Tesla ရဲ့ Optimus လူတူစက်ရုပ်ကို လက်ရှိမှာ တီထွင်နေဆဲ ဖြစ်ပေမယ့် CEO Elon Musk က နောက်နှစ်ကုန်မှာ ရောင်းမယ်လို့ ပြောပါတယ်။

Elon Musk says Tesla Optimus robot should cost 'less than half of a car' |  Electrek

ကုမ္ပဏီများစွာက လူတူစက်ရုပ်တွေဟာ ကုန်ထုတ်လုပ်ငန်းတွေမှာ အသုံးပြုနိုင်မလားဆိုတာ စိတ်ဝင်စားနေကြပါတယ်။ Musk က Optimus ဟာ ဒီနှစ်ကုန်မှာ စက်ရုံ လုပ်ငန်းတွေကို ပြုလုပ်လာနိုင်မယ်လို့ ပြောပါတယ်။

Elon Musk unveils Tesla's Optimus Gen 2 Robot, it can boil eggs, dance, and  more - India Today

ဂျပန်ရဲ့ ဟွန်ဒါနဲ့ ဟွန်ဒိုင်း မော်တာရဲ့ Boston Dynamics တို့ဟာ လူတူစက်ရုပ်တွေကို တီထွင်နေတာ နှစ်များစွာကြာပါပြီ။ ဒီနှစ်ထဲမှာ Microsoft နဲ့ Nvidia တို့ ရင်းနှီးမြှပ်နှံထားတဲ့ Figure ကုမ္ပဏီက ဂျာမနီ ကားကုမ္ပဏီ BMW နဲ့ စာချုပ်ချုပ်ခဲ့ပြီး အမေရိကန်မှ BMW ရဲ့ ကားစက်ရုံမှာ လူတူစက်ရုပ်တွေ ထားရှိဖို့ သဘောတူခဲ့ကြပါတယ်။

Musk က စက်ရုပ်ရောင်းအားဟာ ကားထုတ်လုပ်တာ အပါအဝင် Tesla ရဲ့ တခြား လုပ်ငန်းတွေထက် ဝင်ငွေ ပိုကောင်းနိုင်တယ်လို့ ပြောပါတယ်။

Musk က နောက်နှစ်ကုန်မှာ Optimus ကို ရောင်းချမယ်လို့ ပြောပေမယ့် သူဟာ အရင်က ထုတ်ကုန်အသစ်တွေကို ရောင်းချမယ်လို့ ပြောတဲ့ အချိန်ထက် နောက်ကျခဲ့တဲ့ ဥပမာတွေ ရှိခဲ့ပါတယ်။ အခုတစ်ခါမှာလည်း အလားတူ ဖြစ်နိုင်ပါတယ်။

Ref : reuters