ဆလိုဗေးနီးယားမှ PaintCam ကုမ္ပဏီက AI နည်းပညာ ပါတဲ့ လုံခြုံရေး ကင်မရာကို တီထွင်လိုက်ပါတယ်။ Eve လို့ အမည်ပေးထားပြီးသူခိုး၊ လူစိမ်းတွေကို သိနားလည်ရုံသာမက ဘောလုံး၊ မျက်ရည်ယို ဂတ်စ်နဲ့ တိုက်ခိုက်နိုင်ပါတယ်။

Paintball-blasting home security camera redefines 'enter at own risk'

Eve မှာ လူတွေနဲ့ တိရိစ္ဆာန်တွေကို တိကျစွာ ခွဲခြားနိုင်တဲ့ အဆင့်မြင့် ကွန်ပြူတာ Vision နည်းပညာ ပါပါတယ်။ ညဘက်တွေမှာတောင်ခွဲခြားနိုင်ပါတယ်။ သင့် အိမ်ကိုလာတဲ့ ဧည့်သည်တွေကို “Friends” အဖြစ် သတ်မှတ်ထားနိုင်ပါတယ်။

Eve က လူစိမ်း ၁ ယောက်ကို တွေ့ရင် ကျူးကျော်သူလို့ သတ်မှတ်ပြီး ၅ စက္ကန့်အတွင်း အိမ်ကနေ ထွက်သွားဖို့ ပြောမှာပါ။ မထွက်သွားရင် ဘောလုံး၊ ဂတ်စ်နဲ့ တိုက်ခိုက်မှာပါ။

This surveillance camera does more than just detecting intruders with AI -  Gizmochina

တကယ်လို့ ဧည့်သည်ဘေးနားမှာ လူစိမ်း ၁ ယောက်ပါလာရင် တိုက်ခိုက်ရမလားဆိုတာကို မေးမှာပါ။ တကယ်လို့ လူစိမ်း ဧည့်သည် ၁ ယောက်လာရင် သင့်ကို မေးမြန်းမှာပါ။ သင်က အိမ်မှာ မရှိရင် အဲဒီ လူစိမ်း ဧည့်သည်ကို အိမ်ကနေ ထွက်ခွာခိုင်းမှာပါ။

PaintCam က Eve, Eve+ နဲ့ Eve Pro ဆိုပြီး မော်ဒယ် ၃ မျိုးထုတ်လုပ်ထားပါတယ်။ အခြေခံမော်ဒယ်ကို App ကနေ ထိန်းချုပ်နိုင်ပြီး Eve+ က အခြေခံ Feature တွေအပြင် တိရိစ္ဆာန်တွေကို ခွဲခြားနိုင်ပါတယ်။ Eve Pro ကတော့ မျက်နှာတွေကို ခွဲခြားနိုင်ပါတယ်။

Ref : gizmochina