Huawei က HI (Huawei Inside) နည်းပညာ ပါတဲ့ တန်ဖိုးကြီး လျှပ်စစ်ကား ၁ စီးကို ထုတ်လုပ်ဖို့ တရုတ် လျှပ်စစ်ကား ထုတ်လုပ်သူ Arcfox နဲ့ ပူးပေါင်းမယ်လို့ လွန်ခဲ့တဲ့ ၁ နှစ်ကျော်အကြာက ကြေညာခဲ့ပါတယ်။ Huawei Inside မှာ HarmonyOS မောင်းနှင်တဲ့ စမတ် မျက်နှာပြင်နဲ့ Level-3 Autonomous Driving ကို ပံ့ပိုးပေးနိုင်တဲ့ Huawei ရဲ့ HiCar နည်းပညာကို ပေါင်းစပ်ထားပါတယ်။

Arcfox Alpha-S has an infotainment system powered by HarmonyOS

Arcfox Alpha-S ဟာ Huawei Inside ပါတဲ့ ပထမဆုံး ကား ဖြစ်ပြီး အခုတော့ အမြောက်အများ ထုတ်လုပ်နေပါပြီ။ အဲဒီ ကားရဲ့ အလိုအလျှောက် မောင်းနှင်စနစ်ဟာ 400TOPs Computing ကို ထောက်ပံ့ပေးနိုင်ပြီး LiDAR Sensor ၃ ခု၊ mmW Radar Sensor ၆ ခု၊ Ultrasonic Sensor ၁၂ ခု၊ ADS Unit ၉ ခု၊ Surround View ကင်မရာ ၄ ခု စတဲ့ အာရုံခံ နည်းပညာများစွာ ထည့်သွင်းထားပါတယ်။

Arcfox Alpha-S ကို ဇန်နဝါရီလက စတင် ထုတ်လုပ်ခဲ့ပေမယ့် ပထမအသုတ်မှာ အနည်းငယ်ပဲ ရောင်းချပေးခဲ့ပါတယ်။ အခုတော့ ဇန်ဂျီယန် စက်ရုံမှာ အမြောက်အများ ထုတ်လုပ်နေပါပြီ။

Arcfox ဟာ တရုတ် အစိုးရပိုင်  BAIC (Beijing Automotive Group) ရဲ့ လျှပ်စစ်ကား Brand ဖြစ်ပါတယ်။ တရုတ်မှာ ဆဌမမြောက် အကြီးမားဆုံး ကားထုတ်လုပ်သူ ဖြစ်ပြီး ၁၉၅၈ ခုနှစ်က စတင်  တည်ထောင်ခဲ့ပါတယ်။

Ref : gsmarena