွားမည်ဖြစ်သည်။

တယ်လီနောမြန်မာ၏ အသုံးပြုသူများ အနေနှင့် ပြီးပြည့်စုံသော ဆက်သွယ်ချိတ်ဆက်နိုင်စွမ်း၏ အကျိုးကျေးဇူးများအား ရရှိခံစားနိုင်စေရန်နှင့် မိုဘိုင်းဖုန်းမှတဆင့်လည်း အဆင်ပြေလွယ်ကူစွာ ပညာသင်ကြားနိုင်သည် ဟူသော အချက်အား သိရှိစေရန် ရည်ရွယ်ချက်ဖြင့် တယ်လီနောမြန်မာသည် ယနေ့တွင် ‘တိုးတက် – Learn to Grow’ ပညာရေး ဝန်ဆောင်မှု ပလက်ဖောင်းမှတဆင့် မြန်မာနိုင်ငံတဝန်းရှိ ကျောင်းသားကျောင်းသူများနှင့် လူငယ်များအတွက် ဆန်းသစ်သော အပိုထပ်ဆောင်း ပညာရေး ဝန်ဆောင်မှုများအား စတင်ပေးအပ်သွားတော့မည် ဖြစ်သည်။

အဆိုပါ ‘တိုးတက်’ ပညာရေး ဝန်ဆောင်မှု ပလက်ဖောင်းအား မိတ်ဖက်အဖွဲ့အစည်း ၄ ခု ဖြစ်သည့် MONO Technology Myanmar, TMAM Limited, ConceptX နှင့် 360ed (Visioneering Learning) တို့နှင့် ပူးပေါင်းပေးအပ်ခြင်း ဖြစ်ပြီး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ လက်မှတ်ရေးထိုးသည့် အခမ်းအနားအား ယနေ့ (၂၀၁၉ ခုနှစ်၊ ဇွန်လ ၂၆ ရက်) တွင် Sule Shangrila ဟိုတယ်၌ ကျင်းပပြုလုပ်ခဲ့ပြီး ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် မီဒီယာများ တက်ရောက်ခဲ့ကြသည်။

ဤ ပူးပေါင်းဆောင်ရွက်မှု၏ ပထမအဆင့်အဖြစ် ‘တိုးတက်’ သည် အပိုထပ်ဆောင်း (VAS) ပညာရေး ဝန်ဆောင်မှု အသစ် ၂ ခုဖြစ်သည့် တက္ကသိုလ်ဝင်တန်း စာမေးပွဲ အထောက်အကူပြု SMS ဝန်ဆောင်မှုနှင့် ဘာသာစကား လေ့လာခြင်းဆိုင်ရာ အသံဝန်ဆောင်မှုတို့အား စတင်ပေးအပ်သွားမည် ဖြစ်သည်။

