Tesla ဟာ တက္ကဆပ်၊ အော်စတင်မှ Gigafactory ကား စက်ရုံမှာ Solar အမိုးပြားများစွာကို တပ်ဆင်နေပြီး ပြီးစီးသွားရင် ကမ္ဘာမှာ အကြီးမားဆုံး ဖြစ်လာမယ်လို့ ကုမ္ပဏီမှ မန်နေဂျာ တစ်ယောက်က ပြောပါတယ်။

Tesla ရဲ့ စက်ရုံ အင်ဂျင်နီယာ ဌာနမှ အကြီးတန်း မန်နေဂျာ Logan Grant က Solar အမိုးပြား တပ်ဆင်မှုဟာ အဆင့် ၁ ပြီးစီးသွားပြီ ဖြစ်ပြီး အားလုံး ပြီးစီးသွားရင် ကမ္ဘာ့ အကြီးမားဆုံး Solar အမိုးပြား တပ်ဆင်မှု ဖြစ်လာမယ်လို့ ပြောပါတယ်။

သူက “ အဆင့် ၁ ပြီးတဲ့အချိန်မှာ လျှပ်စစ် ဓါတ်အား 10 Megawatts ထုတ်လုပ်နိုင်ပြီး ပြီးစီးသွားရင် 30 Metawatts ထုတ်လုပ်နိုင်မှာဖြစ်ပါတယ်။ “ လို့ ပြောပါတယ်။ စက်ရုံရဲ့ ၁၀ သန်း စတုန်ရန်း ပေ အကျယ်အဝန်းမှာ Solar အမိုးပြား ၇၀,၀၀၀ ဝန်းကျင် တပ်ဆင်မှာ ဖြစ်ပါတယ်။

ခေါင်မိုးမှာ “Tesla” စာသားကို ပုံဖော်ဖို့ အနက်ရောင် Solar အမိုးပြားတွေကို အသုံးပြုမှာ ဖြစ်ပြီး လက်ရှိမှာ စာလုံးအချို့ ပုံပေါ်နေပြီ ဖြစ်ပေမယ့် မပြီးဆုံးသေးပါဘူး။

လက်ရှိမှာ Tesla ဟာ အဲဒီစက်ရုံမှာ Model Y SUV ကားတွေကို ထုတ်လုပ်နေပြီး Cybertruck ကားအသစ်တွေကိုလည်း ထုတ်လုပ်မှာ ဖြစ်ပါတယ်။ ကုမ္ပဏီဟာ အဲဒီစက်ရုံမှာ လျှပ်စစ်ကား ဘက်ထရီတွေကိုပါ ထုတ်လုပ်ဖို့ စီစဉ်နေပါတယ်။

Ref : teslarati