ပြင်သစ်နိုင်ငံ Pays de la Loire ၊ Saint-Joachim မှ ဒေသခံတွေဟာ သူတို့မြို့ရဲ့ သင်္ချိုင်းပေါ်မှာ Solar Panel ခေါင်မိုးတွေ တပ်ဆင်နေကြပါတယ်။

YIMBYLAND on X: "Imagine being the contractor in charge of installing the vertical supports for this project 💀 https://t.co/wXhBMka3i3" / X

Saint-Joachim သင်္ချိုင်းမှာ 1.3-megawatt (MW) Solar Panel ခေါင်မိုးတွေကို တပ်ဆင်ထားပြီး ၂၀၂၅ ခုနှစ် နွေရာသီက စတင်ကာ ဒေသခံ ၄,၀၀၀ အတွက် လျှပ်စစ် စွမ်းအင် ပံ့ပိုးပေးမှာ ဖြစ်ပါတယ်။

ဒီစီမံကိန်းရဲ့ ကောင်းတဲ့အချက်က သန့်ရှင်းတဲ့ စွမ်းအင်ကို ထုတ်လုပ်ပေးနိုင်ရုံသာမက အရိပ်ရစေပါတယ်။ ဒါ့အပြင် မိုးရေကို စုဆောင်းပြီး အနီးအနားက အားကစားကွင်း တစ်ခုထံ ပို့ဆောင်ပေးမှာ ဖြစ်ပြီး သင်္ချိုင်းမှာ ရေကြီးတာကို ကာကွယ်ပေးပါတယ်။

ပြင်သစ် အဖွဲ့အစည်း Brier’ energie နဲ့ RECIT တို့က ဒီစီမံကိန်းကို ဦးဆောင်နေတာ ဖြစ်ပါတယ်။ Brier’ energie ရဲ့ ဥက္ကဌ Eric Boquaire က ၈,၀၀၀ စတုရန်းမီတာ  ခေါင်မိုးမှာ Solar Panel ၅,၀၀၀ တပ်ဆင်ထားတယ်လို့ PV Magazine France ကို ပြောပါတယ်။

Why Lease California Land for Solar Farms | Coldwell Solar

ကမ္ဘာအဝန်းမှာ ကြီးမားတဲ့ Solar Farm တွေ တည်ဆောက်နေကြသလို နေအိမ်တွေမှာလည်း တစ်နိုင်တစ်ပိုင် Solar Panel တွေ တပ်ဆင်နေကြပါတယ်။ သင်္ချိုင်းလို လူမနေတဲ့ နေရာမှာ Solar Panel ခေါင်မိုးတွေ တည်ဆောက်တာဟာ တော်တော် မိုက်တဲ့ အိုင်ဒီယာ ဖြစ်ပါတယ်။

Ref : electrek