[Zawgyi]

ဂီတနယ္ပယ္အတြက္ တီထြင္ဆန္းသစ္ျခင္းနဲ႔အတူ အေကာင္းဆုံးအေထာက္အကူေပးႏိုင္ခဲ့တဲ့ iTunes ဟာ ၁၈ ႏွစ္ေက်ာ္ သက္တမ္းအေရာက္မွာ ဇာတ္သိမ္းခန္းကို ကျပေတာ့မွာလားလို႔ ေမးခြန္းထုတ္စရာ ျဖစ္လာပါတယ္။ ေအာင္ျမင္ခဲ့တဲ့၊ အခုလည္း ေအာင္ျမင္ေနတဲ့ iTunes အတြက္ ဇာတ္သိမ္းခန္းေရာက္ဖို႔ ေဝးေသးတယ္လို႔ ထင္ခဲ့ၾကေပမယ့္ Apple ရဲ႕ အနာဂတ္အစီအစဥ္ေတြမွာေတာ့ အမွန္တကယ္ပဲ က်န္ခဲ့ၿပီလို႔ ဆိုရမွာပါ။

ထြက္ေပၚလာတဲ့ သတင္းအရ Apple ဟာ Stand-alone media apps အျဖစ္ တီဗြီ၊ ဂီတနဲ႔ Podcasts app ထြက္ႏိုင္ဖို႔ လုပ္ကိုင္ေနတယ္လို႔ သိရပါတယ္။ ဒီလို အေျပာင္းအလဲလုပ္လိုက္ျခင္းက iOS ဒီဇိုင္း App ေတြကို Macs မွာ ေခ်ာေခ်ာေမြ႕ေမြ႕ သုံးႏိုင္သလို Developers ေတြအတြက္လည္း အလုပ္လုပ္ကိုင္ရတဲ့ အခ်ိန္နဲ႔ ရင္းျမစ္ကို မွ်တစြာ ေလ်ာ့က်ေစတယ္လို႔ သိရပါတယ္။

မၾကာခင္ ထြက္ေပၚလာမယ့္ macOS 10.15 မွာေတာ့ ဂီတ၊ Podcasts နဲ႔ တီဗြီ App အသစ္ ပါဝင္လာမယ့္အျပင္ စာအုပ္ App လည္းပါမယ္လို႔ သတင္းရင္းျမစ္ေတြက ဆိုၾကပါတယ္။ Apple ဘက္က တရားဝင္ ထုတ္ျပန္တာ မဟုတ္ေပမယ့္လည္း အေတာ္ေလးကို ခိုင္မာတိက်တယ္လို႔ ဆိုရမွာပါ။ ေပါက္ၾကားထားတဲ့ ဒီဇိုင္းေတြကိုၾကည့္ၿပီး ေျပာရမယ္ဆိုရင္လည္း Apple ဟာ ဒါေတြအားလုံးကို တစ္စုတစ္စည္းတည္း လုပ္ဖို႔ ႀကိဳးစားေနတာကို ေတြ႕ျမင္ရမွာပါ။

အသစ္ထြက္လာမယ့္ macOS update မွာ iTunes ကို ခြဲထုတ္လိုက္ေပမယ့္ လုံးဝ ရပ္သြားမွာေတာ့ မဟုတ္ပါဘူး။ iTunes ဟာ လာမယ့္ mac firmware update မွာလည္း ပါဝင္လာမွာျဖစ္ၿပီး အရင္ Apple devices ေတြနဲ႔ Syncing လုပ္ႏိုင္ဖို႔ ရည္႐ြယ္တာ ျဖစ္ပါလိမ့္မယ္။ ဒါေၾကာင့္ iTunes ရဲ႕ သက္တမ္းဟာ နည္းနည္းၾကာၾကာေတာ့ က်န္ရွိေနဦးမွာ ျဖစ္ပါတယ္။

Ref: GSMArena

[Unicode]

iTunes ရဲ့ ဇာတ်သိမ်းခန်း ရောက်တော့မှာလား

ဂီတနယ်ပယ်အတွက် တီထွင်ဆန်းသစ်ခြင်းနဲ့အတူ အကောင်းဆုံးအထောက်အကူပေးနိုင်ခဲ့တဲ့ iTunes ဟာ ၁၈ နှစ်ကျော် သက်တမ်းအရောက်မှာ ဇာတ်သိမ်းခန်းကို ကပြတော့မှာလားလို့ မေးခွန်းထုတ်စရာ ဖြစ်လာပါတယ်။ အောင်မြင်ခဲ့တဲ့၊ အခုလည်း အောင်မြင်နေတဲ့ iTunes အတွက် ဇာတ်သိမ်းခန်းရောက်ဖို့ ဝေးသေးတယ်လို့ ထင်ခဲ့ကြပေမယ့် Apple ရဲ့ အနာဂတ်အစီအစဉ်တွေမှာတော့ အမှန်တကယ်ပဲ ကျန်ခဲ့ပြီလို့ ဆိုရမှာပါ။

ထွက်ပေါ်လာတဲ့ သတင်းအရ Apple ဟာ Stand-alone media apps အဖြစ် တီဗွီ၊ ဂီတနဲ့ Podcasts app ထွက်နိုင်ဖို့ လုပ်ကိုင်နေတယ်လို့ သိရပါတယ်။ ဒီလို အပြောင်းအလဲလုပ်လိုက်ခြင်းက iOS ဒီဇိုင်း App တွေကို Macs မှာ ချောချောမွေ့မွေ့ သုံးနိုင်သလို Developers တွေအတွက်လည်း အလုပ်လုပ်ကိုင်ရတဲ့ အချိန်နဲ့ ရင်းမြစ်ကို မျှတစွာ လျော့ကျစေတယ်လို့ သိရပါတယ်။

မကြာခင် ထွက်ပေါ်လာမယ့် macOS 10.15 မှာတော့ ဂီတ၊ Podcasts နဲ့ တီဗွီ App အသစ် ပါဝင်လာမယ့်အပြင် စာအုပ် App လည်းပါမယ်လို့ သတင်းရင်းမြစ်တွေက ဆိုကြပါတယ်။ Apple ဘက်က တရားဝင် ထုတ်ပြန်တာ မဟုတ်ပေမယ့်လည်း အတော်လေးကို ခိုင်မာတိကျတယ်လို့ ဆိုရမှာပါ။ ပေါက်ကြားထားတဲ့ ဒီဇိုင်းတွေကိုကြည့်ပြီး ပြောရမယ်ဆိုရင်လည်း Apple ဟာ ဒါတွေအားလုံးကို တစ်စုတစ်စည်းတည်း လုပ်ဖို့ ကြိုးစားနေတာကို တွေ့မြင်ရမှာပါ။

အသစ်ထွက်လာမယ့် macOS update မှာ iTunes ကို ခွဲထုတ်လိုက်ပေမယ့် လုံးဝ ရပ်သွားမှာတော့ မဟုတ်ပါဘူး။ iTunes ဟာ လာမယ့် mac firmware update မှာလည်း ပါဝင်လာမှာဖြစ်ပြီး အရင် Apple devices တွေနဲ့ Syncing လုပ်နိုင်ဖို့ ရည်ရွယ်တာ ဖြစ်ပါလိမ့်မယ်။ ဒါကြောင့် iTunes ရဲ့ သက်တမ်းဟာ နည်းနည်းကြာကြာတော့ ကျန်ရှိနေဦးမှာ ဖြစ်ပါတယ်။

Ref: GSMArena