Folding Screen ပါတဲ့ ဖုန်းတွေ ထွက်ပေါ်လာပြီ ဖြစ်ပြီး စက္ကူလို ခေါက်လိပ်နိုင်တဲ့ Rollable Display တွေကို တီထွင်နေကြပါတယ်။ Display Panel ထုတ်လုပ်သူနဲ့ စမတ်ဖုန်း ကုမ္ပဏီတွေက Rollable Display တွေကို ပြသထားကြပေမယ့် အဲဒီ Display ပါတဲ့ ထုတ်ကုန်တွေကို မရောင်းချသေးပါဘူး။
အခုတော့ ဇန်နဝါရီလမှာ ကျင်းပမယ့် Consumer Electronics Show (CES) မှာ Rollable Display ပါတဲ့ Device ကို မြင်တွေ့ရတော့မှာပါ။ နာမည်ကြီး Leaker Evan Blass က Lenovo ဟာ နောက်မျိုးဆက် ThinkBook Plus ကို CES မှာ ကြေညာမှာ ဖြစ်ပြီး Rollable Screen ပါလာမယ်လို့ ပြောပါတယ်။ အဲဒီ လက်ပ်တော့ရဲ့ ဓါတ်ပုံတွေကိုလည်း သူက မျှဝေထားပါတယ်။
ပုံမှန်ဆိုရင် Lenovo ThinkBook Plus ဟာ သာမာန် လက်ပ်တော့ တစ်လုံးနဲ့ တူပြီး 3:2 Aspect Ratio ပါပါတယ်။ ထူးခြားတာက Display ကို အပါ်ဘက်ကို ဆန့်ထုတ်လိုက်လို့ရပါတယ်။ ဒါဆိုရင် Screen ဟာ တော်တော်ကြီးမားသွားမှာ ဖြစ်ပါတယ်။
အဲဒီ Display ရဲ့ Specs အသေးစိတ်ကို မသိရသေးပါဘူး။ Rollable Display ဟာ ခိုင်ခန့် မာကျောသလားဆိုတဲ့ မေးခွန်းတွေလည်း ရှိနေပါသေးတယ်။ ဘာပဲ ပြောပြော စက္ကူလို ခေါက်လိပ်နိုင်တဲ့ Display ပါတဲ့ Device တွေဟာ လူသားတွေရဲ့ နေ့စဉ််ဘဝတွေကို ပြောင်းလဲပေးတော့မှာ ဖြစ်ပါတယ်။
Ref : gsmarena