Apple ရဲ့ Mixed-reality Headset ဖြစ်တဲ့ Vision Pro ကြောင့် ခွဲစိတ်မှု နည်းပညာဟာ နောက်တစ်ဆင့် မြင့်သွားပါပြီ။ လန်ဒန်မှာ လက်ထောက် ခွဲစိတ်ဆရာဝန် Suvi Verho ဟာ ကျောရိုးခွဲစိတ်မှု တစ်ခုမှာ သူမ သုံးနေကျ Microsoft HoloLens 2 အစား Apple Vision Pro ကို ဝတ်ဆင် အသုံးပြုခဲ့ပါတယ်။

What is Apple's Vision Pro? Price, features, hands-on insights, and  everything you need to know | ZDNET

Verho က Apple Vision Pro ဟာ တကယ်ကို အသုံးဝင်တယ်လို့ ပြောပါတယ်။ ခွဲစိတ်ဆရာဝန်တွေဟာ ခွဲစိတ်တဲ့ Tools တွေကို ကိုယ်တိုင် ရွေးချယ်ရပါတယ်။ Vision Pro ကြောင့် ခွဲစိတ်မှုပြုလုပ်တဲ့အခါ မှားယွင်းမှုတွေ မရှိတော့ဘူးလို့ သူမက ပြောပါတယ်။ အဲဒီအတွက် ယုံကြည်မှုမြင့်မားလာတယ်လို့ သူမက ရှင်းပြပါတယ်။

Introducing Apple Vision Pro: Apple's first spatial computer - Apple

Verho ဟာ အရင်ကတော့ ခွဲစိတ်ဖို့အတွက် HoloLens 2 Headset ကို အသုံးပြုခဲ့ပါတယ်။ Vision Pro ကြောင့် အမှားကင်းသွားသလို စွမ်းဆောင်ရည် ပိုကောင်းလာတယ်လို့ ခွဲစိတ်မှု ပြုလုပ်ခဲ့တဲ့ ဒေါက်တာ Syed Aftab က ပြောပါတယ်။ Vision Pro ကြောင့် အတွေ့အကြုံကနေ သင်ကြားနိုင်ပြီး အချိန်ကုန်သက်သာစေပါတယ်လို့ သူက ပြောပါတယ်။

ခွဲစိတ်မှုမှာ AR နည်းပညာဟာ တော်တော် အသုံးဝင်လာတာကို Verho က သက်သေပြနေတာ ဖြစ်ပါတယ်။ AR နည်းပညာကြောင့် ခွဲစိတ်ရာမှာ ပိုမို တိကျလာပြီး စွမ်းဆောင်ရည် ပိုမို ကောင်းမွန်လာပါတယ်။ အနာဂတ်မှာ AR နည်းပညာဟာ ခွဲစိတ်ခန်းထဲမှာ ပိုမို အသုံးဝင်လာနိုင်ပါတယ်။

Ref : gizmochina