အခုနောက်ပိုင်းစမတ်ဖုန်းအသုံးပြုသူတွေက ဖုန်း Display ကို ပိုပိုပြီး ကြီးလာဖို့ကို မျှော်လင့်ကြပေမယ့်လည်း ကိုင်ပြီးအသုံးပြုရတဲ့အရွယ်အစားကိုတော့ အရမ်းကြီးလာတာမျိုးကို မကြိုက်ကြပါဘူး။ အဲ့ဒီအတွက်ဖုန်းထုတ်လုပ်သူတွေကလည်း Screen Size ကိုပဲ ပိုကြီးလာကြပြီး ဖုန်းအရွယ်အစားကိုပိုပြီး သေးလာအောင်ထုတ်လုပ်လာကြတာဖြစ်ပါတယ်။

အခုလိုမျိုး ထုတ်လုပ်တာကို Screen နဲ့ Body အချိုးကျမှု Screen-to-body ratio နဲ့ တိုင်းတာပြီးတော့ Screen-to-body Ratio မြင့်မားလေ ပိုပြီး ဖုန်းအရွယ်အစားက သေးငယ်လေလို့တောင်ပြောလို့ရပါတယ်။

အခုအချိန်မှာ Sharp ကနေ Aquos S3 စမတ်ဖုန်းကို ထုတ်လိုက်ပြီဖြစ်ပြီးတော့ အဆိုပါ စမတ်ဖုန်းဟာ လက်ရှိ 6″ Display ကို အသုံးပြုထားတဲ့ စမတ်ဖုန်းတွေထဲမှာ အရွယ်အစားအရအသေးငယ်ဆုံးဖြစ်လာပါတယ်။ Screen-to-body Ratio အရလည်း 91% တောင်ရှိမှာဖြစ်ပါတယ်။

Specifications တွေအရတော့ Qualcomm Snapdragon 630 Processor ၊ RAM 4GB ၊ ROM 64GB ပါဝင်မှာဖြစ်ပြီးတော့ Dual 12MP + 13MP Back Camera နဲ့ 16MP Front Camera တွေပါဝင်မှာဖြစ်ပါတယ်။ Battery အနေနဲ့လည်း 3200mAh Battery ပါဝင်မှာဖြစ်ပြီးတော့ Quick Charge 3.0 ကို Support ပြုလုပ်မှာပါ။

အခု Sharp Aquos S3 စမတ်ဖုန်းကိုတော့ ဈေးနှုန်းအနေနဲ့ ဒေါ်လာ ၄၀၀ ဝန်းကျင်နဲ့ ရောင်းချသွားမယ်လို့ သိရပါတယ်။