Tesla ဟာ လက်ရှိအချိန်မှာ Electric Car ကုမ္ပဏီတွေထဲမှာ အအောင်မြင်ဆုံးကုမ္ပဏီလို့ပြောလို့ရပါတယ်။ အခုလည်း Tesla ရဲ့ Flagship Electric Sedan ကားဖြစ်တဲ့ Telsa Model S ဟာ Software Update ကနေ တစ်ဆင့်ကြီးမားတဲ့အဆင့်မြှင့်တင်မှုတစ်ခုကို ရရှိလာတော့မှာပါ။

ဒါကတော့ Tesla Model S Long Rage Plus Model မှာ ယခင်တုန်းက တစ်ကြိမ်အားသွင်းပြီးရင် ၃၇၃ မိုင်ပဲ သွားနိုင်တာကနေ Software Update ကနေတစ်ဆင့် ၃၉၀ မိုင်အထိ သွားနိုင်အောင် Update လုပ်ပေးလိုက်တာဖြစ်ပါတယ်။ ဒါကိုတော့ Tesla ရဲ့ CEO ဖြစ်တဲ့ Elon Musk ကိုယ်တိုင်ကနေ Twitter Account မှာ ဖော်ပြခဲ့တာပါ။

 

အခုလိုမျိုး Tesla Model S ဟာ တစ်ကြိမ်အားသွင်းပြီး ၃၉၀ မိုင် (ကီလိုမီတာ ၆၃၀ ဝန်းကျင်)အထိ သွားနိုင်ပြီဖြစ်တဲ့အပြင် Tesla ရဲ့ SUV အမျိုးအစားဖြစ်တဲ့ Model X ကလည်း ယခင် ၃၂၈ မိုင်ပဲ သွားနိုင်တာကနေ ၃၅၁ မိုင်အထိ ယခု Software Update ကနေ တိုးမြှင့်ပေးလိုက်တယ်လို့ သိရပါတယ်။ ဒါတင်မဟုတ်သေးဘဲ ယခု သွားနိုင်တဲ့အကွာအဝေးဟာ EPA Estimated Range တွေပဲဖြစ်ပြီး တကယ်တမ်းမှာတော့ အဆိုပါ Range ထက်တောင် ပိုပြီး သွားနိုင်ဦးမှာဖြစ်တယ်လို့ Elon Musk ကနေ ပြောကြားခဲ့ပါသေးတယ်။

Telsa ကနေ ထုတ်လုပ်တဲ့ကားတွေက Electric Car တွေဖြစ်တဲ့အတွက် တကယ်တမ်းယခုဖော်ပြထားတဲ့ Range ကို မောင်းနှင်ဖို့အတွက်က Battery တွေကို Heat တက်တာလျော့နည်းဖို့လိုအပ်တဲ့အတွက် ပူပြင်းတဲ့ရာသီဥတုအောက်မှာ မောင်းနှင်ရင်တော့ ရရှိဖို့ ခဲယှဥ်းမှာဖြစ်ပါတယ်။

ဘာပဲဖြစ်ဖြစ် Tesla ကနေ ဒီလိုမျိုး တစ်ကြိမ်အားသွင်းရုံနဲ့ မိုင် ၄၀၀ နီးပါးရရှိအောင် Software Update နဲ့တင်ပြုလုပ်ပေးနိင်တာက အထင်ကြီးဖို့ကောင်းသလို နောက်ပိုင်းမှာ လျှပ်စစ်ကားတွေက လောင်စာဆီသုံးကားတွေကို လုံးဝအစားထိုးနိုင်ဖို့များနေပါပြီ။

Ref – Engadget