[Unicode]

ပြီးခဲ့တဲ့ အားလပ်ရက်ကာလမှာ Apple ဟာ အထင်ကြီးလောက်စရာ Wearable ရောင်းအားနဲ့အတူ သူတို့ရဲ့ ဘဏ္ဍာရေးအစီရင်ခံစာကို ထုတ်ဖော်ခဲ့ပါတယ်။ တစ်ပြိုင်တည်းမှာပဲ iOS 13 ပြောင်းလဲအသုံးပြုမှုပမာဏကိုလည်း ကြေညာခဲ့ပါတယ်။

လက်ရှိအချိန်မှာ Apple Device ပေါင်း ၁.၅ ဘီလီယံကို အသုံးပြုနေကြဆဲဖြစ်ကြောင်း Tim Cook က ပြောပါတယ်။ ပြီးခဲ့တဲ့နှစ်က ဒီအချိန်ဆို Active ဖြစ်တဲ့ Device အရေအတွက်က ၁.၄ ဘီလီယံပဲ ရှိခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် လက်ရှိ အသုံးပြုနေကြတဲ့ Apple Device တွေအနက် ခေတ်သစ် iPhone နဲ့ iPad တွေရဲ့ ၇၀ ရာခိုင်နှုန်းဟာ နောက်ဆုံး iOS 13 နဲ့ iPadOS ကို အသုံးပြုနေကြတာ ဖြစ်ပါတယ်။

iOS 13 အသုံးပြုမှုဟာ စုစုပေါင်း iPhone အားလုံးရဲ့ ၇၀ ရာခိုင်နှုန်းအထိ ရှိနေပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာလတုန်းက ၅၀ ရာခိုင်နှုန်းသာ ရှိခဲ့တာပါ။ iPad အားလုံးအတွက် iPadOS အသုံးပြုလာမှုဟာ ပြီးခဲ့တဲ့အောက်တိုဘာလတုန်းက ၃၃ ရာခိုင်နှုန်းဖြစ်ခဲ့ပေမယ့် အခုကြေညာချက်မှာတော့ ၅၇ ရာခိုင်နှုန်းအထိ တိုးတက်လာတာကို တွေ့မြင်ရပါတယ်။

အမေရိကန်အခြေစိုက် နည်းပညာကုမ္ပဏီကြီးဟာ iOS 14 ကို ထုတ်လွှတ်ပေးဖို့ ပြင်ဆင်နေပြီး ဒီ OS သစ်ဟာ iOS 13 အသုံးပြုနေတယ် Device တိုင်းမှာ အသုံးပြုနိုင်မယ်လို့ ပြင်သစ်ရဲ့ နာမည်ကျော်ဝက်ဘ်ဆိုက်တစ်ခုဖြစ်တဲ့ iPhonesoft က ဖော်ပြခဲ့ဖူးပါတယ်။ iPhonesoft ရဲ့သတင်းအတိုင်း တကယ်ဖြစ်လာမယ်ဆိုရင်တော့ iOS 14 ပြောင်းလဲမှုနှုန်းဟာ iOS 13 ပြောင်းလဲအသုံးပြုမှုနှုန်းထက် အများကြီး မြန်ဆန်မြင့်တက်လာဖွယ် ရှိပါတယ်။

Ref: GSMArena

[Zawgyi]

ေခတ္သစ္ iPhone နဲ႔ iPad ေလးလုံးတိုင္းမွာ သုံးလုံးက iOS 13 နဲ႔ iPadOS သုံးေနေၾကာင္း Apple ေၾကညာ

ၿပီးခဲ့တဲ့ အားလပ္ရက္ကာလမွာ Apple ဟာ အထင္ႀကီးေလာက္စရာ Wearable ေရာင္းအားနဲ႔အတူ သူတို႔ရဲ႕ ဘ႑ာေရးအစီရင္ခံစာကို ထုတ္ေဖာ္ခဲ့ပါတယ္။ တစ္ၿပိဳင္တည္းမွာပဲ iOS 13 ေျပာင္းလဲအသုံးျပဳမႈပမာဏကိုလည္း ေၾကညာခဲ့ပါတယ္။

လက္ရွိအခ်ိန္မွာ Apple Device ေပါင္း ၁.၅ ဘီလီယံကို အသုံးျပဳေနၾကဆဲျဖစ္ေၾကာင္း Tim Cook က ေျပာပါတယ္။ ၿပီးခဲ့တဲ့ႏွစ္က ဒီအခ်ိန္ဆို Active ျဖစ္တဲ့ Device အေရအတြက္က ၁.၄ ဘီလီယံပဲ ရွိခဲ့တာ ျဖစ္ပါတယ္။ ဒါ့အျပင္ လက္ရွိ အသုံးျပဳေနၾကတဲ့ Apple Device ေတြအနက္ ေခတ္သစ္ iPhone နဲ႔ iPad ေတြရဲ႕ ၇၀ ရာခိုင္ႏႈန္းဟာ ေနာက္ဆုံး iOS 13 နဲ႔ iPadOS ကို အသုံးျပဳေနၾကတာ ျဖစ္ပါတယ္။

iOS 13 အသုံးျပဳမႈဟာ စုစုေပါင္း iPhone အားလုံးရဲ႕ ၇၀ ရာခိုင္ႏႈန္းအထိ ရွိေနပါတယ္။ ၿပီးခဲ့တဲ့ ေအာက္တိုဘာလတုန္းက ၅၀ ရာခိုင္ႏႈန္းသာ ရွိခဲ့တာပါ။ iPad အားလုံးအတြက္ iPadOS အသုံးျပဳလာမႈဟာ ၿပီးခဲ့တဲ့ေအာက္တိုဘာလတုန္းက ၃၃ ရာခိုင္ႏႈန္းျဖစ္ခဲ့ေပမယ့္ အခုေၾကညာခ်က္မွာေတာ့ ၅၇ ရာခိုင္ႏႈန္းအထိ တိုးတက္လာတာကို ေတြ႕ျမင္ရပါတယ္။

အေမရိကန္အေျခစိုက္ နည္းပညာကုမၸဏီႀကီးဟာ iOS 14 ကို ထုတ္လႊတ္ေပးဖို႔ ျပင္ဆင္ေနၿပီး ဒီ OS သစ္ဟာ iOS 13 အသုံးျပဳေနတယ္ Device တိုင္းမွာ အသုံးျပဳႏိုင္မယ္လို႔ ျပင္သစ္ရဲ႕ နာမည္ေက်ာ္ဝက္ဘ္ဆိုက္တစ္ခုျဖစ္တဲ့ iPhonesoft က ေဖာ္ျပခဲ့ဖူးပါတယ္။ iPhonesoft ရဲ႕သတင္းအတိုင္း တကယ္ျဖစ္လာမယ္ဆိုရင္ေတာ့ iOS 14 ေျပာင္းလဲမႈႏႈန္းဟာ iOS 13 ေျပာင္းလဲအသုံးျပဳမႈႏႈန္းထက္ အမ်ားႀကီး ျမန္ဆန္ျမင့္တက္လာဖြယ္ ရွိပါတယ္။

Ref: GSMArena