[Zawgyi]

အရင္တုန္းကေတာ့ ကင္မရာေတြနဲ႔ ဓါတ္ပံုရိုက္ကူးၿပီိး ဖလင္ကေန ဓါတ္ပံုထုတ္ဖုိ႔ အခ်ိန္ေစာင့္ဆိုင္းရပါတယ္။ အခုေတာ့ စမတ္ဖုန္းကေန လြယ္လြယ္ကူကူ ဓါတ္ပံုရိုက္ကူးႏုိင္ၿပီး ခ်က္ျခင္းပဲ ဓါတ္ပံုကို ၾကည့္ႏုိင္ပါတယ္။ ဒါ့အျပင္ ခ်က္ျခင္း Print ထုတ္ေပးမယ့္ ကိရိယာေတြကိုလည္းတီထြင္လာၾကပါတယ္။ အခုေတာ့ အဲဒီလို Print ထုတ္ေပးတဲ့ Polaroid Lab နာမည္ရ ကိရိယာကို ေၾကညာလိုက္ပါတယ္။

Polaroid Lab ဟာ စမတ္ဖုန္းက ဓါတ္ပံုေတြကို ျမန္ျမန္ဆန္ဆန္ Print ထုတ္ေပးႏုိင္ပါတယ္။ တာ၀ါ ပံုသ႑ာန္ Printer ျဖစ္ၿပီး I-Type or 600 Series Instant Film မွာ ဓါတ္ပံုကို ဖန္တီးဖို႔အတြက္ စမတ္ဖုန္း မ်က္ႏွာျပင္က ထုတ္လႊင့္တဲ့ အလင္းေရာင္ကို အသံုးျပဳထားပါတယ္။ စမတ္ဖုန္းမွာ Polaroid Originals Companion App ကို Download ရယူၿပီး ဖြင့္ပါ။ ဓါတ္ပံု ၁ ပံုကို ေရြးၿပီး Polaroid Lab ေပၚမွာ ဖုန္းမ်က္ႏွာျပင္ကို ေမွာက္ထားပါ။ ၿပီးရင္ အနီေရာင္ ခလုတ္ကို ႏွိပ္လိုက္တာနဲ႔ ဓါတ္ပံုထြက္လာမွာ ျဖစ္ပါတယ္။

iOS 11 နဲ႔ အထက္ပါၿပီး iPhone 6S နဲ႔ ေနာက္ပိုင္းထုတ္ ဖုန္းအားလံုးနဲ႔ တြဲဖက္ အသံုးျပဳႏိုင္ပါတယ္။ Android 7 နဲ႔ အထက္ ပါတဲ့ Samsung , Huawei , Google Pixel နဲ႔ OnePlus တုိ႔ရဲ႕ စမတ္ဖုန္းေတြကို ေထာက္ပံ့ပါတယ္။ ၁၃၀ ေဒၚလာ သတ္မွတ္ထားၿပီး ျမန္မာေငြ ၁၉၀,၀၀၀ ေလာက္ရွိပါတယ္။ Polaroid Lab ရဲ႕ အရြယ္အစားက အရမ္းမႀကီးတဲ့အတြက္ ခရီးသြားရင္ေတာင္ လြယ္လြယ္ကူကူ ယူေဆာင္သြားႏုိင္မွာ ျဖစ္ပါတယ္။

စမတ္ဖုန္းက ဓါတ္ပံုေတြကို Print ထုတ္ေပးတဲ့ အႊန္လိုင္း ၀န္ေဆာင္မႈေတြလည္း ေပၚထြက္ေနၾကပါၿပီ။ ဒါေပမယ့္ Polaroid Lab ကေတာ့ အခ်ိန္မေရြး၊ ေနရာမေရြး ဓါတ္ပံုေတြ ထုတ္လုပ္ေပးႏိုင္တဲ့ အတြက္ အရမ္းကို မိုက္ပါတယ္။

Ref : wersm

[Unicode]

စမတ်ဖုန်းက ဓါတ်ပုံတွေကို Print ထုတ်ပေးမယ့် Polaroid Lab

အရင်တုန်းကတော့ ကင်မရာတွေနဲ့ ဓါတ်ပုံရိုက်ကူးပြီး ဖလင်ကနေ ဓါတ်ပုံထုတ်ဖို့ အချိန်စောင့်ဆိုင်းရပါတယ်။ အခုတော့ စမတ်ဖုန်းကနေ လွယ်လွယ်ကူကူ ဓါတ်ပုံရိုက်ကူးနိုင်ပြီး ချက်ခြင်းပဲ ဓါတ်ပုံကို ကြည့်နိုင်ပါတယ်။ ဒါ့အပြင် ချက်ခြင်း Print ထုတ်ပေးမယ့် ကိရိယာတွေကိုလည်းတီထွင်လာကြပါတယ်။ အခုတော့ အဲဒီလို Print ထုတ်ပေးတဲ့ Polaroid Lab နာမည်ရ ကိရိယာကို ကြေညာလိုက်ပါတယ်။

Polaroid Lab ဟာ စမတ်ဖုန်းက ဓါတ်ပုံတွေကို မြန်မြန်ဆန်ဆန် Print ထုတ်ပေးနိုင်ပါတယ်။ တာဝါ ပုံသဏ္ဍာန် Printer ဖြစ်ပြီး I-Type or 600 Series Instant Film မှာ ဓါတ်ပုံကို ဖန်တီးဖို့အတွက် စမတ်ဖုန်း မျက်နှာပြင်က ထုတ်လွှင့်တဲ့ အလင်းရောင်ကို အသုံးပြုထားပါတယ်။ စမတ်ဖုန်းမှာ Polaroid Originals Companion App ကို Download ရယူပြီး ဖွင့်ပါ။ ဓါတ်ပုံ ၁ ပုံကို ရွေးပြီး Polaroid Lab ပေါ်မှာ ဖုန်းမျက်နှာပြင်ကို မှောက်ထားပါ။ ပြီးရင် အနီရောင် ခလုတ်ကို နှိပ်လိုက်တာနဲ့ ဓါတ်ပုံထွက်လာမှာ ဖြစ်ပါတယ်။

iOS 11 နဲ့ အထက်ပါပြီး iPhone 6S နဲ့ နောက်ပိုင်းထုတ် ဖုန်းအားလုံးနဲ့ တွဲဖက် အသုံးပြုနိုင်ပါတယ်။ Android 7 နဲ့ အထက် ပါတဲ့ Samsung , Huawei , Google Pixel နဲ့ OnePlus တို့ရဲ့ စမတ်ဖုန်းတွေကို ထောက်ပံ့ပါတယ်။ ၁၃၀ ဒေါ်လာ သတ်မှတ်ထားပြီး မြန်မာငွေ ၁၉၀,၀၀၀ လောက်ရှိပါတယ်။ Polaroid Lab ရဲ့ အရွယ်အစားက အရမ်းမကြီးတဲ့အတွက် ခရီးသွားရင်တောင် လွယ်လွယ်ကူကူ ယူဆောင်သွားနိုင်မှာ ဖြစ်ပါတယ်။

စမတ်ဖုန်းက ဓါတ်ပုံတွေကို Print ထုတ်ပေးတဲ့ အွှန်လိုင်း ဝန်ဆောင်မှုတွေလည်း ပေါ်ထွက်နေကြပါပြီ။ ဒါပေမယ့် Polaroid Lab ကတော့ အချိန်မရွေး၊ နေရာမရွေး ဓါတ်ပုံတွေ ထုတ်လုပ်ပေးနိုင်တဲ့ အတွက် အရမ်းကို မိုက်ပါတယ်။

Ref : wersm