United Arab Emirates (UAE) ရဲ့ ကမ္ဘာ့ အကြီးဆုံး Solar Farm ဖြစ်တဲ့ Al Dhafra ဟာ စတင် လည်ပတ်ပြီ ဖြစ်ပါတယ်။

Abu Dhabi throws the switch on world's largest single-site solar project

2-gigawatt (GW) Solar Farm ဟာ အဘူဒါဘီ မြို့တော်ရဲ့ ၂၂ မိုင် အကွာမှာ တည်ရှိပြီး Solar Panel ၄ သန်းနီးပါး တပ်ဆင်ထားပါတယ်။ အဲဒီကနေ နေအိမ်ပေါင်း ၂၀၀,၀၀၀ နီးပါးကို လျှပ်စစ်စွမ်းအင် ပံ့ပိုးပေးနိုင်မှာ ဖြစ်ပြီး နှစ်စဉ် ကာဘွန်ထုတ်လုပ်မှု ၂.၄ သန်း တန်ကို သက်သာစေမှာပါ။

VIDEO: UAE inaugurates world's largest single-site solar power plant ahead  of COP28 - GulfToday

Solar Farm ကို တည်ဆောက်ချိန်က အလုပ်အကိုင် ၄,၅၀၀ ကို ဖန်တီးပေးခဲ့ပြီး ၁ ရက်ကို Solar Panel ပျမ်းမျှအားဖြင့် 10 megawatts (MW) တပ်ဆင်ခဲ့ပါတယ်။

Al Dhafra ကို Abu Dhabi Future Energy Company (Masdar), Abu Dhabi National Energy Company (TAQA), ပြင်သစ် စွမ်းအင် ကုမ္ပဏီ EDF Renewables နဲ့ တရုတ်  Solar ကုမ္ပဏီ JinkoPower တို့ ပူးပေါင်း တည်ဆောက်ခဲ့တာ ဖြစ်ပါတယ်။

TAQA က စီမံကိန်းရဲ့ ၄၀ ရာခိုင်နှုန်းကို ပိုင်ဆိုင်ပြီး Masdar, EDF Renewables နဲ့ Jinko Power တို့က ၂၀ ရာခိုင်နှုန်းစီ ပိုင်ဆိုင်ပါတယ်။ Solar Farm ဟာ စွမ်းအင်တွေကို Emirates Water and Electricity Company (EWEC) ကို ထောက်ပံ့မှာ ဖြစ်ပါတယ်။

အခုဆိုရင် Al Dhafra ဟာ စတင် လည်ပတ်ပြီ ဖြစ်တဲ့အတွက် UAE ရဲ့ Solar စွမ်းအင် ထုတ်လုပ်မှု ပမာဏဟာ 3.2 GW အထိ တိုးတက်လာပါတယ်။

Ref : electrek