Samsung ကုမ္ပဏီက Galaxy S8 နဲ့ S8 Plus တို့ထုတ်လုပ်ပြီးတဲ့နောက်မှာ စခရင်ကြီးကြီးနဲ့ Galaxy Note 8 ကို ထုတ်လုပ်တော့မယ်လို့ ကောလဟာလတွေ ထွက်နေပါပြီ။

Samsung Galaxy S8 Plus က မျက်နှာပြင် ၆.၂ လက်မနဲ့ ထုတ်လုပ်ခဲ့တာကြောင့် အနည်းဆုံး မျက်နှာပြင်က ၆.၂ လက်မကနေ ၆.၄ လက်မကြားလောက်တော့ ရှိနေပါလိမ့်မယ်။

မနှစ်က Samsung Galaxy Note 7 မှာ ဘက်ထရီ ပြဿနာ ပေါ်တာကြောင့် အလုံးရေ ၃ သန်းလောက် ပြန်လည် သိမ်းဆည်းခဲ့ရပါတယ်။ ဒါကြောင့် ဒီတစ်ခေါက် Note 8 မှာလည်း ပိုပြီး အထူးဂရုစိုက် ထုတ်လုပ်ဖို့လည်း များပါတယ်။

Resolution

ဒီတစ်ခေါက် Note 8 မှာတော့ 4 K စခရင် Resolution သုံးမယ်လို့ သတင်းတွေ ပေါက်ကြားနေပါတယ်။ ဒါဆိုရင်တော့ VR Headset နဲ့ ကြည့်တဲ့အခါမှာ အရုပ်တွေက ပိုကြွနေမှာပါ။ (Sony ကတော့ ၂၀၁၅ ခုနှစ်ကတည်းက Xperia Z5 Premium ကို 4 K Resolution နဲ့ ထုတ်လုပ်ခဲ့တာပါ။)

Samsung S8 ရဲ့ အဆင်မပြေမှုတွေ ပြန်လည်ပြင်ဆင်မလား

Samsung S8 ရဲ့ အကြီးမားဆုံး အဆင်မပြေမှုကတော့ကင်မရာ lens တွေရဲ့ ညာဘက်မှာ လက်ဗွေရာ စနစ်ကို ထားရှိတာဘဲ ဖြစ်ပါတယ်။ အသုံးပြုသူတွေ အများအပြား အဆင်မပြေကြပါဘူး။

ဒါကြောင့် Google Pixel၊ LG G6 နဲ့ Huawei P10 ဖုန်းတွေလိုမျိုး ဖုန်းရဲ့ အနောက်ဘက် အလယ်မှာဘဲ ထားမလား ဒါမှမဟုတ် တခြား Samsung ဖုန်းတွေလိုမျိုး ဖုန်းအရှေ့မှာဘဲ ထားမလားဆိုတာတော့ မသိသေးပါဘူး။

ကင်မရာ

S8 ရဲ့ အောင်မြင်မှုရရှိတဲ့ အနောက်ဘက်မှာ ကင်မရာ ၂လုံးရဲ့ အရည်အသွေးကို ပေါင်းစပ်ထားတဲ့ Dual-Camera စနစ်ကို ဆက်သုံးဖို့လည်း ရှိနေပါတယ်။ LG V20 လိုမျိုး ကင်မရာ lens ၂ မျိုးဖြစ်တဲ့ Wide Lens နဲ့ Telephoto Lens ၂ မျိုးပါမယ်လို့လည်း သတင်းထွက်နေပါတယ်။

Samsung Galaxy Note 8 နဲ့ iPhone 8 ထုတ်မယ့်လချင်းလည်း နီးကပ်နေ

အများအားဖြင့် Note တွေ ထွက်တဲ့အချိန်နဲ့ iPhone က ဖုန်းအသစ်မိတ်ဆက်လေ့ရှိတဲ့ စက်တင်ဘာလနဲ့က အချိန်သိပ်ကွာဟလေ့မရှိပါဘူး။

