ကယ်လီဖိုးနီးယား ၊ Mono City က Tesla Model 3 ပိုင်ရှင်တစ်ယောက်ဟာ မောင်းသူမဲ့ နည်းပညာ (Full Self Driving Beta System) ကောင်းမှုကြောင့် ရေထဲထိုးဆင်းသွားပါတယ်။ YouTube Channel Wham Baan Teslacam က အဲဒီ ဖြစ်ရပ် ဗီဒီယိုကို တင်ထားပါတယ်။

အဲဒီ ယာဉ်မောင်း အမည်က Ryan ဖြစ်ပြီး သူက FSD ကို ဖွင့်ထားပြီး တစ်နာရီ ၆၀ မိုင်နှုန်းနဲ့ Mono City အပြင်ဘက်က အဝေးပြေးလမ်းမှာ မောင်းနေခဲ့တာလို့ ပြောပါတယ်။ သူက လမ်းပေါ်ရေကြီးနေတယ်ဆိုတဲ့ သတိပေး ဆိုင်းဘုတ်တစ်ခုကို တွေ့ခဲ့ပေမယ့်အမှုမဲ့အမှတ်မဲ့ပဲ နေခဲ့ပါတယ်။ သူက အဲဒီလမ်းမှာ ရေကြီးတဲ့ သတိပေး ဆိုင်းဘုတ်များစွာကို တွေ့ရပေမယ့် ရေကြီးတာကို မတွေ့ခဲ့လို့ သတိမထားဘဲ နေခဲ့တာလို့ ပြောပါတယ်။

အဲဒီနောက်မှာ ကားဟာ ရေထဲကို ထိုးဆင်းသွားပါတော့တယ်။ Ryan က ကားကို ထိန်းချုပ်ဖို့ ကြိုးစားပေမယ့် အချိန် မမီတော့ပါဘူး။ ကားတစ်ဝက်လောက်အထိ ရေထဲနစ်မြုပ်ခဲ့တာဖြစ်ပြီး ထိခိုက်ပျက်စီးမှု ရှိသလားဆိုတာ မသိရပါဘူး။

Image for article titled Tesla Model 3 Using FSD Beta Drives Right Into Flood Waters

Ryan က Tesla နဲ့ Mono City ကို တရားစွဲမယ်လို့ ပြောပေမယ့် ဒါဟာ တကယ် တရားစွဲလို့ အောင်မြင်ပါ့မလားဆိုတာ မသိရသေးပါဘူး။ Tesla ရဲ့ FSD Beta ကို သုံးမယ်ဆိုရင် ယာဉ်မောင်းတွေက သတိအမြဲကပ်ထားသင့်တယ်ဆိုတာ ဒီဖြစ်ရပ်က သင်ခန်းစာပေးသွားတာပါ။

Ref : jalopnik