Apple က Vision Pro ကို အမေရိကန်မှာပဲ ရောင်းချပေးထားပါတယ်။ လက်ရှိမှာ Vision Pro ရဲ့ ကန့်သတ်ချက်တစ်ခုက English ဘာသာစကားကိုပဲ ထောက်ပံ့ပြီး Virtual Keyboard နဲ့ Autocorrect Function ကလည်း English (US) နဲ့ပဲ အလုပ်လုပ်ပါတယ်။

Apple Vision Pro - Apple

လက်ရှိ အမေရိကန်မှာပဲ ရောင်းချထားတဲ့အတွက် ဒါဟာ ပြဿနာ မဟုတ်ပါဘူး။ အခုတော့ Apple ဟာ Vision Pro ကို တခြားနိုင်ငံတချို့မှာ ရောင်းချပေးတော့မယ်လို့ ထင်ရပါတယ်။ Apple က ဒီနှစ်ကုန်မှာ တခြားနိုင်ငံတွေမှာ ရောင်းချမယ်လို့ အတည်ပြုထားပါတယ်။

The Apple Vision Pro Is Spectacular and Sad - The Atlantic

visionOS Code အရ Virtual Keyboard ဟာ ဘာသာစကား ၁၂ ခုကို ထောက်ပံ့တော့မှာဖြစ်ပြီး အဲဒီ ဘာသာစကားတွေကို အောက်မှာ ဖော်ပြလိုက်ပါတယ်။

  • Cantonese, Traditional
  • Chinese, Simplified
  • English (Australia)
  • English (Canada)
  • English (Japan)
  • English (Singapore)
  • English (UK)
  • French (Canada)
  • French (France)
  • German (Germany)
  • Japanese
  • Korean

 

Apple ဟာ ဒေါ်လာ ၃,၅၀၀ တန် Headset ကို ဧပြီ သို့မဟုတ် မေလမှာ တရုတ်မှာ ရောင်းချနိုင်တယ်လို့ ပြီးခဲ့တဲ့လက သတင်းထွက်ခဲ့ပါတယ်။ အခုတော့ Apple ဖန်တီးနေတဲ့ ဘာသာစကားတွေအရ အောက်ပါ နိုင်ငံတွေမှာ ရောင်းချနိုင်ပါတယ်။

  • China
  • Australia
  • Canada
  • Japan
  • Singapore
  • UK
  • France
  • Germany
  • South Korea

ဇွန်လမှာ ကျင်းပမယ့် Worldwide Developers Conference (WWDC) 2024 မတိုင်ခင်မှာ ရောင်းချနိုင်ပါတယ်။

Ref : gizmochina