တက္ကသိုလ်ဝင်တန်း စာမေးပွဲ အထောက်အကူပြု SMS ဝန်ဆောင်မှုများ

ပညာရေးပိုင်းဆိုင်ရာ ဝန်ဆောင်မှုများအား အလွယ်တကူ ရယူသင်ကြားသွားနိုင်စေရန် ရည်ရွယ်ချက် ဖြင့် ပေးအပ်သွားမည့် ဤ တက္ကသိုလ်ဝင်တန်း စာမေးပွဲ အထောက်အကူပြု SMS ဝန်ဆောင်မှုများ မှတဆင့် ကျောင်းသားကျောင်းသူများသည် ၎င်းတို့၏ မိုဘိုင်းဖုန်းများမှတဆင့် သက်ဆိုင်ရာ ပညာရပ် သင်ခန်းစာများအား အလွယ်တကူ ရယူသင်ကြားသွားနိုင်မည် ဖြစ်သည်။ ကျောင်းသားကျောင်းသူများသည် မြန်မာ၊ အင်္ဂလိပ်၊ ဇီဝဗေဒ၊ ဓာတုဗေဒ၊ ရူပဗေဒနှင့် ဘောဂဗေဒ ဘာသာရပ်များ အနက် ၎င်းတို့ သင်ယူလိုသည့် ဘာသာရပ်များအတွက် သင်ခန်းစာများ ဝန်ဆောင်မှုများအား ဖုန်းနံပါတ် 6622 သို့ [MYAN သို့ EN သို့ BIO သို့ CHEM သို့ PHYS သို့ ECO နှင့် ထို့နောက်တွင် ON] ဟု ရိုက်နှိပ်ပေးပို့လိုက်ခြင်းဖြင့် အလွယ်တကူ စာရင်းပေးသွင်း ရယူသင်ကြားသွားနိုင်မည် ဖြစ်သည်။ ထိုသို့ စာရင်းပေးသွင်းရာတွင် ဘာသာရပ် တစ်ခုစီတိုင်းအတွက် ရက်သတ္တပတ် ၁ ပတ် (၇ ရက်) လျှင် ကုန်သွယ်လုပ်ငန်းခွန် အပါအဝင် ၃၁၅ ကျပ်မျှသာ ကျသင့်မည် ဖြစ်သည်။ ဥပမာအားဖြင့် မြန်မာစာ ဘာသာရပ်နှင့် ပတ်သက်သည့် သင်ခန်းစာ ဝန်ဆောင်မှုများအား ရယူလိုပါက 6622 သို့ MYAN ON ဟု ရိုက်နှိပ်ပေးပို့ရမည် ဖြစ်ပြီး ၇ ရက်တာ သင်ခန်းစာများအတွက် ၃၁၅ ကျပ် ကျသင့်မည် ဖြစ်သည်။

ထိုသို့ စာရင်းပေးသွင်းပြီးသည်နှင့် တပြိုင်နက် အသုံးပြုသူများသည် စာရင်းပေးသွင်းထားသည့် တစ်ဘာသာချင်းစီ အတွက် တစ်ရက်လျှင် SMS ၂ စောင် (မနက် ၉ နာရီနှင့် နေ့လည် ၃ နာရီ) ရရှိမည်ဖြစ်ပြီး အဆိုပါ SMS များတွင် မှန်/မှား၊ အဖြေမှန်ရွေးချယ်ခြင်း နှင့် ကွက်လပ်ဖြည့်ပါ သင်ခန်းစာများအတွက် မေးခွန်းများနှင့် အဖြေများ ပြည့်စုံစွာ ပါရှိမည် ဖြစ်သည်။ သင်ခန်းစာတစ်ခုချင်းစီတိုင်းအား သက်ဆိုင်ရာ ဘာသာရပ်ကျွမ်းကျင်သူများပါဝင်သည့် အဖွဲ့နှင့် သက်ဆိုင်ရာ ဘာသာရပ် သင်ကြားသည့် တက္ကသိုလ်ဝင်တန်း ဆရာ၊ဆရာမများ ပူးပေါင်း၍ ပြုစုထားခြင်း ဖြစ်သည်။ အဆိုပါ သင်ခန်းစာ များအား နိုင်ငံတဝန်းမှ တက္ကသိုလ်ဝင်တန်း စာမေးပွဲ ဖြေကြားမည့် ကျောင်းသား၊ ကျောင်းသူများ အတွက် တရားဝင် ရေးဆွဲထားသည့် ပြဌာန်းစာအုပ်များထံမှ ရယူကောက်နုတ်ထားခြင်း ဖြစ်သည်။ ထို့အပြင် အဆိုပါ သင်ခန်းစာ တစ်ခုချင်းစီတိုင်းအား ရွေးချယ်ရာတွင် ကျောင်းသားကျောင်းသူများ အလွယ်တကူ နားလည် သဘောပေါက်စေရန်နှင့် ၎င်းတို့အတွက် အထောက်အကူဖြစ်စေရန် ရည်ရွယ်၍ အဆင့်ပေါင်း ၈ ဆင့်မှ ၁၂ ဆင့်အထိ ပါဝင်သည့် စစ်ဆေးအကဲဖြတ်မှုစနစ်ဖြင့် ရွေးချယ်ထားခြင်း ဖြစ်သည်။

Ko Soe Htet ( ConceptX )