ဒီတစ်ခေါက်က apple ကုမ္ပဏီရဲ့ iPhone တွေထုတ်လုပ်တဲ့ ၁၀ နှစ်ပြည့်နှစ်လည်းဖြစ်တာကြောင့် iPhone နဲ့ Samsung ရဲ့ ယှဉ်ပြိုင်မှုက သာမန်ထက်ပိုပြင်းထန်မယ်လို့လည်း ပြောနေကြပါတယ်။

Apple ကလည်း ၁၀ နှစ်ပြည့် အထိမ်းအမှတ်နဲ့ iPhone 8 ကို နည်းပညာ အကုန်သုံးပြီး ထုတ်လုပ်နိုင်တာကြောင့် Samsung ကလည်း Note 8 ကို ဘယ်လို နည်းပညာတွေနဲ့ ထုတ်လုပ်ပြီး ယှဉ်ပြိုင်မလဲဆိုတာ စိတ်ဝင်စားဖွယ်ကောင်းပါတယ်။

S PEN

Note 8 မှာ ပါတဲ့ စာရေးတဲ့ Pen လေးက စာရေးနိုင်တာထက်ပိုပြီး စွမ်းဆောင်နိုင်မှုတွေ ဥပမာအားဖြင့် Speaker ပါဝင်လာမျိုးတွေလည်းဖြစ်နိုင်ပါတယ်။ PEN ရဲ့ ထိပ်ပိုင်းမှာလည်း Audio ဖမ်းနိုင်တဲ့ စကားပြောနိုင်တဲ့ စနစ်ပါဝင်ပြီး Pen ကနေ တစ်ဆင့် စကားသံပြန်ကြားနိုင်တဲ့ စနစ်ပါဝင်မယ်လို့လည်း သတင်းထွက်နေပါတယ်။ ဒါကြောင့် Pen ကို ကိုင်ပြီး ဖုန်းပြောသလိုလည်းပြောနိုင်မှာပါ။

Bixby Al Assistant

Samsung ရဲ့ တခြားဖုန်းတွေမှာ ပါဝင်တဲ့ ကိုယ်ရေး အရာရှိလိုမျိုး ကူညီပေးနိုင်တဲ့ Bixby Al Assistant ကို Amazon ရဲ့ Alexa၊ Google Assistant နဲ့ Apple က ထုတ်လုပ်တဲ့ Siri တို့နဲ့ ယှဉ်ပြိုင်နိုင်အောင် ပိုပြီး အဆင့်မြှင့်တင်ထားတယ်လို့လည်း သတင်းထွက်နေပါတယ်။

ဘယ်အချိန်မှာ ထွက်မလဲ

Note 8 က Samsung Note ဖုန်းတွေ မိတ်ဆက်လေ့ရှိတဲ့ သြဂုတ်လမှာဘဲ ထွက်ရှိမလား။ ဒါမှမဟုတ်ရင် နည်းနည်းနောက်ကျပြီး စက်တင်ဘာမှာ ထွက်မလား။ Note 7 တုန်းကတော့ သြဂုတ်လ အစောပိုင်းမှာ ထွက်ရှိလာပါတယ်။ အများအားဖြင့်တော့ Apple ကုမ္ပဏီက iPhone တွေ (စက်တင်ဘာလမှာ မိတ်ဆက်လေ့ရှိ) မမိတ်ဆက်ခင်မှာ Samsung Note ဖုန်းတွေ ထွက်ရှိလာလေ့တော့ရှိပါတယ်။

ဈေးနှုန်းက ဘယ်လောက်ဖြစ်မလဲ

Note 7 တုန်းက ဒေါ်လာ ၁ ထောင်ဝန်းကျင်နဲ့ ရောင်းချခဲ့ပါတယ်။ ဒီတစ်ခါမှာတော့ Dual Camera နဲ့ တခြား နည်းပညာတွေ အဆင့်မြှင့်ထားရင်တော့ ဒေါ်လာ ၁ ထောင်ကျော်ဖို့ များပါတယ်။