Tesla ဟာ အမေရိကန် လျှပ်စစ်ကား ဈေးကွက်ကို ကြီးစိုးထားပါတယ်။ ကုမ္ပဏီဟာ ဒီနှစ် ပထမနှစ်ဝက်မှာ အမေရိကန် လျှပ်စစ်ကားဈေးကွက်ရဲ့ ၃ ပုံပုံ ၂ ပုံကို ပိုင်ဆိုင်ထားပါတယ်။

Tesla

Kelley Blue Book ရဲ့ ဒေတာအရ Tesla ဟာ ဒီနှစ် ကွာတား ၂ မှာ လျှပ်စစ်ကား အစီးရေ ၁၇၅,၂၆၂ စီး ရောင်းချနိုင်ခဲ့ပြီး ဈေးကွက်ဝေစု ၅၉.၃ ရာခိုင်နှုန်းရထားပါတယ်။ ပထမနှစ်ဝက်မှာ အစီးရေ ၃၃၆,၈၉၂ စီး ရောင်းချထားပြီး ဈေးကွက်ဝေစု ၆၈.၈ ရာခိုင်နှုန်း ရထားပါတယ်။ Elon Musk က ဈေးကွက်ဝေစု ၆၉ ရာခိုင်နှုန်း ရှိတယ်လို့ တွစ်တာမှာ ပြောပါတယ်။

Tesla ဟာ ကွာတား ၂ မှာ အရင်နှစ်ကထက် ဈေးကွက်ဝေစု ၃၄.၈ ရာခိုင်နှုန်းနဲ့ ပထမနှစ်ဝက်မှာ ၂၉.၇ ရာခိုင်နှုန်း တိုးတက်လာပါတယ်။ Tesla ရဲ့ နောက်မှာ ရောင်းအားအကောင်းဆုံးက GM ဖြစ်ပြီး ဈေးကွက်ဝေစု ၆.၅ ရာခိုင်နှုန်းရထားပါတယ်။ အဲဒီအတွက် Tesla ဟာ အမေရိကန်ဈေးကွက်မှာ ပြိုင်ဖက်တွေထက် ပြတ်ပြတ်သားသား အသာရနေပါတယ်။

Elon Musk Fills Joe Rogan In On Tesla Roadster's Hovering Ability

Tesla ဟာ တစ်ကမ္ဘာလုံးမှာလည်း လျှပ်စစ်ကား ရောင်းအား အကောင်းဆုံး ကုမ္ပဏီတွေထဲမှာ ပါဝင်ပြီး နိုင်ငံအသစ်တွေမှာ တိုးချဲ့ရောင်းချဖို့ စီစဉ်ထားပါတယ်။ အိန္ဒိယမှာ လျှပ်စစ်ကား ထုတ်လုပ်တဲ့ စက်ရုံ ၁ ခု တည်ဆောက်ဖို့ စီစဉ်နေပါတယ်။ ဒါပေမယ့် Tesla မှာ ကြောက်စရာကောင်းတဲ့ ပြိုင်ဖက်တွေ ရှိနေပါတယ်။ BYD ဟာ တစ်ကမ္ဘာလုံးမှာ လျှပ်စစ်ကား ရောင်းအားအကောင်းဆုံးဖြစ်နေပြီး ဒီနှစ် အစောပိုင်းမှာ BYD ဟာ အင်ဒိုနီးရှားမှာ Tesla ထက် ရောင်းအားပိုကောင်းခဲ့ပါတယ်။

Ref : gizmochina