တရုတ်နိုင်ငံကနေ ဟောင်ကောင်ကို စမတ်ဖုန်းအလုံးရေ ၁၅၀၀၀ လောက်ကို ခိုးသွင်းဖို့ကြိုးပမ်းခဲ့တဲ့ လူ ၂၆ ယောက် အဖွဲ့တစ်ဖွဲ့ကို ဖမ်းဆီးရရှိခဲ့တယ်လို့ သိရပါတယ်။ အခု ခိုးသွင်းသူတွေဟာ ဒေါ်လာ သန်း ၈၀ လောက်တန်ဖိုးရှိတဲ့ စမတ်ဖုန်းတွေကို ခိုးသွင်းခဲ့တာဖြစ်ပြီး အများစုက iPhone တွေဖြစ်တယ်လို့ သိရပါတယ်။

တရုတ်နိုင်ငံ နဲ့ ဟောင်ကောင်ကို ခြားထားတဲ့ မီတာ ၂၀၀ ရှိ နယ်စပ်မျဉ်းကို Drone လေယာဉ်တွေအသုံးပြုပြီးတော့ Drone တစ်ခုစီမှာ စမတ်ဖုန်း ၁၀ လုံးပါဝင်တဲ့ အိတ်တစ်ခုကို ချိတ်ဆွဲပြီး အခုလိုမျိုး ခိုးသွင်းခဲ့တာဖြစ်ပါတယ်။

အခုခိုးသွင်းခဲ့တဲ့အဖွဲ့ဟာ ဖမ်းဆီးဖို့ခက်ခဲတဲ့ ညသန်းခေါင်ယံမှာ အခုကိစ္စကို ဆောင်ရွက်ခဲ့တာဖြစ်ပေမယ့် ကံမကောင်းပဲ ဖမ်းမိသွားခဲ့တာဖြစ်ပါတယ်။ အဲ့ဒီအတွက် ယခုပြစ်မှုမှာ တရုတ်နိုင်ငံမှာ ပထမဆုံးသော Drone အသုံးပြုပြီး ဖြစ်ပွားတဲ့ ခိုးယူမှုတစ်ခုဖြစ်လာခဲ့ပါတယ်။