Tesla က Optimus Gen 2 လူတူစက်ရုပ်ကို  မကြာခင် ရောင်းချတော့မယ်လို့ ပြောပါတယ်။ Optimus Gen 2 မှာ ဖိအား အာရုံခံနိုင်တဲ့ လက်နဲ့ ခြေထောက် အသစ်တွေနဲ့ တခြား တိုးတက်မှုတွေ ပါလာပါတယ်။

လက်ချောင်းအားလုံးဟာ ဖိအားကို အာရုံခံနိုင်ပြီး အရင်မျိုးဆက်ထက် ပိုမြန်၊ ပိုပေါ့ပါးလာပါတယ်။ Tesla ရဲ့ စက်ရုပ် အသစ်ဟာ အရင်ကထက် ၃၀ ရာခိုင်နှုန်း ပိုမြန်လာပြီး ပထမ Optimus စက်ရုပ်ကို ကြေညာပြီးနောက် ၉ လအကြာမှာ ကြေညာလိုက်တာပါ။

Tesla ရဲ့ လူတူ စက်ရုပ် အသစ်ရဲ့ စွမ်းဆောင်ရည်နဲ့ မာကျောမှုဟာ အရင်မျိုးဆက်နဲ့ တူညီပါတယ်။ လက်တွေဟာ အာရုံခံမှု ပိုကောင်းလာပြီး ကိုင်တွယ်ရခက်တဲ့ အရာဝတ္ထုတွေကို ကိုင်နိုင်ပါတယ်။ ခြေချောင်းတွေဟာ တကယ့်လူအစစ်နဲ့ တူညီလာပြီး ကိုယ်ခန္တာကို ဟန်ချက်ညီအောင်ထိန်းနိုင်ပါတယ်။

Tesla demonstrates Optimus Gen 2 dexterity, recalls 2M vehicles - The Robot Report

Optimus Gen 2 ဟာ လူနဲ့ ပိုတူလာပါတယ်။ အလုပ်မျိုးစုံကို ပြုလုပ်နိုင်ပြီး AI စွမ်းရည် ပါလာပါတယ်။ အရင်မျိုးဆက်ထက် အလေးချိန်က ၁၀  ကီလိုဂရမ် လျော့နည်းလာပါတယ်။ Tesla က စက်ရုပ် ကပြနေတဲ့ ဗီဒီယိုကို ပြသထားပြီး ကိုယ်ခန္တာကို ဟန်ချက်ညီအောင် ထိန်းနိုင်တာကို မြင်ရပါတယ်။ စက်ရုပ်ရဲ့ လမ်းလျှောက်တဲ့ ဟန်ပန်ကိုလည်း ပြသထားပါတယ်။

Optimus Gen 2 ရဲ့ ဗီဒီယိုကို Tesla က X (Twitter) မှာ ပြသထားပြီး စက်ရုပ်ရဲ့ အစိတ်အပိုင်းများစွာကို မြင်ရပါတယ်။ ဗီဒီယိုမှာ စက်ရုပ်ဟာ ကြက်ဥကို ကိုင်တွယ်နေတာကို ပြသထားပါတယ်။ Tesla က စက်ရုပ်ရဲ့ ဈေးနှုန်းနဲ့ ရောင်းချမယ့် အချိန်ကို မပြောသေးပါဘူး။

Ref: gizmochina