တရုတ်ရဲ့ အင်တာနက် နည်းပညာ ကုမ္ပဏီကြီး Tencent ဟာ ရောင်းအားကျဆင်းနေတဲ့အပြင် အစိုးရရဲ့ မူဝါဒတွေကြောင့် Non-fungible Token (NFT) ပလက်ဖောင်း ၂ ခုထဲက ၁ ခုကို ရပ်နားလိုက်ပါတယ်။ ဇူလိုင်လ ၁ ရက်နေ့မှာ NFT ပလက်ဖောင်း ၁ ခုကို ရပ်နားလိုက်တာ ဖြစ်ပြီး ကျန်တဲ့ ၁ ခုဟာလည်း ရုန်းကန်နေရပါတယ်။

ဒီလို ရပ်နားရမယ့် အကြောင်းအရင်းတွေဟာ မေလက စတင်ခဲ့တာပါ။ ကုမ္ပဏီဟာ မေလ နောက်ဆုံးပတ်မှာ NFT ပလက်ဖောင်းကို စီမံခန့်ခွဲနေတဲ့ အဓိက အရာရှိတွေကို ရာထူး ပြောင်းရွှေ့ခဲ့ပြီး ဇူလိုင်လ ပထမ အပတ်က Tencent News App ရဲ့ ဒစ်ဂျစ်တယ် Collectible ကဏ္ဍကို လုံးဝ ဖြုတ်ချခဲ့ပါတယ်။

Tencent ปิดแพลตฟอร์ม NFT ของตน อ้างรัฐบาลจีนไม่เอื้ออำนวยให้เติบโตได้ ▻ Siam Bitcoin

အဓိက အကြောင်းအရင်းက ရောင်းအား ကျလို့ ဖြစ်ပြီး နောက် ၁ ချက်က NFT တွေကို ဝယ်ယူပြီးနောက်မှာ ပြန်လည် ရောင်းချခွင့်ကို တားမြစ်လိုက်တဲ့ အစိုးရရဲ့ မူဝါဒကြောင့် ဖြစ်ပါတယ်။ အစိုးရရဲ့ မူဝါဒဟာ NFT တွေကို ဝယ်ယူသူတွေအတွက် အကျိုးအမြတ် မရှိတော့သလို ဖြစ်သွားပါတယ်။

တရုတ်မှာ ဒီနှစ် အစောပိုင်းက NFT တွေကို လူစိတ်ဝင်စားမှု အရမ်းများပြားခဲ့ပြီး Tencent နဲ့ Alibaba တို့လို နည်းပညာ ကုမ္ပဏီများစွာဟာ ကိုယ်ပိုင် ဒစ်ဂျစ်တယ် Collectible ပလက်ဖောင်းတွေကို တည်ထောင်ခဲ့ကြပါတယ်။ နာမည်ကြီးလာတာနဲ့အမျှ အစိုးရရဲ့ အာရုံစိုက်မှု ရလာခဲ့ပြီး အစိုးရက အဲဒီ NFT တွေဟာ လိမ်ညာမှုတွေ ဖြစ်လာနိုင်တယ်လို့ ရင်းနှီးမြှပ်နှံသူတွေကို သတိပေးခဲ့ပါတယ်။

မတ်လမှာ Weibo နဲ့ WeChat တို့လို တရုတ် လူမှုကွန်ရက်တွေဟာ အစိုးရရဲ့ ပိတ်ပင်မှာကို ကြောက်တဲ့အတွက် ဒစ်ဂျစ်တယ် Collectible ပလက်ဖောင်းတွေနဲ့ ချိတ်ဆက်နေတဲ့ အကောင့်တွေကို စတင် ဖယ်ရှားခဲ့ပါတယ်။ ဇွန်လမှာ Alibaba က NFT ပလက်ဖောင်း ၁ ခုကို ကြေညာခဲ့ပေမယ့် မကြာခင်မှာ အင်တာနက်ကနေ အဲဒီ ကြေညာချက်အားလုံးကို ဖျက်ခဲ့ပါတယ်။

Ref : cointelegraph