ဥရောပသမဂ္ဂက Iris2 ဂြိုလ်တု စီမံကိန်းအတွက် ဒေါ်လာ ၁၀.၅ ဘီလီယမ် သုံးစွဲမယ်လို့ ကြေညာလိုက်ပါတယ်။ တရုတ်ကလည်း Elon Musk ရဲ့ Starlink ဂြိုလ်တု အင်တာနက်ကို ပြိုင်ဆိုင်မယ့် GuoWang ဂြိုလ်တုတွေကို ဒီဇင်ဘာလ ၁၆ ရက်နေ့က အာကာသကို လွှတ်တင်ခဲ့ပါတယ်။

ESA - 'Space internet' to enhance Earth observation

SpaceX ဟာ Starlink ဂြိုလ်တု ၇,၀၀၀ နီးပါးကို ကမ္ဘာပတ်လမ်းကြောင်းမှာ လွှတ်တင်ထားပြီး နောက်ထပ် ဂြိုလ်တု ၄၂,၀၀၀ ကို လွှတ်တင်ဖို့ စီစဉ်ထားပါတယ်။ တရုတ်က ဂြိုလ်တု ၃၈,၀၀၀ ကို လွှတ်တင်ဖို့ ရည်ရွယ်ထားပါတယ်။ ဥရောပသမဂ္ဂက အဆင့်မြင့် နည်းပညာ ပါတဲ့ ဂြိုလ်တု ၃၀၀ ကို လွှတ်တင်ဖို့ ရည်မှန်းထားပါတယ်။

Satellite internet technology

ဥရောပဟာ ဂြိုလ်တု လွှတ်တင်ဖို့ ကန့်သတ်ချက်တွေ ရှိနေပြီး အဓိက စီမံကိန်းတွေအတွက် SpaceX ကို အားကိုးနေရတဲ့အတွက် စိန်ခေါ်မှုတွေ ရှိနေပါတယ်။

အာကာသ အခြေပြု အင်တာနက် ဝန်ဆောင်မှု ပြိုင်ပွဲဟာ အရှိန်အဟုန် မြင့်တက်လာနေပါပြီ။ လက်ရှိမှာ SpaceX ရဲ့ Starlink အင်တာနက် ဂြိုလ်တုက ထိပ်ဆုံးက ဦးဆောင်နေပါတယ်။ အခုတော့ တရုတ်နဲ့ ဥရောပသမဂ္ဂကလည်း Starlink ကို အမှီလိုက်ဖို့ ကြိုးစားလာနေပါပြီ။

Ref : Tech Explorers