ဘာသာစကားလေ့လာခြင်းဆိုင်ရာ IVR (Interactive Voice Response) ဝန်ဆောင်မှုများ

တယ်လီနောမြန်မာသည် အထက်ပါ တက္ကသိုလ်ဝင်တန်း စာမေးပွဲ အထောက်အကူပြု SMS ဝန်ဆောင်မှုများအပြင် နိုင်ငံခြား ဘာသာစကားများအား လေ့လာရန် စိတ်ပါဝင်စားသော ၎င်း၏ အသုံးပြုသူများအတွက် ဘာသာစကားလေ့လာခြင်းဆိုင်ရာ IVR (Interactive Voice Response) ဝန်ဆောင်မှုကိုလည်း စတင်ပေးအပ်လိုက်ပြီး အသုံးပြုသူများ အနေနှင့် ၎င်းတို့ စိတ်ပါဝင်စေားသော ဘာသာရပ်များအား အချိန်မရွေး အဆင် ပြေလွယ်ကူစွာ လေ့လာသင်ကြားသွားနိုင်တော့မည် ဖြစ်သည်။ လက်ရှိတွင် အသုံးပြုသူများအနေနှင့် အင်္ဂလိပ်၊ ထိုင်း၊ ကိုရီးယားနှင့် ဂျပန် ဘာသာစကားများအတွက် စကားစုများ၊ နေ့စဉ်သုံး စကားရပ်များနှင့် သဒ္ဒါ သင်ခန်းစာများအား ရယူသင်ကြားသွားနိုင်မည် ဖြစ်သည်။ အသုံးပြုသူများသည် ဘာသာရပ်တစ်ခုချင်းစီတိုင်းအတွက် သတ်မှတ်ပေး ထားသည့် ကုတ်နံပါတ်များအား တိုက်ရိုက်ဖုန်းခေါ်ဆို၍ သင်ခန်းစာများအား စာရင်းပေးသွင်းရယူသွားနိုင်မည် ဖြစ်ပြီး ဘာသာရပ်တစ်ခုချင်း စီတိုင်းအတွက် စာရင်းပေးသွင်းခနှုန်းထားမှာ ရက်သတ္တပတ် ၁ ပတ်လျှင် ကုန်သွယ်လုပ်ငန်းခွန် အပါအဝင် ၃၁၅ ကျပ်မျှ သာ ကျသင့်မည် ဖြစ်သည်။

ထိုသို့ စာရင်းပေးသွင်းပြီးသည်နှင့် အသုံးပြုသူများသည် ပေးအပ်ထားသည့် သင်ခန်းစာများအား ၇ ရက်အတွင်း အကန့်အသတ်မရှိ ခေါ်ဆိုသင်ယူနိုင်မည် ဖြစ်သည်။ သင်ခန်းစာများအား တစ်ပတ်လျှင် တစ်ကြိမ်ပြင်ဆင်ပေးသွားမည် ဖြစ်သည့်အတွက် အသုံးပြုသူများသည် အပတ်စဉ် မတူညီသော သင်ခန်းစာများအား သင်ယူသွားနိုင်မည် ဖြစ်သည်။ ဘာသာရပ်တစ်ခုစီတိုင်းအတွက် တိုက်ရိုက်ဖုန်းခေါ်ဆိုခွင့် ကုတ်နံပါတ်များမှာ အောက်ပါအတိုင်းဖြစ်သည်။

– အင်္ဂလိပ် : 3071

– ထိုင်း: 3072

– ကိုရီးယား: 3073

– ဂျပန်: 3074

အလားတူပင် တယ်လီနောအသုံးပြုသူများသည် 307 သို့ တိုက်ရိုက် ဖုန်းခေါ်ဆို၍လည်း ၎င်းတို့ ကြိုက်နှစ်သက်ရာ ဘာသာစကားလေ့လာခြင်းဆိုင်ရာ IVR ဝန်ဆောင်မှုအား ရွေးချယ်ရယူသွားနိုင်မည် ဖြစ်သည်။

Mr. Tamas Magda ( TMAM )

