MIT ရဲ့ သုတေသနပညာရှင်တွေက လူတွေကို လိမ်လည်လှည့်စားနိုင်တဲ့ Deceptive AI နဲ့ ပတ်သက်ပြီး သတိပေးလိုက်ပါတယ်။ ရိုးသားအောင် လေ့ကျင့်ပေးထားတဲ့ AI တချို့ဟာ လူသားတွေကို လိမ်လည်လှည့်စားနိုင်တာကို စစ်တမ်းက တွေ့ရှိခဲ့ပါတယ်။ Peter Park ဦးဆောင်တဲ့ သုတေသနအဖွဲ့က AI ဟာ အွန်လိုင်း ဂိမ်းတွေကို လိမ်လည် ကစားနိုင်ပြီး CAPTCHAs တွေကို ကျော်လွှားနိုင်တယ်ဆိုတာ တွေ့ရှိခဲ့ပါတယ်။

Artificial Intelligence

စစ်တမ်းက Meta ရဲ့ AI System ဖြစ်တဲ့ Cicero ကို ရိုးသားအောင် သင်ကြားပေးထားပေမယ့် အွန်လိုင်း ဂိမ်းတွေကို လိမ်လည်ကစားနိုင်တယ်လို့ ပြောပါတယ်။ နောက်ထပ် AI တစ်ခု ဖြစ်တဲ့ GPT-4 ဟာ CAPTCHAs တွေကို ကျော်လွှားဖို့ လူသားတွေကို ငှားရမ်းနိုင်ပါတယ်။

AI has already figured out how to deceive humans | Business Insider India

Park က ရိုးသားတဲ့ AI ဖြစ်အောင် လေ့ကျင့်သင်ကြားပေးဖို့ စိန်ခေါ်မှုတွေရှိတယ်လို့ ပြောပါတယ်။ သမားရိုးကျ Software တွေလို မဟုတ်ဘဲ Deep Learning AI System တွေဟာ အသိဉာဏ်ကို ဆင့်ပွားပြီး သင်ကြားနိုင်ပါတယ်။ AI ကို လေ့ကျင့်သင်ကြားပေးချိန်မှာ သူတို့တွေရဲ့ အပြုအမူကို ခန့်မှန်းလို့ရပေမယ့် နောက်ပိုင်းမှာ ထိန်းချုပ်လို့ မရနိုင်တော့ပါဘူး။

အခုစစ်တမ်းက အနာဂတ်မှာ AI ရဲ့ လိမ်လည်လှည့်စားမှု မခံရအောင် လူသားတွေ သတိထားသင့်တယ်လို့ ဖော်ပြထားပါတယ်။

Ref : gizmochina