Zawgyi

တယ္လီဖုန္း ဘယ္က စျဖစ္လာတာလဲ မေျပာခင္ တယ္လီဖုန္း (စကားေျပာေၾကးနန္း) ရဲ႕ အေျခခံ သေဘာတရားကို စၿပီး ေျပာရပါလိမ့္မယ့္။ စကားေျပာေၾကးနန္းမွာ စကားေျပာခြက္၊ လွ်ပ္စစ္ဓာတ္နဲ႔ နားေထာင္ခြက္ ဆိုၿပီး အဓိက ပစၥည္း ၃မ်ိဴး ပါဝင္ပါတယ္။

စကားစေျပာလိုက္တဲ့အခါ ပါးစပ္က အသံလႈိင္းေတြဟာ စကားေျပာခြက္မွာ တပ္ဆင္ထားတဲ့ ဒိုင္အာဖရမ္ ေခၚ ပါးလႊာတဲ့ သတၱဳခ်ပ္ျပားကို တုန္ခါေစပါတယ္။ အဲ့ဒီ တုန္ခါမႈေတြဟာ ေၾကးနန္းႀကိဳး တစ္ေလွ်ာက္ရွိ လွ်ပ္စစ္ဓာတ္စီးေၾကာင္းကို အသံႏွင့္လိုက္ၿပီး မညီညာတဲ့ ေျပာင္းလဲမႈေတြ ျဖစ္ေပၚေစပါတယ္။ တစ္ဖက္မွာလည္း နားေထာင္ခြက္ရွိ လွ်ပ္စစ္သံလိုက္မွာ အလားတူ မညီညာတဲ့ အားမ်ား ျဖစ္ေပၚေစပါတယ္။ အဆိုပါ လွ်ပ္စစ္သံလိုက္က အနီးရွိ သတၱဳခ်ပ္ျပားကို ဆြဲငင္သျဖင့္ စကားေျပာခြက္မွာရွိတဲ့ သတၱဳခ်ပ္ျပားေတြကို တုန္ခါေစျပန္ပါတယ္။ အဲ့ဒီတုန္ခါမႈေတြေၾကာင့္ စကားေျပာသူရဲ႕ စကားသံအတိုင္း နားေထာင္ခြက္ထဲကေန ျပန္လည္ၾကားရျခင္း ျဖစ္ပါတယ္။

တယ္လီဖုန္းကို စတင္တီထြင္ခဲ့သူကေတာ့ အေမရိကန္ႏိုင္ငံသား အလက္ဇႏၵား ဂေရဟမ္ဘဲလ္ ျဖစ္ပါတယ္။ ၁၈၇၅-ခုႏွစ္၊ ဇြန္လ ဒုတိယပတ္အတြင္းမွာ ဝါယာႀကိဳးတစ္ခုတည္းနဲ႔ တစ္ခ်ိန္တည္းမွာ တယ္လီဂရပ္ သတင္းေတြကို ေပးပို႔ေနရင္း ေပၚလာတဲ့ စိတ္ကူးေၾကာင့္ တယ္လီဖုန္းကို တီထြင္ဖို႔ အႀကံရခဲ့တာ ျဖစ္ပါတယ္။ အဲ့ဒီေနာက္ ေဘာ့စတြန္ၿမိဳ႕မွာ အလက္ဇႏၵား ဂေရဟမ္ဘဲလ္နဲ႔အတူ သူရဲ႕ လက္ေထာက္ျဖစ္သူ ေသာမတ္စ္ဝပ္ဆင္တို႔က လက္ေတြ႕စမ္းသပ္ခ်က္မ်ား ျပဳလုပ္ခဲ့ၿပီး ၁၈၇၆-ခုႏွစ္ေရာက္တဲ့အခါမွာေတာ့ တယ္လီဖုန္း ဆိုတဲ့အရာႀကီးကို တီထြင္ႏိုင္ခဲ့ပါတယ္။

Ref:wikipedia

Unicode

တယ်လီဖုန်း ဘယ်က စဖြစ်လာတာလဲ ???

တယ်လီဖုန်း ဘယ်က စဖြစ်လာတာလဲ မပြောခင် တယ်လီဖုန်း (စကားပြောကြေးနန်း) ရဲ့ အခြေခံ သဘောတရားကို စပြီး ပြောရပါလိမ့်မယ့်။ စကားပြောကြေးနန်းမှာ စကားပြောခွက်၊ လျှပ်စစ်ဓာတ်နဲ့ နားထောင်ခွက် ဆိုပြီး အဓိက ပစ္စည်း ၃မျိူး ပါဝင်ပါတယ်။

စကားစပြောလိုက်တဲ့အခါ ပါးစပ်က အသံလှိုင်းတွေဟာ စကားပြောခွက်မှာ တပ်ဆင်ထားတဲ့ ဒိုင်အာဖရမ် ခေါ် ပါးလွှာတဲ့ သတ္တုချပ်ပြားကို တုန်ခါစေပါတယ်။ အဲ့ဒီ တုန်ခါမှုတွေဟာ ကြေးနန်းကြိုး တစ်လျှောက်ရှိ လျှပ်စစ်ဓာတ်စီးကြောင်းကို အသံနှင့်လိုက်ပြီး မညီညာတဲ့ ပြောင်းလဲမှုတွေ ဖြစ်ပေါ်စေပါတယ်။ တစ်ဖက်မှာလည်း နားထောင်ခွက်ရှိ လျှပ်စစ်သံလိုက်မှာ အလားတူ မညီညာတဲ့ အားများ ဖြစ်ပေါ်စေပါတယ်။ အဆိုပါ လျှပ်စစ်သံလိုက်က အနီးရှိ သတ္တုချပ်ပြားကို ဆွဲငင်သဖြင့် စကားပြောခွက်မှာရှိတဲ့ သတ္တုချပ်ပြားတွေကို တုန်ခါစေပြန်ပါတယ်။ အဲ့ဒီတုန်ခါမှုတွေကြောင့် စကားပြောသူရဲ့ စကားသံအတိုင်း နားထောင်ခွက်ထဲကနေ ပြန်လည်ကြားရခြင်း ဖြစ်ပါတယ်။

တယ်လီဖုန်းကို စတင်တီထွင်ခဲ့သူကတော့ အမေရိကန်နိုင်ငံသား အလက်ဇန္ဒား ဂရေဟမ်ဘဲလ် ဖြစ်ပါတယ်။ ၁၈၇၅-ခုနှစ်၊ ဇွန်လ ဒုတိယပတ်အတွင်းမှာ ဝါယာကြိုးတစ်ခုတည်းနဲ့ တစ်ချိန်တည်းမှာ တယ်လီဂရပ် သတင်းတွေကို ပေးပို့နေရင်း ပေါ်လာတဲ့ စိတ်ကူးကြောင့် တယ်လီဖုန်းကို တီထွင်ဖို့ အကြံရခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒီနောက် ဘော့စတွန်မြို့မှာ အလက်ဇန္ဒား ဂရေဟမ်ဘဲလ်နဲ့အတူ သူရဲ့ လက်ထောက်ဖြစ်သူ သောမတ်စ်ဝပ်ဆင်တို့က လက်တွေ့စမ်းသပ်ချက်များ ပြုလုပ်ခဲ့ပြီး ၁၈၇၆-ခုနှစ်ရောက်တဲ့အခါမှာတော့ တယ်လီဖုန်း ဆိုတဲ့အရာကြီးကို တီထွင်နိုင်ခဲ့ပါတယ်။

Ref:wikipedia