ကမ္ဘာ့ထိပ်တန်း လျှပ်စစ်ကား ကုမ္ပဏီကြီး Tesla ဟာ တစ်ခါတစ်လေမှာ အူကြောင်ကြောင် ထုတ်ကုန်တွေကို ထုတ်လေ့ရှိပါတယ်။ အရင်နှစ်ကလည်း ရေသောက်တဲ့ ဖန်ခွက်ကို ရောင်းချခဲ့ပြီး ထူးထူးခြားခြား နည်းပညာတွေ မပါပါဘူး။ အခုလည်း Cybertruck Cat Tray ကို ရောင်းချလိုက်ပြီး ကြောင်အိမ် လို့ ပြောရမှာပါ။

Tesla released a cybertruck-styled cat scratcher / cat bed in China : r/teslamotors

ကြောင်အိမ်ရဲ့ ပုံသဏ္ဍာန်ဟာ Tesla Cyber Truck ရဲ့ ဒီဇိုင်းကို အခြေခံထားတာ ဖြစ်ပြီး ကြောင်အိမ်မှာတော့ ဘာနည်းပညာမှ မပါပါဘူး။ Stainless Steel Alloy Frame လည်း မပါပါဘူး။ ကတ်ထူစက္ကူနဲ့ ပြုလုပ်ထားတာ ဖြစ်ပါတယ်။

ပထမတော့ ဒါဟာ နောက်နေတာလို့ ထင်ခဲ့ပါတယ်။ ဒါပေမယ့် နောက်နေတာ မဟုတ်ပါဘူး။ Tesla ရဲ့ တရုတ် ဝက်ဘ်ဆိုက်မှာ Cybertruck Cat Tray ကို ၁၃ ဒေါ်လာနဲ့ ရောင်းချထားပြီး မြန်မာငွေ ၄၀,၀၀၀ ဝန်းကျင် ရှိပါတယ်။

Tesla bikin Cybertruck untuk kucing | Careta

အရွယ်အစား အပြည့်အစုံက 56x41x25cm ဖြစ်ပြီး ကြောင်တွေ နေ့စဉ် လိုအပ်ချက်နဲ့ ကိုက်ညီအောင် ကတ်ထူစက္ကူ အထူနဲ့ ခေတ်ရှေ့ပြေး ပုံသဏ္ဍာန် တည်‌ဆောက်ထားတာလို့ ဖော်ပြထားပါတယ်။

Tesla လို နည်းပညာ ကုမ္ပဏီကြီးက ဒီလို အူကြောင်ကြောင် ထုတ်ကုန်တွေကို ထုတ်လုပ်ရောင်းချတာ မယုံနိုင်စရာ ကောင်းပါတယ်။ ဒါပေမယ့်လည်း ဒီလို နည်းပညာ ကုမ္ပဏီကြီးတွေဟာ ကြောင်တောင်တောင် အလုပ်တွေကို လုပ်တတ်ကြတယ်ဆိုတာ ဒါက သက်သေပြနေပါတယ်။

Ref : yahoo