Tesla က နယူးယောက်၊ Buffalo မှ Gigafactory မှာ နောက်မျိုးဆက် Dojo စူပါ ကွန်ပြူတာကို တည်ဆောက်တော့မှာ ဖြစ်ပါတယ်။

Dojo စူပါ ကွန်ပြူတာဟာ Tesla ကားတွေထံက များပြားလှတဲ့ ဒေတာတွေကို စီမံခန့်ခွဲဖို့နဲ့ မောင်းသူမဲ့ ကားနည်းပညာနဲ့ တခြား အလုပ်တွေအတွက် AI စနစ်ကို လေ့ကျင့်သင်ကြားပေးဖို့ ဒီဇိုင်းထုတ်ထားပါတယ်။ အဲဒါဟာ NVIDIA ကို ကျော်တက်ကာ ကမ္ဘာမှာ စွမ်းရည်အမြင့်ဆုံး စူပါ ကွန်ပြူတာ ၁ လုံး ဖြစ်လာမှာပါ။

Tesla Builds a New Home for 'Dojo' Supercomputer as AI Ambitions Rise — The Information

Tesla CEO Elon Musk က Tesla ရဲ့ စက်ရုံမှာ Dojo စူပါ ကွန်ပြူတာကို တည်ဆောက်မယ်လို့ အတည်ပြုလိုက်ပြီး Tesla ဟာ အဲဒီ စူပါ ကွန်ပြူတာကို တည်ဆောက်ဖို့ ဒေါ်လာ သန်း ၅၀၀ ရင်းနှီးမြှုပ်နှံမှာ ဖြစ်ပါတယ်။ Musk က Dojo ကို တည်ဆောက်မယ့် အချိန်ကိုတော့ မပြောသေးပါဘူး။

Tesla ရဲ့ Dojo စူပါကွန်ပြူတာမှာ ကုမ္ပဏီရဲ့ AI ASIC Chip ကို အသုံးပြုမှာ ဖြစ်ပြီး NVIDIA ရဲ့ A100 GPU ထက် စွမ်းရည်ပိုမြင့်မားသလို စွမ်းအင်စားသုံးမှု သက်သာစေတယ်လို့ သိရပါတယ်။ Tesla ဟာ အလုံး ၁၀,၀၀၀ ကျော်ရှိတဲ့  သူ့ရဲ့ လက်ရှိ စူပါ ကွန်ပြူတာတွေမှာ NVIDIA ရဲ့ Chip တွေကို အသုံးပြုထားပါတယ်။ ဒါပေမယ့် NVIDIA ရဲ့ Chip တွေဟာ ကမ္ဘာမှာ ပစ္စည်း  ပြတ်တောက်တဲ့  ပြဿနာနဲ့ ရင်ဆိုင်နေရတဲ့အတွက် Tesla က ကိုယ်ပိုင် Chip တွေကို အသုံးပြုလာတာ ဖြစ်ပါတယ်။

Ref: interestingengineering