Bloomberg က ၂၀၂၃ ခုနှစ်မှာ App ထဲမှာ ငွေကြေး သုံးစွဲမှုနဲ့ ပတ်သက်တဲ့ စစ်တမ်းကို ဖော်ပြလိုက်ပြီး ဝင်ငွေဟာ ၁၁ ရာခိုင်နှုန်း တိုးတက်လာပါတယ်။ ဗီဒီယို ပလက်ဖောင်းတွေမှာ ငွေကြေး အဓိက သုံးစွဲကြပြီး ဂိမ်းတွေမှာတော့ အရင်နှစ်ကထက် ၂ ရာခိုင်နှုန်း ကျဆင်းသွားပါတယ်။

စစ်တမ်းအရ TikTok  ပလက်ဖောင်းပေါ်မှာ ငွေကြေး သုံးစွဲမှုဟာ ဒေါ်လာ ၁၀ ဘီလီယမ်ကျော်သွားခဲ့ပြီး အဲဒီပမာဏကို ရတဲ့ ပထမဆုံး App ဖြစ်လာပါတယ်။

TikTok becomes the first app to reach $10 billion in-app spending in 2023

TikTok မှာ User တွေက သူတို့ကြိုက်တဲ့ Creator နဲ့ Live Streamer တွေကို ငွေကြေး ဆုချကြတာပါ။ ဈေးကွက် သုတေသနပညာရှင်တွေက TikTok ဟာ မိုဘိုင်းမှာ ငွေရှာနိုင်တဲ့ လျှို့ဝှက်ချက်ကို သိထားတယ်လို့ သုံးသပ်ပါတယ်။

TikTok becomes the first app to reach $10 billion in-app spending in 2023

ဂိမ်းကလွဲပြီး App မှာ ငွေကြေးသုံးစွဲမှုဟာ ၂၀၂၃ ခုနှစ်မှာ တိုးတက်လာပြီး User တွေဟာ Streaming ၊ User ဖန်တီးတဲ့ Content နဲ့ Dating App တွေမှာ ငွေကြေး ပိုမိုသုံးစွဲလာပါတယ်။ ဒါပေမယ့် မိုဘိုင်းမှာ အကြီးမားဆုံး ဝင်ငွေက ကြော်ငြာတွေ ဖြစ်ပါတယ်။

မိုဘိုင်းမှာ ငွေကြေးသုံးစွဲမှုရဲ့ ၃ ပုံပုံ ၂ ပုံဟာ ကြော်ငြာတွေ ဖြစ်ပြီး ၂၀၂၃ ခုနှစ်မှာ ဒေါ်လာ ၃၆၂ ဘီလီယမ်ရှိကာ ၂၀၂၂ ခုနှစ်ကထက် ၈ ရာခိုင်နှုန်း ပိုများလာပါတယ်။

လူတွေဟာ စမတ်ဖုန်းတွေကို ပိုမိုကြာရှည်စွာ သုံးလာကြတယ်လို့ စစ်တမ်းက ဖော်ပြထားပါတယ်။ အင်ဒိုနီးရှားက အသုံးအများဆုံး ဖြစ်ပြီး လူ ၁ ယောက်ဟာ နေ့စဉ်  ပျမ်းမျှ ၆ နာရီကျော် သုံးကြပါတယ်။ အသုံးအများဆုံး ထိပ်ဆုံး ၁၀ နိုင်ငံမှာ ပျမ်းမျှအားဖြင့် နေ့စဉ် App အသုံးပြုမှုဟာ ၅ နာရီ ရှိပါတယ်။

Ref : gsmarena