[Zawgyi]

အေမရိကန္ ကာကြယ္ေရး ဌာနခ်ဳပ္ရံုး ပန္တဂြန္က စစ္ပြဲမ်ားမွာ ရန္သူမ်ားကို ခြဲျခမ္းစိတ္ျဖာႏုိင္မယ့္ နည္းပညာ အသစ္တစ္ခုကို ဖန္တီးေနပါတယ္။ အဲဒါကေတာ့ ႏွလံုးခုန္သံျဖင့္ လူေတြကို ခြဲျခားႏုိင္တဲ့ နည္းပညာ ျဖစ္ပါတယ္။ လူေတြရဲ႕ ႏွလံုးခုန္သံမ်ားဟာ လက္ေဗြရာမ်ားလို တစ္ေယာက္နဲ႔ တစ္ေယာက္ မတူညီၾကပါဘူး။

မ်က္ႏွာအာရံုခံ နည္းလမ္းနဲ႔ လက္ေဗြရာ စနစ္မ်ားဟာ လိမ္လည္လွည့္ျဖားလို႔ ရပါေသးတယ္။ ႏွလံုးခုန္သံကိုေတာ့လွည့္စားလို႔ မရပါဘူး။ အဲဒီအတြက္ ဒီနည္းပညာက သူတိုု႔ထက္ ပိုမိုတိက်ပါတယ္။ တီထြင္သူမ်ားက ၉၅ ရာခိုင္ႏႈန္း တိက်တယ္လို႔ ေျပာပါတယ္။ ႏွလံုးခုန္သံမ်ားကို ေထာက္လွမ္းဖို႔အတြက္ အနီေအာက္ေရာင္ျခည္ကို အသံုးျပဳထားတာ ျဖစ္ပါတယ္။ မီတာ ၂၀၀ အတြင္းမွ ႏွလံုးခုန္သံမ်ားကို ဒီနည္းပညာက စစ္ေဆးေပးႏုိင္ပါတယ္။ တီထြင္သူမ်ားက ဒီထက္ပိုေ၀းတဲ့ အကြာအေ၀းကို ေထာက္လွမ္းႏိုင္ေအာင္ အနာဂတ္မွာ ဖန္တီးၾကမွာ ျဖစ္ပါတယ္။

အနီေအာက္ေရာင္ျခည္ကို ေထာက္လွမ္းတဲ့ နမူနာ ကိရိယာကို Jetson လို႔ အမည္ေပးထားပါတယ္။ သူက ႏွလံုးခုန္သံေၾကာင့္ ျဖစ္ေပၚတဲ့ လူ႔ခႏၱာကိုယ္ အေရျပားမွ လႈပ္ရွားမႈကို တိုင္းတာျခင္းျဖင့္ ႏွလံုးခုန္သံကို တြက္ခ်က္စစ္ေဆးတာ ျဖစ္ပါတယ္။ ရွပ္အကၤ် ီလို ပါးလႊာတဲ့ အ၀တ္အစားမ်ားကို ေဖာက္ထြင္းၿပီး တိုင္းတာေပးႏိုင္ပါတယ္။ ဒါေပမယ့္ ကုတ္အကၤ် ီလို ထူထဲတဲ့ အ၀တ္အစားမ်ားကို ေဖာက္ထြင္းၿပီး မတိုင္းတာေပးႏုိင္ပါဘူး။

ဒီနည္းပညာရဲ႕ ကန္႔သတ္ခ်က္တစ္ခုက လူေတြကို ခြဲျခားဖို႔ ႏွလံုးခုန္သံ ေဒတာေဘ့စ္တစ္ခု လိုအပ္တာ ျဖစ္ပါတယ္။ ပန္တဂြန္က အီရတ္နဲ႔ အာဖဂန္နစၥတန္ နိုင္ငံမ်ားမွာ အဲဒီ ေဒတာမ်ားကို ေကာက္ယူၿပီး ျဖစ္ပါတယ္။

