Apple ဟာ သူ့ရဲ့ ဈေးအသက်သာဆုံး iPhone ကို နှစ်နှစ်တစ်ကြိမ် ပြန်ပြီးဆန်းသစ်လေ့ရှိပါတယ်။ အစဉ်အလာအတိုင်းဆိုရင်တော့ ၂၀၂၂ မှာ iPhone SE ထွက်လာပြီးတဲ့နောက် လာမဲ့ ၂၀၂၄ မှာ Refresh iPhone SE ကို ထပ်ပြီး တွေ့မြင်ရမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ Ming-Chi Kuo က SE စမ်းသပ်လုပ်ဆောင်ချက်က ပြီးဆုံးသွားပြီလို့ ဆိုလိုက်ပါတယ်။

Kuo ရဲ့ အဆိုအရ Apple ဟာ 2024 iPhone SE အတွက် ထုတ်လုပ်မှုနဲ့တင်ပို့ရောင်းချမှုအစီအစဉ်တွေကို ရွှေ့ဆိုင်းတာတင်မဟုတ်တော့ဘဲ ဖျက်သိမ်းလိုက်တာဖြစ်ကြောင်း သိရပါတယ်။ ဒီသတင်းဟာ ကောလာဟလထွက်နေတဲ့ Apple ရဲ့ In-house baseband chip နဲ့လည်း ပတ်သက်ဆက်နွယ်တဲ့ ရိုက်ခတ်မှုတစ်ခုကို ဖြစ်ပေါ်လာစေပါတယ်။

ကနဦးကတော့ Baseband chip ကို iPhone SE အသစ်တွေမှာ စတင်အသုံးပြုမယ်လို့ မျှော်လင့်ထားကြတာ ဖြစ်ပါတယ်။ အကယ်၍သာ မူလစီစဉ်ထားတဲ့အတိုင်းဆိုရင် ဒီ Chip ကို အမြတ်အစွန်းများတဲ့ မော်ဒယ်တွေထဲကတစ်ခုမဟုတ်ဘဲ ဈေးအသက်သာဆုံးစမတ်ဖုန်းမှာပဲ ထည့်သွင်းအသုံးပြုမှာဖြစ်တဲ့အတွက် ၂၀၂၄ ခုနှစ်နှောင်းပိုင်းမှာ ထွက်လာမဲ့ iPhone 16 စီးရီးထဲက တစ်မျိုးမျိုးဆီလည်း ရောက်သွားနိုင်ပါတယ်။

Ref: GSM Arena