Sims ဂိမ်းတွေထုတ်လုပ်တဲ့ EA ဂိမ်းကုမ္ပဏီက Sims Mobile ဂိမ်းကိုတော့ iOS ရော Android ဖုန်းတွေမှာပါ မကြာခင်မှာ ဆော့ကစားလို့ရတော့မှာပါ။

ဒီဂိမ်းမှာတော့ တခြား မိုဘိုင်းဖုန်းနဲ့ ဆော့တဲ့ Sims ဂိမ်းတွေထက်ပိုပြီး ထူးခြား အဆင်ပြေအောင် လုပ်ဆောင်ထားတယ်လို့ ဆိုပါတယ်။

Sims ဂိမ်းထဲက ဇာတ်ဆောင်တွေကို ကိုယ်တိုင်ရေးဆွဲ ပုံဖော်နိုင်ခြင်း

Sims ထဲက ဇာတ်ဆောင်တွေဖြစ်တဲ့ ကိုယ်တိုင်၊ ကိုယ့်သူငယ်ချင်း၊ ကိုယ့်မိသားစု စတာတွေကို ကိုယ့်အပြင်ဘ၀က လူတွေပုံစံအတိုင်း ပုံဖော်လို့ရပါတယ်။

အထဲမှာပေးထားတဲ့ Option တွေကို သုံးပြီး နာရီပေါင်းများစွာအသုံးပြုပြီး ကိုယ့်အပြင်က သူငယ်ချင်းပုံစံနဲ့ တူအောင် ရေးဆွဲလို့ရပါတယ်။

ဝါသနာရဲ့ ကျွမ်းကျင်မှုကို ပိုက်ဆံနဲ့ မြှင့်တင်နိုင်

ကိုယ့် ဇာတ်ကောင်ရဲ့ ၀ါသနာကို ပိုက်ဆံနဲ့ မြှင့်တင်နိုင်ပါတယ်။ ဒါမျိုးကတော့ တခြား Sims ဂိမ်းတွေမှာ ရှိတယ်လို့တော့ မကြားမိပါဘူး။ ဒါက Sims Mobile ဂိမ်းအတွက် ထူးခြားချက်လည်း ဖြစ်နိုင်ပါတယ်။

ကျွမ်းကျင်မှု အဆင့်ကို တိုးမြှင့်နိုင်ဖို့ ပိုက်ဆံနဲ့ လုပ်ဆောင်လို့ရတာဖြစ်ပါတယ်။

တခြားသူတွေနဲ့ ချိတ်ဆက်ကစားနိုင်ခြင်း

ဒါက အဆင်ပြေလား၊ မပြေဘူးလားဆိုတာတော့ မသိပါဘူး။ ဂိမ်းရဲ့ Trailer မှာတော့ The Sims Mobile ဂိမ်းကို တခြားသူတွေနဲ့ ချိတ်ဆက်ပြီး ကစားနိုင်တယ်လို့ ပြောထားပါတယ်။

မိုက်ခရို Payment တွေနဲ့ ပေးချေနိုင်ဖွယ်ရှိ

The Sims Mobile ဂိမ်းကို ကစားဖို့ ဆိုရင်တော့ ငွေကြေးအနည်းငယ်တော့ သုံးရဖွယ်ရှိပါတယ်။ ဒီလို ဂိမ်းတွေက တစ်ခါတလေ တစ်နေ့ကို တစ်ကြိမ်ထက်ပိုဆော့ချင်ရင် ဂိမ်းကို ၀ယ်ဆော့ရတာမျိုးတွေလည်းရှိပါတယ်။

အောက်မှာတော့ Sims Mobile ဂိမ်းရဲ့ Trailer လေးပါ။