ပြီးခဲ့တဲ့နှစ်မှာ လျှပ်စစ်ကား ကုမ္ပဏီ Nio က စမတ်ဖုန်း ထုတ်လုပ်ရောင်းချခဲ့ပါတယ်။ အခုတော့ နောက်ထပ် ကားကုမ္ပဏီ Polestar က ပထမဆုံး စမတ်ဖုန်းကို ကြေညာလိုက်ပြီး Polestar Phone လို့ နာမည်ပေးထားပါတယ်။

The Polestar Phone is now official as a rebranded Meizu 21 Pro

Polestar Phone ကို Meizu ထုတ်လုပ်ပေးထားတာ ဖြစ်ပြီး ဖေဖော်ဝါရီလက ကြေညာခဲ့တဲ့ Meizu 21 Pro ကို အခြေပြု တည်ဆောက်ထားတာပါ။ Polestar နဲ့ Meizu ကို တရုတ် ကားကုမ္ပဏီ Geely က ပိုင်ဆိုင်တဲ့အတွက် ဒါဟာ အံ့အားသင့်စရာ မကောင်းပါဘူး။

The Polestar Phone is now official as a rebranded Meizu 21 Pro

Polestar Phone ဟာ တန်ဖိုးကြီး ဖုန်း ဒီဇိုင်း ဖြစ်ပြီး အနောက်ဘက်က Logo ကို တောက်ပြောင်အောင် ပြုလုပ်ထားပါတယ်။

အဲဒီဖုန်းမှာ Snapdragon 8 Gen 3 SoC မောင်းနှင်ထားပြီး 6.79” 1368x3192p 120Hz OLED Display တပ်ဆင်ထားပါတယ်။ Display အောက်မှာ လက်ဗွေရာ ကိရိယာ မြှပ်နှံထားပြီး 16GB RAM နဲ့ 1TB Storage ထည့်သွင်းထားပါတယ်။ အနောက်ဘက်မှာ 50MP Main (OIS), 13MP Ultrawide , 10MP 3x Telephoto (OIS) ကင်မရာ ၃ လုံးနဲ့ အရှေ့ဘက်မှာ 32MP ဆဲလ်ဖီး ကင်မရာ တပ်ဆင်ထားပါတယ်။ 80W Wired, 50W Wireless နဲ့ 10W Reverse Wireless Charging ထောက်ပံ့တဲ့ 5,050mAh Battery ပါပါတယ်။

The Polestar Phone is now official as a rebranded Meizu 21 Pro

IP68 စံနှုန်း ထည့်သွင်းထားပြီး Polestar White ၁ ရောင်ထဲ ထုတ်လုပ်ထားပါတယ်။ အဲဒီဖုန်းရဲ့ ထူးခြားချက်က Polestar ကားတွေနဲ့ တွဲဖက် အသုံးပြုနိုင်တာ ဖြစ်ပါတယ်။

Ref : gsmarena