[Zawgyi]

စမတ္ဖုန္းေတြက ဖုန္းေျပာဖို႔တင္ မဟုတ္ေတာ့ပါဘူး။ လူေတြရဲ႕ ေန႔စဥ္ လူမႈဘ၀ေတြကို မ်ားစြာ ကူညီေပးေနပါတယ္။ ဒါတင္ မကေသးပါဘူး။ လူေတြရဲ႕ အသက္ကိုပါ ကယ္တင္ေပးႏုိင္ပါတယ္။ Google က ကားတိုက္ရင္ 911 ကို အလိုလို ဖုန္းေခၚေပးၿပီး သင့္တည္ေနရာကို အေရးေပၚ ကယ္ဆယ္ေရးေတြဆီ ပို႔ေပးမယ့္ လုပ္ေဆာင္ခ်က္ကို Emergency Information App မွာ ထည့္သြင္းေပးလိုက္ပါတယ္။

XDA Developers က Google ဟာ Play Store က App’s Description မွာ အဲဒီ လုပ္ေဆာင္ခ်က္ကို ထည့္သြင္းလိုက္ၿပီး လုပ္ေဆာင္ခ်က္နဲ႔ ကိုက္ညီေအာင္ “Personal Safety” လို႔ နာမည္ေျပာင္းလိုက္တယ္လို႔ ေျပာပါတယ္။ App က ဖုန္းရဲ႕ Accelerometer နဲ႔ Microphones ေတြကို သံုးၿပီး ကားတိုက္တာကို သိနားလည္ပါတယ္။ ကားတိုက္တာနဲ႔ က်ယ္ေလာင္တဲ့ အသံနဲ႔ တုန္ခါမႈကို ျပဳလုပ္ေပးမွာပါ။ အဲဒီ အသံကို သင္က မပိတ္ဘူးဆိုရင္ေတာ့ အေရးေပၚ ကယ္ဆယ္ေရးေတြဆီ သင့္တည္ေနရာကို ပို႔ေပးမွာပါ။ Screen က အနီေရာင္ ခလုတ္ကို သင္ ႏွိပ္လိုက္တာနဲ႔ 911 ကို ဖုန္းေခၚေပးမွာပါ။

XDA Developers က လက္ရွိ Pixel Phone ေတြမွာ App ကို Update လုပ္ၿပီးတာေတာင္ အဲဒီ လုပ္ေဆာင္ခ်က္ မရေသးဘူးလို႔ ေျပာပါတယ္။ အဲဒီအတြက္ လာမယ့္ ၂ ပတ္အတြင္းမွာ ေၾကညာေတာ့မယ့္ Google Pixel 4 ေတြမွာသာ ပါလာႏုိင္ပါတယ္။

Google က ကားတိုက္တာကို ေထာက္လွမ္းႏိုင္တဲ့ လုပ္ေဆာင္ခ်က္ကို လက္ရွိမွာ အေမရိကန္မွာသာ သံုးႏုိင္မယ္လို႔ ေျပာပါတယ္။ တျခားႏုိင္ငံေတြမွာ သံုးႏုိင္ဖို႔အတြက္ Google က အဲဒီႏုိင္ငံေတြက အေရးေပၚ ကယ္ဆယ္ေရး ၀န္ေဆာင္မႈေတြနဲ႔ ခ်ိတ္ဆက္ရဦးမွာ ျဖစ္တဲ့အတြက္ ျဖန္႔ခ်ိဖို႔ အခ်ိန္ယူရဦးမယ္ထင္ပါတယ္။

Ref : techradar

[Unicode]

ကားတိုက်ရင် သင့် အသက်ကို ကယ်ပေးမယ့် Google Pixel 4

စမတ်ဖုန်းတွေက ဖုန်းပြောဖို့တင် မဟုတ်တော့ပါဘူး။ လူတွေရဲ့ နေ့စဉ် လူမှုဘဝတွေကို များစွာ ကူညီပေးနေပါတယ်။ ဒါတင် မကသေးပါဘူး။ လူတွေရဲ့ အသက်ကိုပါ ကယ်တင်ပေးနိုင်ပါတယ်။ Google က ကားတိုက်ရင် 911 ကို အလိုလို ဖုန်းခေါ်ပေးပြီး သင့်တည်နေရာကို အရေးပေါ် ကယ်ဆယ်ရေးတွေဆီ ပို့ပေးမယ့် လုပ်ဆောင်ချက်ကို Emergency Information App မှာ ထည့်သွင်းပေးလိုက်ပါတယ်။

XDA Developers က Google ဟာ Play Store က App’s Description မှာ အဲဒီ လုပ်ဆောင်ချက်ကို ထည့်သွင်းလိုက်ပြီး လုပ်ဆောင်ချက်နဲ့ ကိုက်ညီအောင် “Personal Safety” လို့ နာမည်ပြောင်းလိုက်တယ်လို့ ပြောပါတယ်။ App က ဖုန်းရဲ့ Accelerometer နဲ့ Microphones တွေကို သုံးပြီး ကားတိုက်တာကို သိနားလည်ပါတယ်။ ကားတိုက်တာနဲ့ ကျယ်လောင်တဲ့ အသံနဲ့ တုန်ခါမှုကို ပြုလုပ်ပေးမှာပါ။ အဲဒီ အသံကို သင်က မပိတ်ဘူးဆိုရင်တော့ အရေးပေါ် ကယ်ဆယ်ရေးတွေဆီ သင့်တည်နေရာကို ပို့ပေးမှာပါ။ Screen က အနီရောင် ခလုတ်ကို သင် နှိပ်လိုက်တာနဲ့ 911 ကို ဖုန်းခေါ်ပေးမှာပါ။

XDA Developers က လက်ရှိ Pixel Phone တွေမှာ App ကို Update လုပ်ပြီးတာတောင် အဲဒီ လုပ်ဆောင်ချက် မရသေးဘူးလို့ ပြောပါတယ်။ အဲဒီအတွက် လာမယ့် ၂ ပတ်အတွင်းမှာ ကြေညာတော့မယ့် Google Pixel 4 တွေမှာသာ ပါလာနိုင်ပါတယ်။

Google က ကားတိုက်တာကို ထောက်လှမ်းနိုင်တဲ့ လုပ်ဆောင်ချက်ကို လက်ရှိမှာ အမေရိကန်မှာသာ သုံးနိုင်မယ်လို့ ပြောပါတယ်။ တခြားနိုင်ငံတွေမှာ သုံးနိုင်ဖို့အတွက် Google က အဲဒီနိုင်ငံတွေက အရေးပေါ် ကယ်ဆယ်ရေး ဝန်ဆောင်မှုတွေနဲ့ ချိတ်ဆက်ရဦးမှာ ဖြစ်တဲ့အတွက် ဖြန့်ချိဖို့ အချိန်ယူရဦးမယ်ထင်ပါတယ်။

Ref : techradar