Apple ကနေ ဒီနေ့ နိုဝင်ဘာ ၃ ရက်နေ့မှာ စတင်ပြီးတော့ Apple iPhone X ကို စတင်ရောင်းချနေတာဖြစ်ပါတယ်။ ဒါပေမယ့် စစခြင်းရောင်းချတဲ့နေ့မှာတင် အခိုးခံလိုက်ရပြီဖြစ်ပါတယ်။ အဲ့ဒါကလည်း တစ်လုံး နှစ်လုံးမဟုတ်ပဲ iPhone X အလုံး ၃၀၀ ကျော်အခိုးခံရတာဖြစ်ပါတယ်။

အခုဖြစ်ရပ်က အမေရိကန်နိုင်ငံ San Francisco မြို့မှာရှိတဲ့ Apple Store အရှေ့မှာဖြစ်ပွားခဲ့တာဖြစ်ပြီးတော့ Hoodies တွေဝတ်ထားတဲ့လူ ၃ ယောက်က Apple Store နားမှာရပ်ထားတဲ့ Delivery Service တစ်ခုဖြစ်တဲ့ UPS Truck ကားဖောက်ထွင်းခဲ့တာဖြစ်ပါတယ်။ အဆိုပါ Truck ကားပေါ်မှာ iPhone X အလုံး ၃၀၀ သယ်ဆောင်လာတာဖြစ်ပြီးတော့ ငွေကြေးအနေနဲ့ ဒေါ်လာ ၃ သိန်း ၇ သောင်းကျော်တန်ဖိုးရှိနေတာဖြစ်ပါတယ်။

CCTV Record တွေအရ အခုလိုဖြစ်ပွားတာက UPS Track ရဲ့ ယာဉ်မောင်းက ကားကို Lock ချထားပြီး Delivery တစ်ခုသွားပို့နေတဲ့အချိန်မှာ သူခိုး ၃ ယောက်ကနေ Dodge Van ကားနဲ့လာရောက်ပြီး Track ကားပေါ်မှာပါဝင်တဲ့ iPhone X အလုံး ၃၁၃ လုံးကို ဖောက်ထွင်းရယူသွားတာပါ။

လက်ရှိအချိန်မှာ ခိုးယူသွားတဲ့ သူခိုးတွေကို လိုက်လံရှာဖွေနေတုန်းပဲဖြစ်ပြီး အခုအချိန်အထိတော့ သတင်းမထူးသေးပါဘူး။ Apple ကတော့ iPhone X တွေအခိုးခံလိုက်ရပေမယ့် အဆိုပါ Apple Store ကနေ မှာယူထားတဲ့ iPhone X Pre-Order တွေအတွက်လုံလောက်အောင်ရောင်းချသွားမယ်လို့ ပြောကြားထားပါတယ်။