တန်ဖိုးကြီး ပစ္စည်းတွေကို ထုတ်လုပ်ရောင်းချနေတဲ့ Caviar က Apple Vision Pro ဒီဇိုင်းကို အတုခိုးထားတဲ့ Limited-edition iPhone 15 Pro ကို ပြသလိုက်ပါတယ်။ အဲဒီ iPhone မှာ Vision Pro ရဲ့ လှပတဲ့ ထောင့်ချိုးတွေ နဲ့ လုံးဝန်းတဲ့ ဒီဇိုင်းကို အသုံးပြုထားပြီး မူလ iPhone 15 Pro ဒီဇိုင်းနဲ့ လုံးဝ ကွဲထွက်နေပါတယ်။

Caviar's Apple Vision Pro-Inspired iPhone 15 Pro Priced At Over Rs 6.5 Lakh Goes Official; Why It's So Pricey - Tech

သူ့ရဲ့ ဈေးနှုန်းကလည်း မသေးပါဘူး။ ဒေါ်လာ ၈,၀၆၀ သတ်မှတ်ထားပြီး မြန်မာငွေ သိန်း ၂၉၀ ကျော်တန်ပါတယ်။ 1TB Pro Max ဆိုရင်ပိုလို့တောင် ဈေးများပြီး ဒေါ်လာ ၉,၅၆၀ သတ်မှတ်ထားပါတယ်။ Caviar က လက်ရှိ iPhone ပိုင်ရှင်တွေအတွက် အဲဒီဒီဇိုင်းကို ဒေါ်လာ ၅,၉၁၀ နဲ့ ပြုလုပ်ပေးမှာ ဖြစ်ပြီး ၉၉ လုံးပဲ ရရှိမှာ ဖြစ်ပါတယ်။

Caviar Reveals iPhone 15 Pro With "Apple Vision Pro" Design At Mind-Boggling Price - Gizchina.com

Caviar ဟာ နာမည်ကြီး စမတ်ဖုန်းတွေကို ဆန်းသစ် ရောင်းချရာမှာ နာမည်ကြီးပါတယ်။ အရင်ကလည်း နာရီ ၁ လုံးနဲ့ ၂၄ ကာရက် ရွှေနဂါး ပါတဲ့ Samsung Galaxy S24 Ultra ကို ရောင်းချခဲ့ပါတယ်။ ဒေါ်လာ ၆၀,၀၀၀ တန် Valentine’s Day iPhone ကိုလည်း ရောင်းချခဲ့ပြီး စိန်၊ ရွှေတွေနဲ့ အလှဆင်ထားပါတယ်။ အသည်းနှလုံးပုံ AirTag ကို ဖန်တီးရောင်းချခဲ့ပါတယ်။

အခု Limited-edition iPhone ဟာ အနုပညာကို ချစ်ခင်သူတွေအတွက် သင့်တော်ပါတယ်။ ဒါပေမယ့် ဈေးကတော့ မသေးဘဲ သိန်း ၂၉၀ ကျော် ရှိပါတယ်။

Ref : gizmochina