ယူကေကတော့ ဒီနှစ်ကုန်တာနဲ့ Carrier-locked ဖုန်းတွေ ရောင်းချခြင်းကို ပိတ်ပင်လိုက်ပြီလို့ မကြာသေးခင်ကပဲ ကြေညာခဲ့ပါတယ်။ အမေရိကန်ကလည်း ယူကေလိုပဲ Carrier-locked ဖုန်းတွေကို ပိတ်ပင်ဖို့ လမ်းစတွေ့နေပြီလို့ဆိုပါတယ်။ ဒါပေမယ့် အမေရိကန်မှာတော့ ယူကေလိုပိတ်ပင်ဖို့ဆိုတာ လွယ်မယ်မထင်ပါဘူး။

ယူကေရဲ့ Carrier-locked ဖုန်းရောင်းချမှုတားမြစ်ခြင်းက Offiece of Communications a.k.a Ofcom ကလာတာ ဖြစ်ပါတယ်။ လက်ရှိ FCC ရဲ့ Administration ကလည်း Ofcom နဲ့ တူညီတဲ့အခွင့်အာဏာရှိပါတယ်။ ဒါပေမယ့် FCC အနေနဲ့ ပိတ်ပင်မယ့်အစီအစဉ်ကိုပြုလုပ်ခဲ့ရင်တောင် ဒီလိုပိတ်ပင်တာကို ဥပဒေဘောင်အတွင်းက ဖြေလျော့နိုင်ဖို့ ကြိုးပမ်းကြမှာ ဖြစ်တာကြောင့် မလွယ်ကူဘူးလို့ဆိုရမှာပါပဲ။

Ajit Pai ဦးဆောင်တဲ့ လက်ရှိ FCC အုပ်ချုပ်မှုပိုင်းဟာ ပိတ်ပင်ခြင်းကိုပြုလုပ်ဖို့ ဥပဒေကြောင်းအရ ကျယ်ပြန့်တဲ့လမ်းတော့မရှိသေးပါဘူး။ ဒါပေမယ့် US Library of Congress နဲ့ Copyright Office တို့က အများပြည်သူနဲ့သက်ဆိုင်တဲ့ မှတ်ချက်တွေကိုလက်ခံပြီး တစ်ဆင့်သွားတဲ့နည်းလမ်းတော့ ရှိပါတယ်။ အကြောင်းရင်းကတော့ Proceeding ဟာ သုံးနှစ်တစ်ကြိမ် အသစ်ပြန်လည်ပြုလုပ်ရတာကြောင့်ပါ။

Section 1201 ပါ Digital Millenium Copyright အက်ဥပဒေအရ ကုမ္ပဏီတွေအနေနဲ့ သူတို့ရဲ့ ထုတ်ကုန်တွေကို Lock လုပ်ဖို့အတွက် Software တွေအသုံးပြုခွင့်ပေးတာပါ။ ဒီဥပဒေက စာအုပ်တွေ၊ ဂိမ်းတွေလိုမျိုး တရားမဝင်ခိုးကူးနိုင်တဲ့အကြောင်းအရာတွေနဲ့ပတ်သက်ပြီး ထုတ်ဝေသူတွေကို ကာကွယ်မှုပေးဖို့အတွက် ရှိနေတာပါ။ ဒါကို အော်ပရေတာတွေက ဖုန်းတွေကို Lock လုပ်ဖို့အတွက် ယူသုံးထားတာဖြစ်ပါတယ်။ ဒါကြောင့် ဒီသုံးနှစ်တစ်ကြိမ်ပြုလုပ်တဲ့လုပ်ငန်းစဉ်ကပဲ ပုဒ်မ ၁၂၀၁ ကို ပြင်ဆင်ဖို့ အခွင့်အလမ်းပေးလာနိုင်ပါတယ်။

ဒါကြောင့် နိုင်ငံသားတွေက ဒီဥပဒေကို ပြင်ဆင်ဖို့သူတို့ရဲ့ ထင်မြင်ချက်တွေကို ပေးပို့ရမှာပါ။ ဒီပေးပို့ချက်တွေပေါ်မူတည်ပြီး ခိုင်မာတဲ့ အမှုတည်ဖောက်မှုကို ပြုလုပ်နိုင်ပြီဆိုရင်တော့ ဥပဒေကိုပြောင်းလဲဖို့ လမ်းစရှိလာပါလိမ့်မယ်။ ဒီမှတ်ချက်တွေကို ဒီဇင်ဘာလ ၁၄ ရက်နေ့မှာ ပေးပို့ရမှာဖြစ်ပြီး၊ ဖြစ်စဉ်တစ်ခုလုံးအနေနဲ့ဆိုရင်တော့ နောက်နှစ်နွေဦးရာသီအထိ ကြာမြင့်ဦးမှာဖြစ်တဲ့အတွက် ချက်ချင်းတော့ ပြောင်းလဲနိုင်မှာမဟုတ်ပါဘူး။

Ref: Gizmochina