ဘာစီလိုနာမှာ ကျင်းပဖို့ စီစဉ်ထားတဲ့ MWC နည်းပညာပြပွဲကို ကိုရိုနာ ဗိုင်းရက်စ်ကြောင့် ဖျက်သိမ်းခဲ့ပေမယ့် GSM Association က Categories ၈ ခုအတွက် Global Mobile Awards ကို ကြေညာလိုက်ပါတယ်။ အဓိက Category ဖြစ်တဲ့ ၂၀၁၉ ခုနှစ်ရဲ့ အကောင်းဆုံး စမတ်ဖုန်း ဆုကို OnePlus 7T Pro က ဆွတ်ခူးရရှိသွားပါတယ်။

ဆုရွေးချယ်တဲ့ ဒိုင်လူကြီး‌ ၁၆ ယောက်က “ OnePlus 7T Pro ဟာ ထိပ်တန်းအဆင့် ပရော်ဆက်ဆာကို ပိုင်ဆိုင်ထားပြီး အားသွင်းနှုန်းက အရမ်းမြန်ပါတယ်။ ဆော့ဖ်ဝဲကလည်း အရမ်း ကောင်းပြီး ဈေးက စွမ်းရည်မြင့် စမတ်ဖုန်းတွေထဲမှာ တော်တော်ချိုပါတယ်။ ရောင်းအားလည်း အရမ်းကောင်းတဲ့ စမတ်ဖုန်း ဖြစ်ပါတယ်။ “ လို့ သုံးသပ်ပါတယ်။

OnePlus 7T Pro ရဲ့ Specs တွေကို ပြန်လည်ဖော်ပြလိုက်ပါတယ်။ ၆.၆၇ လက်မ Fluid AMOLED မျက်နှာပြင် တပ်ဆင်ထားပြီး 1440x3120p Resolution ရှိပါတယ်။ 90Hz Refresh Rate ထောက်ပံ့တဲ့ အတွက် ဂိမ်းကစားရင် အရမ်းမြန်ဆန်သွက်လက်ပါတယ်။ မျက်နှာပြင်ကို Gorilla Glass 6 နဲ့ ကာကွယ်ထားတဲ့အတွက် အကြမ်းခံပါတယ်။

အနောက်ဘက်မှာ 48MP Wide + 16MP Ultrawide + 8MP Telephoto ကင်မရာတွေနဲ့ အရှေ့ဘက်မှာ 16MP Pop-up ကင်မရာ ပါလာပါတယ်။ မျက်နှာပြင်အောက် လက်ဗွေရာ ကိရိယာ မြှပ်နှံထားပြီး   Warp Charge 30W ထောက်ပံ့တဲ့ 4,085mAh ဘက်ထရီ ထည့်ထားပါတယ်။  နောက်ဆုံးထုတ် Android 10 အခြေပြု OxygenOS 10 မောင်းနှင်ထားပါတယ်။

Ref : gsmarena