စမတ်ဖုန်းတွေဟာ အခုအချိန်မှာ စွမ်းဆောင်ရည်ပိုင်းမြင့်မားလာတဲ့အပြင် အဆိုပါ စမတ်ဖုန်းတွေမှာ အသုံးပြုနေရတဲ့ Application တွေကလည်း ပိုပြီးတော့ များပြားလာပါတယ်။

ဒါပေမယ့် သင့်ဖုန်းအတွက် ကောင်းကျိုးမပေးတဲ့ Application တွေလည်း အများအပြားရှိနေသေးတယ်ဆိုတာ သင်သိပါသလား? အခုပြောပြသွားမယ့် Application တွေကတော့ သင့်ဖုန်းထဲမှာထည့်သွင်းထားတယ်ဆိုရင်တောင် ချက်ချင်းဖယ်ရှားသင့်တဲ့ Application တွေပဲဖြစ်ပါတယ်။

1. RAM ကို ချွေတာပေးနိုင်တယ်ဆိုတဲ့ App တွေ

Play Store မှာပဲဖြစ်ဖြစ် Facebook ကြော်ငြာတွေမှာပဲဖြစ်ဖြစ် RAM ကို Save ပေးနိုင်တယ်ဆိုတဲ့ RAM Booster App တွေကို တွေ့ဖူးမှာပါ။ အဆိုပါ Application တွေက အမှန်တကယ် ဘာမှ RAM ကို Save လုပ်ပေးတာမျိုးမဟုတ်ပဲ ဖုန်းရဲ့ Background မှာ အမြဲတမ်း Run နေတဲ့အတွက် ပိုပြီးတောင် ဖုန်းကိုလေးလံစေဦးမှာပါ။

2. Clean Master နဲ့ အခြားသော Cleaner App တွေ

Source : Androidpit

ဒါကလည်း အခုနက RAM Booster App တွေလိုပါပဲ။ ဖုန်းမှာရှိတဲ့ Temp Files တွေနဲ့ အခြားသော Storage ကို ပိုထွက်လာအောင်လုပ်ပေးတဲ့ Applications တွေက တကယ်တမ်းကြတော့ ဖုန်းရဲ့ Setting – Storage – Cache Data ကို နှိပ်ပြီး Temp Files တွေကိုပဲ ရှင်းပေးတာဖြစ်ပါတယ်။ အဲ့ဒီအတွက် သီးသန့် Application တွေအသုံးပြုနေတာထက် ကိုယ့်ဖုန်းရဲ့ Setting ထဲကပဲ ပြုလုပ်ပါ။

3. Facebook

Source : Androidpit

Facebook ဟာ လက်ရှိမှာ လူတိုင်းအတွက် အသုံးအများဆုံး Application တစ်ခုဖြစ်ပေမယ့် လက်ရှိအချိန်မှာ Facebook App ကနေ Permissions တွေအများအပြားတောင်းဆိုနေပြီးတော့ ပြီးခဲ့တဲ့ ကိုယ်ရေးအချက်အလက်တွေ ခိုးယူခဲ့ရမှုကြောင့် ပြဿနာတွေတက်နေတာပဲဖြစ်ပါတယ်။ ဒါ့အပြင် Facebook App ဟာ လက်ရှိအချိန်မှာ ဖုန်းရဲ့ RAM ကို အသုံးပြုမှုအများဆုံး App တစ်ခုဖြစ်တာကြောင့် App ကို Uninstall ပြုလုပ်ပြီး Web Browser ကနေ အသုံးပြုတာ၊ ဒါမှမဟုတ် App နဲ့ ဆိုရင်လည်း Lite Version App တွေကို အသုံးပြုတာက ပိုပြီး အဆင်ပြေစေမှာပါ။

4. ဖုန်းမှာ ပါဝင်လာတဲ့ မလိုအပ်တဲ့ Software တွေ

ဒါကတော့ Google က ကိုယ်တိုင်ထုတ်လုပ်တဲ့ Pixel ဖုန်းတွေ၊ Pure Android ဖုန်းတွေထက် တရုတ်ကနေ တစ်ဆင့်တင်သွင်းထားတဲ့စမတ်ဖုန်းတွေနဲ့ အချို့သော စမတ်ဖုန်းတွေမှာ တရုတ် App တွေ၊ အခြားသော မလိုအပ်တဲ့ App တွေက ဖုန်းမှာ အပိုဖြစ်နေတတ်တဲ့အတွက် ဖယ်ရှားပစ်သင့်ပါတယ်။

5. Battery Saver App တွေ

Source : Androidpit

Android ဖုန်းတွေဟာ အခုနောက်ပိုင်းမှာ Battery Capacity ပိုပြီး များပြားလာပြီးတော့ တစ်နေကုန်အသုံးပြုတွေအတွက်ကတော့ အားပြန်သွင်းစရာမလိုပဲ အသုံးပြုနိုင်တဲ့အဆင့်တစ်ခုရောက်ရှိနေပြီပဲဖြစ်ပါတယ်။ အဓိပ္ပါယ်ကတော့ Battery Saver ဆိုတဲ့ Application တွေကို အသုံးပြုတာက ဒီအချိန်မှာ အရေးမပါတော့ပဲ ဖုန်းအတွက် အပိုပဲဖြစ်နေမှာပါ။

အခုပြောသွားတဲ့ Applications တွေသာ သင့်ဖုန်းထဲမှာ မရှိတော့ဘူးဆိုရင် ယခင်ကထက် သင့်ဖုန်းကို ပိုပြီး သွက်လက်စေမှာ အသေအချာပါပဲ။