Ref : digitaltrends

[Unicode]

အမေရိကန် စစ်တပ်က နှလုံးခုန်သံဖြင့် လူတွေကို ခွဲခြားနိုင်တဲ့ နည်းပညာကို ဖန်တီး

အမေရိကန် ကာကွယ်ရေး ဌာနချုပ်ရုံး ပန်တဂွန်က စစ်ပွဲများမှာ ရန်သူများကို ခွဲခြမ်းစိတ်ဖြာနိုင်မယ့် နည်းပညာ အသစ်တစ်ခုကို ဖန်တီးနေပါတယ်။ အဲဒါကတော့ နှလုံးခုန်သံဖြင့် လူတွေကို ခွဲခြားနိုင်တဲ့ နည်းပညာ ဖြစ်ပါတယ်။ လူတွေရဲ့ နှလုံးခုန်သံများဟာ လက်ဗွေရာများလို တစ်ယောက်နဲ့ တစ်ယောက် မတူညီကြပါဘူး။

မျက်နှာအာရုံခံ နည်းလမ်းနဲ့ လက်ဗွေရာ စနစ်များဟာ လိမ်လည်လှည့်ဖြားလို့ ရပါသေးတယ်။ နှလုံးခုန်သံကိုတော့လှည့်စားလို့ မရပါဘူး။ အဲဒီအတွက် ဒီနည်းပညာက သူတို့ထက် ပိုမိုတိကျပါတယ်။ တီထွင်သူများက ၉၅ ရာခိုင်နှုန်း တိကျတယ်လို့ ပြောပါတယ်။ နှလုံးခုန်သံများကို ထောက်လှမ်းဖို့အတွက် အနီအောက်ရောင်ခြည်ကို အသုံးပြုထားတာ ဖြစ်ပါတယ်။ မီတာ ၂၀၀ အတွင်းမှ နှလုံးခုန်သံများကို ဒီနည်းပညာက စစ်ဆေးပေးနိုင်ပါတယ်။ တီထွင်သူများက ဒီထက်ပိုဝေးတဲ့ အကွာအဝေးကို ထောက်လှမ်းနိုင်အောင် အနာဂတ်မှာ ဖန်တီးကြမှာ ဖြစ်ပါတယ်။

အနီအောက်ရောင်ခြည်ကို ထောက်လှမ်းတဲ့ နမူနာ ကိရိယာကို Jetson လို့ အမည်ပေးထားပါတယ်။ သူက နှလုံးခုန်သံကြောင့် ဖြစ်ပေါ်တဲ့ လူ့ခန္တာကိုယ် အရေပြားမှ လှုပ်ရှားမှုကို တိုင်းတာခြင်းဖြင့် နှလုံးခုန်သံကို တွက်ချက်စစ်ဆေးတာ ဖြစ်ပါတယ်။ ရှပ်အင်္ကျ ီလို ပါးလွှာတဲ့ အဝတ်အစားများကို ဖောက်ထွင်းပြီး တိုင်းတာပေးနိုင်ပါတယ်။ ဒါပေမယ့် ကုတ်အင်္ကျ ီလို ထူထဲတဲ့ အဝတ်အစားများကို ဖောက်ထွင်းပြီး မတိုင်းတာပေးနိုင်ပါဘူး။

ဒီနည်းပညာရဲ့ ကန့်သတ်ချက်တစ်ခုက လူတွေကို ခွဲခြားဖို့ နှလုံးခုန်သံ ဒေတာဘေ့စ်တစ်ခု လိုအပ်တာ ဖြစ်ပါတယ်။ ပန်တဂွန်က အီရတ်နဲ့ အာဖဂန်နစ္စတန် နိုင်ငံများမှာ အဲဒီ ဒေတာများကို ကောက်ယူပြီး ဖြစ်ပါတယ်။

Ref : digitaltrends