“အသုံးပြုသူတွေအတွက် ဆန်းသစ်မှုရှိပြီး အသုံးဝင်တဲ့ ဝန်ဆောင်မှု တွေကို ဈေးနှုန်းသက်သက်သာသာ နဲ့ ပေးအပ်သွား နိုင်ဖို့ အမြဲတမ်း ရှာဖွေဖော်ဆောင်နေတဲ့ ကုမ္ပဏီတစ်ခု ဖြစ်သည်နှင့်အညီ တယ်လီနောအနေနဲ့ အခုလို နိုင်ငံတဝန်းက အသုံးပြုသူတွေအတွက် ဆန်းသစ်မှုရှိပြီး အဆင်ပြေလွယ်ကူစေတဲ့ ပညာရေး ဝန်ဆောင်မှု ပလက်ဖောင်း တစ်ခုကို ပေးအပ်နိုင်ခဲ့တဲ့အတွက် အရမ်းကို ဝမ်းမြောက်မိပါတယ်။ ‘တိုးတက်’ ဝန်ဆောင်မှုမှာ အခု ရရှိနေတဲ့ ဝန်ဆောင်မှုတွေဟာ ကျောင်းသားကျောင်းသူတွေနဲ့ လူငယ်တွေ တစ်ဦးချင်းစီတိုင်းရဲ့ ကျွမ်းကျင်မှုတွေ၊ ဗဟုသုတတွေကို အချိန်တို အတွင်း အဆင့်မြင့်မားလာစေနိုင်မှာ ဖြစ်တယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။ မြန်မာနိုင်ငံ လျှောက်လှမ်းနေတဲ့ ဒစ်ဂျစ်တယ် ခရီးလမ်းမှာ ပံ့ပိုးကူညီသွားဖို့ ရည်သန်ထားတဲ့ မိတ်ဖက် အဖွဲ့အစည်း တစ်ခု ဖြစ်တာနဲ့ အညီ တယ်လီနောမြန်မာ အနေနဲ့ အသုံးပြုသူတွေအတွက် အကျိုးကျေးဇူးတွေ ရရှိစေမယ့် ပိုမိုဆန်းသစ်တဲ့ လုပ်ဆောင်ချက်တွေကို ဆက်လက် ဖန်တီးသွားဖို့ အစဉ်မပြတ် လုပ်ဆောင်နေပါတယ်” ဟု တယ်လီနောမြန်မာ၏ ဈေးကွက်ဖော်ဆောင်ရေးဆိုင်ရာ အရာရှိချုပ် ဖြစ်သူ Amaresh Kumar က ပြောကြားသည်။

ဝန်ဆောင်မှု ၂ ခုလုံးတွင် နှစ်စဉ်စာရင်းပေးသွင်းမှုစနစ် အသုံးပြုထားပြီး ဝန်ဆောင်မှုအား စာရင်းပေးသွင်းရယူလိုက်သည့် အချိန်မှစ၍ ရပ်တန့်မှု မပြုလုပ်မီ အချိန်အထိ အပတ်စဉ် ငွေပေးချေမှု စနစ်ဖြင့် ကျသင့်ငွေများအား ကောက်ခံသွားမည် ဖြစ်သည်။ အသုံးပြုသူများသည် ရယူမှု ရပ်တန့်လိုသော ဘာသာရပ်များအပေါ် မူတည်၍ [MYAN သို့ EN သို့ BIO သို့ CHEM သို့ PHYS သို့ ECO နှင့် ထို့နောက်တွင် OFF] ဟု ရိုက်နှိပ်ပေးပို့လိုက်ခြင်းဖြင့် တက္ကသိုလ်ဝင်တန်း စာမေးပွဲ အထောက်အကူပြု SMS ဝန်ဆောင်မှုများအား ရယူမှုကို အလွယ်တကူ ရပ်တန့်နိုင်မည် ဖြစ်သည်။

အလားတူပင် အသုံးပြုသူများသည် ဘာသာစကားလေ့လာခြင်းဆိုင်ရာ IVR ဝန်ဆောင်မှု ရယူခြင်းအားလည်း *979*3*2# သို့ တိုက်ရိုက်ဖုန်းခေါ်ဆို၍ အလွယ်တကူ ရပ်တန့်နိုင်မည် ဖြစ်သည်။